မုံရွာတွင် ဖျားနာလူနာကုသမူဆေးခန်းပြန်ဖွင့်မည်

*Fever clinic မုံရွာ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းအသိပေးခြင်းအား ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာမြင့်မြင့်သိန်း account မှ ပြန်လည်ကူးယူဖော်ပြပါသည်။

မုံရွာ Fever clinic အား ဆရာဝန်အသင်းမုံရွာမှလူမှုအဖွဲ့စည်းများနှင့်ပူးပေါင်း၍ ၂၁.၉..၂၀နေ့တွင်ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်၊စစ်ကိုင်းတိုင်းအစိုးရအဖွဲ့၏ပံ့ပိုးမှုဖြင့် ဆရာဝန်အသင်းမှ
ပြင်ပGPဆရာဝန်များ၊ ပုဂ္ဂလိက ဆေးရုံများမှလက်ထောက်ဆရာဝန်များ၊သူနာပြုသင်တန်းကျောင်းမှဆရာမများ၊
youth center နှင့်တက္ကသိုလ်ကျောင်းသားများအဖွဲ့၊ save monywa အဖွဲ့ ၊ Rescu အဖွဲ့မှလူငယ်များနှင့်အထက၂ဘေးလူငယ်စင်တာတွင်ယခင်အတိုင်းပြန်လည်ဖွင့်လှစ်ပါမည်၊

တနင်္ဂနွေနှင့်ဗုဒ္ဓဟူးနေ့မှအပ နေ့စဥ်နံနက်၉နာရီ မှ၁၁နာရီထိ ဖွင့်လှစ်ပါမည်၊
ကြိုတင်booking လုပ်လိုပါက booking no.
09660010000ကိုဆက်သွယ်နိုင်ပြီးဆရာဝန်တဦးမှမေးမြန်းလက်ခံပေးပါမည်။မပြခင်နေ့နံနက်၈နာရီမှ ၁၂ ​​​နာရီနှင့် ညနေ၄နာရီမှ ည၉နာရီ ထိ ကြိုတင် စာရင်းပေးနိုင်ပါသည်၊

ပြသနိုင်သောလူနာများမှာ….ဖျားခြင်ချောင်းဆိုးခြင်းလည်ချောင်းနာအသက်ရှုကြတ်အားကုန် ၊ နွမ်းနယ်ချမ်းတုံကိုယ်လက်နာကျင်ခေါင်းကိုက် ရုတ်တရက် အနံမရ၊
အရသာပျောက် တို့ဖြစ်ပါသည်။

မိမိကိုယ်ကိုcovid သံသယလူနာ (သို့မဟုတ်) ပိုးအတည်ပြုလူနာနှင့်ထိတွေ့၍စစ်ဆေးလိုလျှင်အခမဲ့စစ်ဆေး​ ပေးပါသည်၊

လာပြသ သူလူနာများအားmaskတပ်စေခြင်း၊လက်ဆေးဘေစင်တွင်ဆပ်​ပြာနှင့် ဆေး​စေခြင်း၊Volunteer လေးများမှနွေးထွေးစွာကြိုဆိုခြင်း၊စမ်းသပ်သူဆရာမမှအကာအကွယ်နှင့်တဦးခြင်းအဖျားတိုင်းပေးခြင်း၊ဆရာဝန်မှသီးသန့်အခန်းတွင်အကာအကွယ်နှင့်ကြည့်ရှုပေးခြင်း၊
ဆေးရုံပို့ရန်လိုအပ်ပါကဆေးရုံကြီးမှဖျားနာဆောင်သမားတော်နှင့်ချိတ်ဆက်၍Rescu အဖွဲ့မှလိုက်ပို့ပေးခြင်းများစနစ်တကျဆောင်ရွက်ပေးပါသည်၊ဆေးခန်းအားလည်းနေ့စဥ်စနစ်တကျပိုးသတ်သန့်စင်မည်ဖြစ်ပါသည်၊

မုံရွာ ပြည်သူလူထုကြီးကျန်းမာ

ရောဂါကင်းဝေးပါစေ…….

error: Content is protected !!