မင်းကင်းမြို့နယ်တွင်Covid19 Positive လူနာတစ်ဦးတွေ့

အောက်တိုဘာ ၈

၅.၁၀.၂၀၂၀ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ မင်းကင်းမြို့နယ်သို့ ပြန်လာခဲ့သော ပိုးတွေ့လူနာပါ အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၆ ဦးတို့သည် အထောက်အထားမဲ့ ပြန်လည်ဝင်ရောက်လာသည့်အတွက် မင်းကင်းမြို့၊ အမှတ် ၃ ရပ်ကွက်၊ အလက ၂ CBFQ တွင် Quarantine ၁၄ ရက်ထားရှိပြီး Swab နမူနာများရယူ၍ မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲသို့ ပေးပို့စစ်ဆေးခဲ့ပါသည်။

၇.၁၀.၂၀၂၀ ရက်နေ့ ညနေပိုင်းတွင် Swab နမူနာ ရယူပေးပို့စစ်ဆေးခဲ့သည့် ၆ ဦးအနက် ၅ ဦးမှာ Negative ဖြစ်ပြီး ရှမ်းတောကျေးရွာအုပ်စု၊ ရေမြေကျေးရွာနေ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် COVID 19 ရောဂါပိုး Positive တွေ့ရှိရကြောင်း သိရှိရသဖြင့် မင်းကင်းမြို့နယ်၊ ပြည်သူ့ဆေးရုံရှိ Isolation Ward သို့ ပြောင်းရွှေ့ကုသရန် စီစဥ်ဆောင်ရွက်ပြီး ကျန် Negative ၅ ဦးအား ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်စပ်ခဲ့သူများအဖြစ် ဒုတိယအကြိမ် Swab နမူနာများ ရယူစစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။

ပိုးတွေ့လူနာနှင့် အဖွဲ့၏ ခရီးသွားရာဇဝင်မှာ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်မှ အငှားမော်တော်ယာဥ် Taxi ငှားရမ်း၍ ပြန်လာခြင်းဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ်၊ ဓမ္မာရုံမှတ်တိုင် CB Bank တွင် ATM Card ဖြင့် ပိုက်​ဆံထုတ်ခဲ့ပြီး မုံရွာမြို့၊ သံလမ်းစျေး၊ ဘူတာအနီး ရေကန်ဘေးသစ်သီးဆိုင်တွင် သစ်သီးများ ဝယ်ယူ၍ ဆက်လက်ထွက်ခွာခဲ့ခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

error: Content is protected !!