တရုတ်နိုင်ငံတွင်Covid 19ကာကွယ်ဆေးစတင်ထိုးနေ

၁၆.၉.၂၀၂၀ ရက်နေ့တွင် Covid-Covid19 ရောဂါ ကာကွယ်ဆေး တစ်မျိုးကို တရုတ်နိုင်ငံတွင်း လေဆိပ်၊ ဆေးရုံ၊ လူနာများနှင့် ထိတွေ့ဆက်ဆံနေရသော ဌာနများ၊ တရုတ်စစ်တပ်များအား ထိုးနှံပေးနေပြီဖြစ်ကြောင်း သိရှိရပါတယ်။ပထမအဆင့်အနေဖြင့် အစိုးရဝန်ထမ်းများ ကိုဦးစားပေးထိုးပေးနေကြောင်းသိရှိရပြီး မကြာခင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထိုးပေးမည်ဖြစ်ကြောင်းသိရှိရသည်။

တရုတ်နိုင်ငံသည် Covid19 ရောဂါစတင်ဖြစ်ပွားရာနိုင်ငံဖြစ်သော်လည်း ယခုအခါ အခြေနေများပြန်လည်တည်ငြိမ်လျက်ရှိပြီး တေးဂီတပွဲတော်များ ခရီးသွားပွဲတော်များဖြင့် ပြန်လည်စည်ကားနေပြီဖြစ်သည်။နိုင်ငံတကာအသိုင်းအဝိုင်းမှဝေဖန်မူများရှိနေပြီး တရုတ်နိုင်ငံသည် ရောဂါပိုးကို ရည်ရွယ်ချက်ရှိရှိဖန်တီးပြီး ပျံ့နှံစေခဲ့သည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က တရားဝင်ဝေဖန်ထားကြောင်းသိရှိရပါသည်။မြန်မာနိုင်ငံတွင်လဲ သြဂုတ်လမှစတင်ပြီး ရောဂါကူးစက်မူနူန်းများ​​​နေပြီး သေဆုံးသူဦးနေလဲတိုးနေသည်။ကာကွယ်ဆေးအား မြန်မာအပါအဝင် အာဆီယံနိုင်ငံများကို ဦးစားပေး ကူညီသွားမည်ဟုတရုတ်နိုင်ငံကပြောကြားထားသည်။

error: Content is protected !!