က်ပ္ေငြတန္ဖိုးက်ဆင္းမႈေၾကာင့္ ဘာေတြဆက္ျဖစ္လာႏိုင္သလဲ

ျမန္မာျပည္သူတိုင္းရဲ႕ လက္ထဲမွာရွိေနတဲ့ က်ပ္ေငြ တန္ဖိုးေတြဟာ အရမ္း ႏွေမ်ာဖို႔ ေကာင္းပါတယ္။ လုပ္အားတန္ဖိုး၊ အခ်ိန္ ေတြ အမ်ားႀကီး ဆုံးရႈံးရတာပါ။

​တခ်ိဳ႕လူေတြ တေသာင္းတန္ တ႐ြက္ရဖို႔ ေခြၽးတလုံးလုံး၊ မနက္မိုးလင္းမွ မိုးခ်ဳပ္ထိ လႈပ္ရွားရတာ၊ ကိုယ္က ဘာမွ မလုပ္လိုက္ရပဲ အရင္ေန႔ေတြမွာရွိေနတဲ့ တေသာင္းတန္က ငါးေထာင္တန္ေလာက္ပဲ တန္ဖိုးရွိေတာ့တယ္။

ကိုယ္လုပ္ၿပီး ကိုယ္မစားရတဲ့ ဘဝ ေတြအမ်ားႀကီး။ တိုင္းျပည္တျပည္ရဲ႕ credit က်သြားရင္ ေငြတန္ဖိုးပါမကေတာ့ဘူး၊ အဲ့ဒီႏိုင္ငံမွာရွိေနတဲ့ ႏိုင္ငံသားတိုင္းရဲ႕ ဂုဏ္သိကၡာေတြ၊ လုပ္အားတန္ဖိုးေတြပါ က်သြားတာ။

 

ဘယ္ကလဲ လို႔ အေမးခံရရင္ ျမန္မာျပည္က လို႔ ေျပာမိတာနဲ႔ အလိုလို အထင္ေသးခံရ၊ လုပ္အားေဈးႏွိမ္ခံရတာေတြဟာ အားလုံး ဆက္စပ္မႈရွိတယ္။

နာဂစ္ျဖစ္တုန္း အေမရိကမွာ ၁၀ ႏွစ္ေက်ာ္ ေနလာတဲ့ အေမရိကန္ႏိုင္ငံသား သူငယ္ခ်င္းတေယာက္ ေျပာတာ သတိရတယ္။

နာဂစ္မွာ လူေတြေသေနတဲ့အေလာင္း၊ ႏုံခ်ာတဲ့ အုပ္ခ်ဳပ္သူေတြရဲ႕ စီမံခန႔္ခြဲမႈအလြဲေတြ၊ စုတ္ပ်က္သတ္ေနတဲ့ ပတ္ဝန္းက်င္ သတင္းက တီဗီဖန္သားျပင္မွာေရာက္လာေတာ့

အလုပ္အတူတူ လုပ္ေနတဲ့ အေမရိကန္ေတြက “ဟာ ခင္မ်ားတို႔ႏိုင္ငံ အေတာ္ ဆိုးတာပဲေနာ္” ဆိုၿပီး အထင္ေသးသလို အၾကည့္ခံရတယ္ တဲ့။ အေမရိကန္ႏိုင္ငံသားေတာင္ ျဖစ္ေနတဲ့ လူဆီမွာေတာင္ ႐ိုက္ခတ္မႈရွိတယ္။

ဝင္ေငြမရွိပဲနဲ႔ ဝန္ႀကီးဌာန ေတြကို အသုံးစရိတ္ တိုးေပးၿပီး ႏိုင္ငံ့ ဖြံ႕ၿဖိဳးေရး လုပ္မယ္ ဆိုကတည္းက ေငြစကၠဴ႐ိုက္ထုတ္ေတာ့မယ္ ဆိုတာ သိေနၿပီ။

တႏွစ္အတြင္း ၃ ေထာင္ ေရာက္လာမယ္လို႔ ခတ္မွန္းတာေတာင္ အလြန္ဆုံး လို႔တြက္တာ ဒီေလာက္ျမန္မယ္ လို႔မေတြးမိဘူး။ ထင္ထားတာထက္ေတာင္ အေျခအေန ေတာ္ေတာ္ ဆိုးေနၿပီ။

NON CDM ေတြ လခ ရလဲ စားလို႔ေလာက္မွာ မဟုတ္ေတာ့ဘူး။ ဒီၾကားထဲ အရင္လို ေအာက္ဆိုက္ေမ်ာ္ဖို႔ကလဲ အဆင္ေျပမွာ မဟုတ္။

