အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ကြၽဲေကာပင္ စိုက္ပ်ိဳးနည္း
၁။ မူရင္းေဒသ
အေမရိက၊ ေတာင္အာဖရိကႏွင့္ ၾသစေၾတးလ် ဟူ၍ သိရပါသည္။ ကြၽဲေကာပင္ကို အဂၤလိပ္လို pummelo၊ ႐ုကၡေဗဒအမည္မွာ Citrus Grandis၊ မ်ိဳးရင္းမွာ Rutaceae မ်ိဳးရင္းတြင္ ပါဝင္ပါသည္။
၂။ ရာသီဉတု
ေန႔အပူခ်ိန္တြင္ ပူေႏြးၿပီး ညအခ်ိန္တြင္ ေအးျမျခင္းသည္ အေကာင္းဆုံးျဖစ္ပါသည္။ သင့္ေတာ္ေသာအပူခ်ိန္မွာ ၁၅ – ၃၀ ဒီဂရီ စင္တီဂရိတ္ျဖစ္ပါသည္။
အပူခ်ိန္နိမ့္လြန္းပါက အသီးမွည့္ရန္အခ်ိန္ၾကာျခင္း၊ အသီးအရည္မ႐ႊမ္းျခင္း၊ အသီးအ႐ြယ္အစားငယ္ျခင္းႏွင့္ အေရာင္မလွျခင္းမ်ား ျဖစ္ပါသည္။ အထူးသျဖင့္ နံနက္ပိုင္းတြင္
စိုထိုင္းဆျမင့္ပါက အသီးအ႐ြယ္အစားႀကီးျခင္း၊ အခြံပါးၿပီးအရည္႐ႊမ္းျခင္းကို ျဖစ္ေစပါသည္။ အသီးဆြတ္ခူးခ်ိန္ရွိ အသီးအရည္အေသြးကို အလင္းေရာင္အားျပင္းက အက်ိဳးသက္ေရာက္ မႈရွိသည္။
အလင္းျပင္းအား အသင့္အတင့္ရွိပါက ေတာက္ပေသာအဝါေရာင္အသီးခြံကို ျဖစ္ေစၿပီး အလင္းျပင္း အားမ်ားျခင္းက အဝါေဖ်ာ့ေရာင္ အသီးခြံကိုျဖစ္ေစပါသည္။ မွည့္ခါနီးအသီးကို အိတ္စြပ္ေပးျခင္းက အသီး၏အသားကို ႏူးညံ့ေစၿပီး အရည္႐ႊမ္းေစပါသည္။
ေလတိုက္ျခင္းက အကိုင္းမႀကီးမ်ားကို က်ိဳးေစႏိုင္ၿပီး အသီးေႂကြက်ျခင္းကိုျဖစ္ေစပါသည္။ ထိုေၾကာင့္ အပင္မ်ားႏွင့္ ၁၀ မီတာအကြာတြင္ ေလကာပင္မ်ား စိုက္ပ်ိဳးသင့္ပါသည္။ ႏွစ္စဥ္မိုးေရခ်ိန္ ၁၅၀-၂၀၀ စင္တီမီတာရွိသင့္ပါသည္။
အျမစ္စဥ္ အင္အား(အျမစ္ဖြဲ႕စည္းပုံ) တိမ္သျဖင့္ မိုးမ်ားျခင္းက အျမစ္ပုပ္ျခင္းကိုျဖစ္ေစပါသည္။ အသီးမဆြတ္ခူးမီ ခုနစ္ရက္အလိုတြင္ အပင္ေျခေရဝပ္က်င္းမွ ေရမ်ားကိုထုတ္ပါ။ အပင္မ်ားေရမ်ားလြန္းပါက အသီးအရည္အေသြးကို ထိခိုက္ေစပါသည္။
၃။ ေျမအမ်ိဳးအစား