ႏိုင္ငံျခားေငြေတြ ေဈးတက္သြားတာ မဟုတ္ဘူး၊ ဝင္ေငြနဲ႔ထြက္ေငြမမွ်တာေၾကာင့္ ျမန္မာ က်ပ္ေငြ ေဈးက်သြားတာပါ။

ဝင္ေငြ ၁၀၀ က်ပ္ဖိုးပဲ ရွိတာကို တေထာင္ဖိုးသုံးဖို႔ ေငြစကၠဴ မိတၱဴပြါးလိုက္တဲ့ သေဘာ ျဖစ္လို႔ အမွန္က လက္ထဲေရာက္ေနတဲ့ တေထာင္တန္ဟာ တရာတန္ပဲ ျဖစ္ေနတဲ့ သေဘာပါ။

ျမန္မာျပည္သူေတြ လုံၿခဳံမႈမရွိတဲ့ ျပႆနာဟာ က်ပ္ေငြတန္ဖိုး ႐ုတ္တရက္ က်လာရျခင္းရဲ႕ အရင္းခံလို႔ ျမင္ပါတယ္။

Import, export မမွ်တာေတြ၊ ေငြစကၠဴ႐ိုက္ထုတ္ၿပီး ေငြေၾကးေဖါင္းပြတာေတြ ဆိုတာက တျဖည္းျဖည္းခ်င္းပဲ ပုံမွန္တက္က်လာတတ္တဲ့ သေဘာ ရွိပါတယ္။

 

ခုလို ေလဟုန္စီးၿပီး ဂြၽန္းထိုးက်သလို ျဖစ္တာေတာ့ လုံၿခဳံမႈ ျပႆနာ လို႔ျမင္ပါတယ္။

ရန္ကုန္ၿမိဳ႕လယ္ေခါင္မွာေတာင္ ဝင္ခ်င္တဲ့ အိမ္ဝင္စစ္ခြင့္ရွိေနတာဟာ အိမ္တိုင္း အိမ္တိုင္း မလုံၿခဳံ တဲ့ စိတ္ခံစားခ်က္ ျဖစ္ေပၚေစတယ္။

အထူးသျဖင့္ NLD ပါတီ ေထာက္ခံသူအမ်ားဆုံး ျဖစ္တဲ့ ရန္ကုန္ နဲ႔ မႏၲေလး လို ၿမိဳ႕ျပ လူထုဟာ ပါတီဝင္မ်ားကို ပစ္မွတ္ထားတိုက္ခိုက္သလို ျဖစ္လာတဲ့အျပဳအမူမ်ိဳးေတြေၾကာင့္ လူသားလုံၿခဳံမႈ၊ ပိုင္ဆိုင္မႈလုံၿခဳံမႈ ျပႆနာ ရွိေနတာအမွန္ ျဖစ္ပါတယ္။

အခန႔္မသင့္လို႔ ဧည့္စာရင္းစစ္ရင္း NLD ေထာက္ခံတဲ့ အေထာက္အထားတစြန္းတစ ျမင္တာ နဲ႔ (ဒလန္ေျပာလို႔ပဲသိသိ) ရွိသမွ်ေမြေႏွာက္စစ္ အိမ္ထဲသိမ္းထားတဲ့ ေငြထုပ္ျမင္ရင္ ႀကဳံရာ ပုဒ္မတပ္ သိမ္းခ်င္ေနတဲ့ ျပႆနာကလဲ ရွိေနတယ္။

ကိုဇင္လင္းကို ဖမ္းၿပီး အိမ္သားေတြ ပိုင္ဆိုင္တဲ့ ၆၅ သိန္းကို ဘဏ္ဓားျပတိုက္တဲ့ ပုဒ္မတပ္ထားတာပဲ ၾကည့္ပါ။ ဒါေတာင္ ၆၅ သိန္းပဲရွိေသးတာေနာ္၊ သိန္းေထာင္ခ်ီ ပိုင္ဆိုင္ (ေန႔စဥ္အဝင္အထြက္ရွိ) တဲ့ မိသားစုေတြ အမ်ားႀကီး။

ဒီေတာ့ ေငြစကၠဴအိမ္မွာသိမ္းထားဖို႔ ေၾကာက္လာတယ္၊ ဘဏ္အပ္ဖို႔ကလဲ ထုတ္ရခက္ ဆိုေတာ့ ေ႐ႊ နဲ႔ ေဒၚလာ ဝယ္ၾကမယ္။ လူေတြအမ်ားႀကီး တခ်ိန္ထဲ ေ႐ႊဝယ္ ေဒၚလာ ဝယ္ တဲ့ ျဖစ္စဥ္ဟာ ႀကီးမားတဲ့ ႐ိုက္ခပ္မႈ ျဖစ္လာတယ္လို႔ျမင္ပါတယ္။