ကြၽဲေကာကို သစ္ေဆြးဓာတ္မ်ားပါဝင္ေသာ ႏုန္းေျမမ်ားတြင္ စိုက္ပ်ိဳးသင့္ပါသည္။ ေျမေစးပါက ေရထုတ္ေကာင္းရန္ လိုအပ္ပါသည္။ ေျမေအာက္ေရမ်က္ႏွာျပင္ ေလးေပထက္ ပိုမျမင့္သင့္ပါ။
ေပးသြင္းသည့္ေရသည္ ဆားဓာတ္ပါဝင္မႈမ်ားေသာေရ မျဖစ္ရပါ။ pH ၅.၅ မွ ၆.၀ အတြင္းျဖစ္ရပါမည္။
၄။ ေပါင္းျမက္ ႏွိမ္နင္းျခင္း
စက္အားျဖင့္လည္းေကာင္း၊ ၾကားသီးႏွံစိုက္ပ်ိဳးျခင္းျဖင့္လည္းေကာင္း၊ ဓာထုေဗဒေဆး (Glyphosate, Paraquet, Diuron) ျဖင့္လည္းေကာင္း ႏွိမ္နင္းႏိုင္ပါသည္။
၅။ အနည္းလို အာဟာရဓာတ္မ်ား
မဂၢနီဆီယမ္ခ်ိဳ႕တဲ့ျခင္းျဖင့္ အ႐ြက္မ်ား အညိဳေရာင္ျဖစ္လာျခင္းႏွင့္ အသီးအ႐ြယ္အစား ေသးငယ္ျခင္းႏွင့္ အထြက္ႏႈန္း ေလ်ာ့နည္းေစပါသည္။
သြပ္ဓာတ္ခ်ိဳ႕တဲ့မႈကို အမ်ားအျပားေတြ႕ရွိႏိုင္ပါသည္။ သြပ္ဓာတ္ခ်ိဳ႕တဲ့သည့္ လကၡာဏာမ်ားမွာ အ႐ြက္ေသးငယ္ျခင္း၊ အ႐ြက္က်ားျခင္း၊ အ႐ြက္၏ အစိမ္းေရာင္ေနာက္ခံတြင္ အ႐ြက္အေၾကာမ်ား အဝါေရာင္ ျဖစ္ေနျခင္းႏွင့္ သစ္ကိုင္းမ်ားအားနည္းလာျခင္းမ်ား ေတြ႕ရပါသည္။
သြပ္ဓာတ္ခ်ိဳ႕တဲ့မႈကို ကာကြယ္ကုသရန္မွာ Zinc sulphate ၁ ပိႆာခြဲမွ ၃ ပိႆာကို ေရ ၂၀၀ လီတာတြင္ ေဖ်ာ္၍ အ႐ြက္သစ္ထြက္ခ်ိန္တြင္ ပက္ဖ်န္းအသုံးျပဳရပါသည္။ Zin ကို ပန္းပြင့္ေနစဥ္ ထည့္သြင္းပါက အပြင့္ေႂကြတတ္ပါသည္။
ေျမခ်ဥ္ကို ျပဳျပင္ရန္ ထုံးအသုံးျပဳမႈလြန္ကဲပါက ေရွာက္မ်ိဳးႏြယ္ဝင္ အပင္မ်ားအား ေျမႀကီးရွိ မင္းဂနိဓာတ္ကို စားသုံးႏိုင္မႈကိုဟန႔္တားေစသျဖင့္ မင္းဂနိခ်ိဳ႕တဲ့မႈလကၡာဏာမ်ား ျဖစ္ေပၚလာပါသည္။
အစိမ္းေဖ်ာ့ေရာင္အ႐ြက္ ေနာက္ခံေပၚတြင္ အစိမ္းေရာင္႐ြက္ေၾကာမ်ား ကြန္ရက္ျဖစ္ေပၚၿပီး အသီးအေရာင္ေဖ်ာ့ မွိန္ပါသည္။ သံဓာတ္ခ်ိဳ႕တဲ့မႈလကၡာဏာမွာ မင္းဂနိခ်ိဳ႕တဲ့မႈႏွင့္ဆင္တူပါသည္။