ေနာက္ပိုင္းက်ရင္ ေငြေၾကးေဖါင္းပြတာေတြကအစ လူေတြရီစရာ ေျပာလိမ့္မယ္။ ထိုင္းသကၠသိုလ္ေက်ာင္းသားေတြ ျမန္မာျပည္ေလ့လာေရး ခရီးသြားေတာ့ “ငါတို႔ သန္းႂကြယ္သူေဌး ေတြ ျဖစ္ခဲ့တာကြ” ဆိုၿပီး ဟာသ လုပ္ၾကတယ္။

သူတို႔ေငြ ေဒၚ လာ၂၀၀၀ ဖိုးေလာက္လဲ လိုက္တာ က်ပ္ေငြ ၃ သန္းေလာက္ရတယ္ေလ။ ေနာက္က်ရင္ ဒီ့ထက္မက ဘီလီယံနာ ေတြေတာင္ ျဖစ္အုံးမွာပါ။

အဓိက ကေတာ့ စကစ အေပၚ ယုံၾကည္မႈမရွိေတာ့တာ။ မအလ တပ္ေတြ ဒီေလာက္ ရက္စက္ျပေနတာေတာင္ တပ္ေထာက္ခံသူေတြက မအလ ကို အားမလိုအားမရ ျဖစ္ေနတာ ေတြ႕ရတယ္။

 

က်ပ္ေငြတန္ဖိုးက်ဆင္းမႈေၾကာင့္ ဘာေတြျဖစ္လာႏိုင္သလဲ

ျပည္တြင္း ပုဂၢလိကဘဏ္ေတြရဲ႕ ႏိုင္ငံျခားေငြ လဲလွယ္ႏႈန္းထားေတြအရ ၿပီးခဲ့တဲ့ စက္တင္ဘာ ၁ ရက္ေန႔က အေမရိကန္ တစ္ေဒၚလာတန္ဖိုးဟာ

ျမန္မာက်ပ္ေငြ ၁၇၀၈ က်ပ္ ရွိရာကေန စက္တင္ဘာ ၃၀ ရက္ေန႔မွာေတာ့ ၁၉၈၀ က်ပ္ဝန္းက်င္အထိ ရွိေနတာေၾကာင့္

ဒါဟာ တစ္လအတြင္း တစ္ေဒၚလာကို ၂၇၂ က်ပ္အထိ ျမင့္တက္ လာခဲ့တာပါ။ ဒါေပမဲ့ ျပင္ပတရားမဝင္ေဈးကြက္မွာ အေမရိကန္တစ္ေဒၚလာကို ျမန္မာက်ပ္ေငြ ၂၅၀၀ အထိ ေဈးေပါက္ေနပါတယ္။

ထိုင္း-ျမန္မာ နယ္စပ္မွာလည္း အရင္က ျမန္မာက်ပ္ေငြ တစ္သိန္းကို ထိုင္းဘတ္ ၂၂၀၀ ေလာက္ရွိခဲ့ၿပီး ဒီေန႔ေဈးကြက္မွာေတာ့ ျမန္မာက်ပ္ေငြ တစ္သိန္းကို

ထိုင္ဘတ္ေငြ ၁၅၈၀ နဲ႔ ၁၆၅၀ ၾကားသာ ရေတာ့တယ္လို႔ နယ္စပ္ေငြလဲလုပ္ငန္း လုပ္ကိုင္သူေတြက ေျပာပါတယ္။

ဒီလိုနယ္စပ္မွာ ျမန္မာက်ပ္ေငြတန္ဖိုး က်ဆင္းၿပီး ႏိုင္ငံျခားေငြတန္ဖိုးျမင့္ေနတာေၾကာင့္ နယ္စပ္ကေန တင္သြင္းတဲ့ ကုန္ပစၥည္းေတြ ေဈးႏႈန္းျမင့္တက္ေနၿပီး

တခ်ိဳ႕ဆိုင္ေတြဆိုရင္ ဝယ္ယူေရာင္းခ်မႈေတြ ရပ္ထားၾကရတယ္လို႔ တ႐ုတ္နယ္စပ္ မူဆယ္ၿမိဳ႕က ကုန္သည္တစ္ဦးက ေျပာပါတယ္။

အခုလို ႏိုင္ငံျခားေငြနဲ႔ ေ႐ႊေဈး သိသိသာသာ ျမင့္တက္လာတာက ျမန္မာက်ပ္ေငြအေပၚ လူေတြရဲ႕ယုံၾကည္မႈ က်ဆင္းၿပီး က်ပ္ေငြမဟုတ္တဲ့ ေ႐ႊနဲ႔ ႏိုင္ငံျခားေငြကို

ကိုင္ေဆာင္ဖို႔ ႀကိဳးစားလာၾကတာေၾကာင့္ျဖစ္တယ္လို႔ စီးပြားေရး လုပ္ငန္းရွင္ ေဒါက္တာ စိုးထြန္းက ေျပာဆိုေၾကာင္း RFA သတင္းမွာ ေဖာ္ျပထားပါတယ္။

“အဓိကကေတာ့ လူေတြရဲ႕ ျမန္မာေငြအေပၚ ယုံၾကည္မႈက်ဆင္းလို႔ ျဖစ္တယ္လို႔ ထင္ပါတယ္။ သူကေတာ့ Trade Deficit (ကုန္သြယ္မႈ လိုေငြျပ) ျဖစ္တဲ့ဟာအေပၚ အေျခခံျဖစ္တာေပါ့။

ဒါေပမဲ့ ကြၽန္ေတာ္တို႔ သိတာေတာ့ Trade Deficit ျဖစ္ရင္လည္း သူတက္တဲ့ပမာဏက ဒီေလာက္ေတာ့ မတက္ႏိုင္ဘူးေပါ့ေနာ္။

ဗဟိုဘဏ္က ေဒၚလာထုတ္ေရာင္းတာကလည္း အနည္းစုေလာက္ပဲ ေရာင္းတာေပါ့ေနာ္။ ဝယ္ေနၾကတာ က နည္းနည္းသမားေတြဆိုေတာ့ ေဈးတက္တာေပါ့။ ျဖစ္ႏိုင္ရင္ေတာ့ မွ်ၿပီးေတာ့

ဒီထက္ပိုၿပီး က်ယ္က်ယ္ ျပန႔္ျပန႔္ လူမ်ားမ်ားကို ေရာင္းေပးႏိုင္ရင္ ေရာင္းတဲ့ပုံစံေျပာင္းႏိုင္ရင္ လူေတြစိတ္ထဲ ဝယ္ခ်င္တာရမယ္ ဆိုရင္ ေဈးနည္းနည္း တည္ၿငိမ္သြားမယ္လို႔ ထင္ပါတယ္”

ျပည္တြင္းရဲ႕ လက္ရွိအေျခအေနေတြေၾကာင့္ ကုန္ထုတ္လုပ္မႈ က်ဆင္းတာ၊ အလုပ္လက္မဲ့ တိုးပြားတာနဲ႔ စားဝတ္ေနေရး က်ပ္တည္းမႈေတြ ျဖစ္လာႏိုင္တယ္လို႔လည္း စီးပြားေရးလုပ္ငန္းရွင္ ေဒါက္တာ စိုးထြန္း က သုံးသပ္ပါတယ္။

 

Import, Export ကလဲ မရွိ၊ တ႐ုတ္ဂိတ္ေတြလဲ ပိတ္၊ ထိုင္းဂိတ္လဲ ပိတ္၊ ေရေၾကာင္းကလဲ အကန႔္အသတ္ရွိ၊ ဘာ ထုတ္ကုန္မွ ေရာင္းစရာမလိုပဲ ႏိုင္ငံျခားေငြ လိမ့္ဝင္တတ္ တဲ့

INGO, CSOs ေတြကို ႏွိပ္ကြပ္ လိုက္တာေၾကာင့္ Fund ေတြထြက္သြားၾကၿပီ။

ဘဏ္အေကာင့္ေတြကို လိုက္ပိတ္လို႔ ဘဏ္ေတြကိုမယုံေတာ့တာ လဲ ပါ။ စားေသာက္ကုန္ ထုတ္လုပ္ေပးတဲ့ အညာေဒသ ကိုလဲ မီးရႈိ႕ထားတယ္ ဆိုေတာ့

မၾကာေတာ့ဘူး၊ အေထြေထြၾကပ္သည္းမႈ နဲ႔အတူ အခ်င္းခ်င္း လုစားရမဲ့ (Societal Collapse) ကိန္းဆိုက္မွာပါ။