သို႔ရာတြင္ အ႐ြက္မ်ားပိုမိုပါးၿပီး ႐ြက္ေၾကာမ်ားႏွင့္ ႐ြက္ေၾကာၾကားဧရိယာမ်ားမွာ အစိမ္းေဖ်ာ့ေရာင္ရွိၾကသည္။ အ႐ြက္မ်ားမရင့္မီ ေႂကြၾကသည္။ အ႐ြက္ႏုမ်ား အားနည္းလာသည္။ ဘို႐ြန္ဓာတ္ခ်ိဳ႕တဲ့ပါက ပုံမမွန္အ႐ြက္မ်ား ျဖစ္လာသည္။
အ႐ြက္မ်ား ဝါညိဳေရာင္ေျပာင္းလာသည္။ ႐ြက္ေၾကာမ်ားပြေရာင္းေရာင္းျဖစ္လာသည္။ သစ္ကိုင္းမ်ားမွာ အေစးမ်ားစိမ့္ထြက္လာသည္။ အသီးခြံထူလာသည္။ ဘို႐ြမ္ဓာတ္ခ်ိဳ႕တဲ့မႈကို ဘိုရက္ (လက္ခ်ား) ကို အသုံးျပဳႏိုင္ပါသည္။
၆။ ေရသြင္းျခင္း
မိုးရာသီတြင္ ၾကားကာလ မိုးျပတ္၍ ေျခာက္ေသြ႕မွသာ ေရေပးသြင္းရန္ျဖစ္ပါသည္။ ပန္းပြင့္ေႂကြက် ျခင္းကို ကာကြယ္ရန္ ပန္းမပြင့္မီ စပြင့္သည့္ အဆင့္တြင္ အနည္းဆုံး သုံးရက္တစ္ႀကိမ္ေရသြင္းပါ။
အသီးကင္း အဆင့္ (သံပုရာသီးအ႐ြယ္) ေရသြင္းေပးသြင္းသည့္ အႀကိမ္ကို ေလွ်ာ့ခ်ႏိုင္ပါသည္။ သီးထြက္ပုံမွန္အခ်ိန္ (In-season) တြင္ ယူမည္ဆိုပါက ေအာက္ပါအတိုင္း ေရေပးသြင္းပါ။
၁။ အပင္ပိုင္းဆိုင္ရာ ႀကီးထြားမႈကာလအတြင္း သစ္သီးပင္မ်ား ေရအေျမာက္အျမားလိုအပ္ပါသည္။ သို႔ရာတြင္ ဤကာလမွာ မိုးတြင္းကာလတြင္ ျဖစ္သျဖင့္ မိုးေခါင္မွသာ သို႔မဟုတ္ မိုး႐ြာ ရက္ျခား ၾကာမွသာေရေပးသြင္းပါ။
၂။ပန္းပြင့္ခ်ိန္ကာလမတိုင္မီအနည္းငယ္အလို (Just-prior-to-the-flowering-stage) ေရလိုအပ္မႈနည္းပါသည္။ သို႔မဟုတ္ ေရလုံးဝမလိုအပ္ပါ။ သို႔မွသာ
ပြင့္ဖူးမ်ားျဖစ္လာမည္ျဖစ္သည္။ ဤအဆင့္တြင္ ေရရရွိမႈမ်ားလြန္းပါက ပန္းပြင့္အစား အ႐ြက္သစ္မ်ားထြက္လာပါမည္။ ထိုကာလတြင္ ၁၅-၂၀ ရက္ခန႔္ ေရျဖတ္ေပးပါ။
၃။ ပန္းပြင့္စဥ္ႏွင့္ အသီးကင္းဝင္ခ်ိန္အဆင့္မ်ားတြင္ ေရလိုအပ္မႈမ်ားပါသည္။ သို႔ရာတြင္ ေရေပးသြင္းျခင္းကို တျဖည္းျဖည္းခ်င္းတိုး၍ ေပးသြင္းသင့္ပါသည္။