ဒါေတာင္ PDF ေတြက ဘာမွ ႀကီးႀကီးက်ယ္က်ယ္ ထိုးစစ္လုပ္ေသးတာမဟုတ္ဘူး။ မအလ ထြက္သြားရင္ေတာ့ အျမန္ဆုံးျပန္ကယ္ဆယ္ႏိုင္မယ္။ မဟုတ္ရင္ေတာ့ ရိကၡာ စုေဆာင္းၿပီး ကိုယ့္အိမ္ကိုယ္ လုံၿခဳံေရးယူဖို႔ ျပင္ထားၾကပါ။

စားစရာမရွိရင္ လူတိုင္းက ဓါးျပ ျဖစ္လာတတ္တယ္။ ေငြစကၠဴကိုင္ၿပီး ဝယ္မဲ့ ေနရာ မရွိတဲ့အခ်ိန္ ေရာက္လာမွာပါ။ မေရာင္းပဲထားရင္ ျမတ္တယ္ ဆိုတဲ့ ေခတ္ ေရာက္ေတာ့မယ္။

ခုေတာင္ လက္လုပ္လက္စားေတြရဲ႕ ဘဝ က မလြယ္ေတာ့ဘူး။ သည္းခံႏိုင္တဲ့ အခ်ိန္ေက်ာ္လာရင္ ေၾကာက္စရာ ေကာင္းတတ္ပါတယ္။

Ref: ေဒါက္တာ တူးေခါင္ & RFA (Credit)

Unicode

မြန်မာပြည်သူတိုင်းရဲ့ လက်ထဲမှာရှိနေတဲ့ ကျပ်ငွေ တန်ဖိုးတွေဟာ အရမ်း နှမျောဖို့ ကောင်းပါတယ်။ လုပ်အားတန်ဖိုး၊ အချိန် တွေ အများကြီး ဆုံးရှုံးရတာပါ။

တချို့လူတွေ တသောင်းတန် တရွက်ရဖို့ ချွေးတလုံးလုံး၊ မနက်မိုးလင်းမှ မိုးချုပ်ထိ လှုပ်ရှားရတာ၊ ကိုယ်က ဘာမှ မလုပ်လိုက်ရပဲ အရင်နေ့တွေမှာရှိနေတဲ့ တသောင်းတန်က ငါးထောင်တန်လောက်ပဲ တန်ဖိုးရှိတော့တယ်။

ကိုယ်လုပ်ပြီး ကိုယ်မစားရတဲ့ ဘဝ တွေအများကြီး။ တိုင်းပြည်တပြည်ရဲ့ credit ကျသွားရင် ငွေတန်ဖိုးပါမကတော့ဘူး၊ အဲ့ဒီနိုင်ငံမှာရှိနေတဲ့ နိုင်ငံသားတိုင်းရဲ့ ဂုဏ်သိက္ခာတွေ၊ လုပ်အားတန်ဖိုးတွေပါ ကျသွားတာ။

ဘယ်ကလဲ လို့ အမေးခံရရင် မြန်မာပြည်က လို့ ပြောမိတာနဲ့ အလိုလို အထင်သေးခံရ၊ လုပ်အားဈေးနှိမ်ခံရတာတွေဟာ အားလုံး ဆက်စပ်မှုရှိတယ်။

 

နာဂစ်ဖြစ်တုန်း အမေရိကမှာ ၁၀ နှစ်ကျော် နေလာတဲ့ အမေရိကန်နိုင်ငံသား သူငယ်ချင်းတယောက် ပြောတာ သတိရတယ်။

နာဂစ်မှာ လူတွေသေနေတဲ့အလောင်း၊ နုံချာတဲ့ အုပ်ချုပ်သူတွေရဲ့ စီမံခန့်ခွဲမှုအလွဲတွေ၊ စုတ်ပျက်သတ်နေတဲ့ ပတ်ဝန်းကျင် သတင်းက တီဗီဖန်သားပြင်မှာရောက်လာတော့

အလုပ်အတူတူ လုပ်နေတဲ့ အမေရိကန်တွေက “ဟာ ခင်များတို့နိုင်ငံ အတော် ဆိုးတာပဲနော်” ဆိုပြီး အထင်သေးသလို အကြည့်ခံရတယ် တဲ့။ အမေရိကန်နိုင်ငံသားတောင် ဖြစ်နေတဲ့ လူဆီမှာတောင် ရိုက်ခတ်မှုရှိတယ်။

ဝင်ငွေမရှိပဲနဲ့ ဝန်ကြီးဌာန တွေကို အသုံးစရိတ် တိုးပေးပြီး နိုင်ငံ့ ဖွံ့ဖြိုးရေး လုပ်မယ် ဆိုကတည်းက ငွေစက္ကူရိုက်ထုတ်တော့မယ် ဆိုတာ သိနေပြီ။

 

တနှစ်အတွင်း ၃ ထောင် ရောက်လာမယ်လို့ ခတ်မှန်းတာတောင် အလွန်ဆုံး လို့တွက်တာ ဒီလောက်မြန်မယ် လို့မတွေးမိဘူး။ ထင်ထားတာထက်တောင် အခြေအနေ တော်တော် ဆိုးနေပြီ။

NON CDM တွေ လခ ရလဲ စားလို့လောက်မှာ မဟုတ်တော့ဘူး။ ဒီကြားထဲ အရင်လို အောက်ဆိုက်မျော်ဖို့ကလဲ အဆင်ပြေမှာ မဟုတ်။

နိုင်ငံခြားငွေတွေ ဈေးတက်သွားတာ မဟုတ်ဘူး၊ ဝင်ငွေနဲ့ထွက်ငွေမမျှတာကြောင့် မြန်မာ ကျပ်ငွေ ဈေးကျသွားတာပါ။

ဝင်ငွေ ၁၀၀ ကျပ်ဖိုးပဲ ရှိတာကို တထောင်ဖိုးသုံးဖို့ ငွေစက္ကူ မိတ္တူပွါးလိုက်တဲ့ သဘော ဖြစ်လို့ အမှန်က လက်ထဲရောက်နေတဲ့ တထောင်တန်ဟာ တရာတန်ပဲ ဖြစ်နေတဲ့ သဘောပါ။

 

မြန်မာပြည်သူတွေ လုံခြုံမှုမရှိတဲ့ ပြဿနာဟာ ကျပ်ငွေတန်ဖိုး ရုတ်တရက် ကျလာရခြင်းရဲ့ အရင်းခံလို့ မြင်ပါတယ်။

Import, export မမျှတာတွေ၊ ငွေစက္ကူရိုက်ထုတ်ပြီး ငွေကြေးဖေါင်းပွတာတွေ ဆိုတာက တဖြည်းဖြည်းချင်းပဲ ပုံမှန်တက်ကျလာတတ်တဲ့ သဘော ရှိပါတယ်။

ခုလို လေဟုန်စီးပြီး ဂျွန်းထိုးကျသလို ဖြစ်တာတော့ လုံခြုံမှု ပြဿနာ လို့မြင်ပါတယ်။

ရန်ကုန်မြို့လယ်ခေါင်မှာတောင် ဝင်ချင်တဲ့ အိမ်ဝင်စစ်ခွင့်ရှိနေတာဟာ အိမ်တိုင်း အိမ်တိုင်း မလုံခြုံ တဲ့ စိတ်ခံစားချက် ဖြစ်ပေါ်စေတယ်။

 

အထူးသဖြင့် NLD ပါတီ ထောက်ခံသူအများဆုံး ဖြစ်တဲ့ ရန်ကုန် နဲ့ မန္တလေး လို မြို့ပြ လူထုဟာ ပါတီဝင်များကို ပစ်မှတ်ထားတိုက်ခိုက်သလို ဖြစ်လာတဲ့အပြုအမူမျိုးတွေကြောင့် လူသားလုံခြုံမှု၊ ပိုင်ဆိုင်မှုလုံခြုံမှု ပြဿနာ ရှိနေတာအမှန် ဖြစ်ပါတယ်။

အခန့်မသင့်လို့ ဧည့်စာရင်းစစ်ရင်း NLD ထောက်ခံတဲ့ အထောက်အထားတစွန်းတစ မြင်တာ နဲ့ (ဒလန်ပြောလို့ပဲသိသိ) ရှိသမျှမွေနှောက်စစ် အိမ်ထဲသိမ်းထားတဲ့ ငွေထုပ်မြင်ရင် ကြုံရာ ပုဒ်မတပ် သိမ်းချင်နေတဲ့ ပြဿနာကလဲ ရှိနေတယ်။

ကိုဇင်လင်းကို ဖမ်းပြီး အိမ်သားတွေ ပိုင်ဆိုင်တဲ့ ၆၅ သိန်းကို ဘဏ်ဓားပြတိုက်တဲ့ ပုဒ်မတပ်ထားတာပဲ ကြည့်ပါ။ ဒါတောင် ၆၅ သိန်းပဲရှိသေးတာနော်၊ သိန်းထောင်ချီ ပိုင်ဆိုင် (နေ့စဉ်အဝင်အထွက်ရှိ) တဲ့ မိသားစုတွေ အများကြီး။

 

ဒီတော့ ငွေစက္ကူအိမ်မှာသိမ်းထားဖို့ ကြောက်လာတယ်၊ ဘဏ်အပ်ဖို့ကလဲ ထုတ်ရခက် ဆိုတော့ ရွှေ နဲ့ ဒေါ်လာ ဝယ်ကြမယ်။ လူတွေအများကြီး တချိန်ထဲ ရွှေဝယ် ဒေါ်လာ ဝယ် တဲ့ ဖြစ်စဉ်ဟာ ကြီးမားတဲ့ ရိုက်ခပ်မှု ဖြစ်လာတယ်လို့မြင်ပါတယ်။

နောက်ပိုင်းကျရင် ငွေကြေးဖေါင်းပွတာတွေကအစ လူတွေရီစရာ ပြောလိမ့်မယ်။ ထိုင်းသက္ကသိုလ်ကျောင်းသားတွေ မြန်မာပြည်လေ့လာရေး ခရီးသွားတော့ “ငါတို့ သန်းကြွယ်သူဌေး တွေ ဖြစ်ခဲ့တာကွ” ဆိုပြီး ဟာသ လုပ်ကြတယ်။

 

 

သူတို့ငွေ ဒေါ် လာ၂၀၀၀ ဖိုးလောက်လဲ လိုက်တာ ကျပ်ငွေ ၃ သန်းလောက်ရတယ်လေ။ နောက်ကျရင် ဒီ့ထက်မက ဘီလီယံနာ တွေတောင် ဖြစ်အုံးမှာပါ။

အဓိက ကတော့ စကစ အပေါ် ယုံကြည်မှုမရှိတော့တာ။ မအလ တပ်တွေ ဒီလောက် ရက်စက်ပြနေတာတောင် တပ်ထောက်ခံသူတွေက မအလ ကို အားမလိုအားမရ ဖြစ်နေတာ တွေ့ရတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းမှုကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

ပြည်တွင်း ပုဂ္ဂလိကဘဏ်တွေရဲ့ နိုင်ငံခြားငွေ လဲလှယ်နှုန်းထားတွေအရ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့က အမေရိကန် တစ်ဒေါ်လာတန်ဖိုးဟာ မြန်မာကျပ်ငွေ ၁၇၀၈ ကျပ် ရှိရာကနေ စက်တင်ဘာ ၃၀ ရက်နေ့မှာတော့ ၁၉၈၀ ကျပ်ဝန်းကျင်အထိ ရှိနေတာကြောင့်

ဒါဟာ တစ်လအတွင်း တစ်ဒေါ်လာကို ၂၇၂ ကျပ်အထိ မြင့်တက် လာခဲ့တာပါ။ ဒါပေမဲ့ ပြင်ပတရားမဝင်ဈေးကွက်မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာကျပ်ငွေ ၂၅၀၀ အထိ ဈေးပေါက်နေပါတယ်။

ထိုင်း-မြန်မာ နယ်စပ်မှာလည်း အရင်က မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်းဘတ် ၂၂၀၀ လောက်ရှိခဲ့ပြီး ဒီနေ့ဈေးကွက်မှာတော့ မြန်မာကျပ်ငွေ တစ်သိန်းကို ထိုင်ဘတ်ငွေ ၁၅၈၀ နဲ့ ၁၆၅၀ ကြားသာ ရတော့တယ်လို့ နယ်စပ်ငွေလဲလုပ်ငန်း လုပ်ကိုင်သူတွေက ပြောပါတယ်။

 

ဒီလိုနယ်စပ်မှာ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းပြီး နိုင်ငံခြားငွေတန်ဖိုးမြင့်နေတာကြောင့် နယ်စပ်ကနေ တင်သွင်းတဲ့ ကုန်ပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေပြီး တချို့ဆိုင်တွေဆိုရင် ဝယ်ယူရောင်းချမှုတွေ ရပ်ထားကြရတယ်လို့ တရုတ်နယ်စပ် မူဆယ်မြို့က ကုန်သည်တစ်ဦးက ပြောပါတယ်။

အခုလို နိုင်ငံခြားငွေနဲ့ ရွှေဈေး သိသိသာသာ မြင့်တက်လာတာက မြန်မာကျပ်ငွေအပေါ် လူတွေရဲ့ယုံကြည်မှု ကျဆင်းပြီး ကျပ်ငွေမဟုတ်တဲ့ ရွှေနဲ့ နိုင်ငံခြားငွေကို ကိုင်ဆောင်ဖို့ ကြိုးစားလာကြတာကြောင့်ဖြစ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ပြောဆိုကြောင်း RFA သတင်းမှာ ဖော်ပြထားပါတယ်။

“အဓိကကတော့ လူတွေရဲ့ မြန်မာငွေအပေါ် ယုံကြည်မှုကျဆင်းလို့ ဖြစ်တယ်လို့ ထင်ပါတယ်။ သူကတော့ Trade Deficit (ကုန်သွယ်မှု လိုငွေပြ) ဖြစ်တဲ့ဟာအပေါ် အခြေခံဖြစ်တာပေါ့။

ဒါပေမဲ့ ကျွန်တော်တို့ သိတာတော့ Trade Deficit ဖြစ်ရင်လည်း သူတက်တဲ့ပမာဏက ဒီလောက်တော့ မတက်နိုင်ဘူးပေါ့နော်။

 

ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းတာကလည်း အနည်းစုလောက်ပဲ ရောင်းတာပေါ့နော်။ ဝယ်နေကြတာ က နည်းနည်းသမားတွေဆိုတော့ ဈေးတက်တာပေါ့။ ဖြစ်နိုင်ရင်တော့ မျှပြီးတော့

ဒီထက်ပိုပြီး ကျယ်ကျယ် ပြန့်ပြန့် လူများများကို ရောင်းပေးနိုင်ရင် ရောင်းတဲ့ပုံစံပြောင်းနိုင်ရင် လူတွေစိတ်ထဲ ဝယ်ချင်တာရမယ် ဆိုရင် ဈေးနည်းနည်း တည်ငြိမ်သွားမယ်လို့ ထင်ပါတယ်”

ပြည်တွင်းရဲ့ လက်ရှိအခြေအနေတွေကြောင့် ကုန်ထုတ်လုပ်မှု ကျဆင်းတာ၊ အလုပ်လက်မဲ့ တိုးပွားတာနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်လာနိုင်တယ်လို့လည်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်း က သုံးသပ်ပါတယ်။

Import, Export ကလဲ မရှိ၊ တရုတ်ဂိတ်တွေလဲ ပိတ်၊ ထိုင်းဂိတ်လဲ ပိတ်၊ ရေကြောင်းကလဲ အကန့်အသတ်ရှိ၊ ဘာ ထုတ်ကုန်မှ ရောင်းစရာမလိုပဲ နိုင်ငံခြားငွေ လိမ့်ဝင်တတ် တဲ့ INGO, CSOs တွေကို နှိပ်ကွပ် လိုက်တာကြောင့် Fund တွေထွက်သွားကြပြီ။

 

ဘဏ်အကောင့်တွေကို လိုက်ပိတ်လို့ ဘဏ်တွေကိုမယုံတော့တာ လဲ ပါ။ စားသောက်ကုန် ထုတ်လုပ်ပေးတဲ့ အညာဒေသ ကိုလဲ မီးရှို့ထားတယ် ဆိုတော့ မကြာတော့ဘူး၊ အထွေထွေကြပ်သည်းမှု နဲ့အတူ အချင်းချင်း လုစားရမဲ့ (Societal Collapse) ကိန်းဆိုက်မှာပါ။

ဒါတောင် PDF တွေက ဘာမှ ကြီးကြီးကျယ်ကျယ် ထိုးစစ်လုပ်သေးတာမဟုတ်ဘူး။ မအလ ထွက်သွားရင်တော့ အမြန်ဆုံးပြန်ကယ်ဆယ်နိုင်မယ်။ မဟုတ်ရင်တော့ ရိက္ခာ စုဆောင်းပြီး ကိုယ့်အိမ်ကိုယ် လုံခြုံရေးယူဖို့ ပြင်ထားကြပါ။

စားစရာမရှိရင် လူတိုင်းက ဓါးပြ ဖြစ်လာတတ်တယ်။ ငွေစက္ကူကိုင်ပြီး ဝယ်မဲ့ နေရာ မရှိတဲ့အချိန် ရောက်လာမှာပါ။ မရောင်းပဲထားရင် မြတ်တယ် ဆိုတဲ့ ခေတ် ရောက်တော့မယ်။

ခုတောင် လက်လုပ်လက်စားတွေရဲ့ ဘဝ က မလွယ်တော့ဘူး။ သည်းခံနိုင်တဲ့ အချိန်ကျော်လာရင် ကြောက်စရာ ကောင်းတတ်ပါတယ်။

Ref: ဒေါက်တာ တူးခေါင် & RFA (Credit)

error: Content is protected !!