ေရမလုံေလာက္ပါက ပန္းပြင့္ႏွင့္ အသီးမ်ား ေႂကြက်ျခင္း သို႔မဟုတ္ အသီးဖြိ႕ၿဖိဳးမႈ ရပ္တန႔္ျခင္း ျဖစ္ေစပါသည္။ သုံးရက္ျခား တစ္ႀကိမ္ေရသြင္းပါ။
၄။ ေရမ်ားလြန္းပါက ပန္းပြင္းမ်ားႏွင့္ အသီးကင္းမ်ား အလြယ္တကူ ေႂကြက်ပါမည္။ အေၾကာင္းမွာ သစ္သီးပင္မွာ ၾကာရွည္စြာေရငတ္ခံထားသျဖင့္ ပထမေျမစြတ္စို႐ုံ ေရသြင္းေပးၿပီး တစ္ေန႔လွ်င္ နည္းနည္းခ်င္း ေရပိုေပးသြင္းပါ။
၅။ အသီးကင္းအဆင့္ (သံပုရာသီးအ႐ြယ္)တြင္ ေရေပးသြင္းသည့္ အႀကိမ္ေရကို ေလွ်ာ့ခ်ႏိုင္ပါသည္။ ရက္ျခားေရသြင္းပါ။ ငါးရက္၊ ခုနစ္ရက္ တစ္ႀကိမ္
သဘာဝအေနအထားတြင္ မ်ားစြာေသာ သစ္သီးပင္မ်ိဳးမ်ားမွာ တစ္ခ်ိန္လွ်င္ နည္းနည္းခ်င္း ပန္းပြင့္လာပါမည္။ တစ္ၿပိဳင္တည္း တစ္ခ်ိန္တည္း ပန္းအားလုံးမပြင့္ပါ။
၆။ ၿခံတစ္ၿခံရွိ သစ္သီးပင္အားလုံးကို တစ္ခ်ိန္တည္းပန္းပြင့္ရန္ ေရျဖတ္ေပးၿပီး ေရငတ္သည့္ ဖိစီးမႈ ခံစားေစျခင္းျဖင့္ လိုအပ္သည့္အခ်ိန္တြင္ ပန္းပြင့္ေအာင္ ေဆာင္႐ြက္ႏိုင္ပါသည္။
ေရငတ္သည့္ ဖိစီးမႈ ေၾကာင့္ အပင္တြင္ကစီဓာတ္မ်ား တိုးလာၿပီး အပြင့္၊ အဖူး ဖြိ႕ၿဖိဳးတိုးတက္မႈကို ျဖစ္ေစပါသည္။
၇။ ဤနည္းျဖင့္ ေစ်းအျမင့္ဆုံးရသည့္ ကာလအတြင္းတြင္ သီးထြက္အျမင့္ဆုံးရရန္ ေဆာင္႐ြက္သည့္ ေသခ်ာေသာနည္းျဖစ္သည္။
၈။ အပင္ေရလိုအပ္သည့္အခ်ိန္တြင္ ေရငတ္ျခင္း၊ ေျမႀကီးအစိုဓာတ္မလုံေလာက္ျခင္းျဖင့္ သီးထြက္ေရာ အသီးအရည္အေသြးပါ နိမ့္က်ျခင္းျဖစ္ရပါသည္။
၉။ အပင္တြင္ ေရပိုေနျခင္း၊ ေရမ်ားျခင္းျဖင့္ အပင္တုံ႔ျပန္မႈမွာ ေျမတြင္း ေလေလ်ာ့နည္းၿပီး Phytopthora ျမစ္ပုပ္ေရာဂါ ျဖစ္ပြားမႈကို အားေပးသည္။
၇။ ကိုင္းျဖတ္ျခင္း
အသီးဆြတ္ခူးၿပီး တစ္ႏွစ္တစ္ႀကိမ္ ေအာက္ပါကိုင္းမ်ားျဖတ္ျခင္းကို ေဆာင္႐ြက္ပါ။
(က) မေကာင္းေသာ ကိုင္းမ်ား
(ခ) ရႈပ္ေထြးေနေသာ ကိုင္းမ်ား
(ဂ) ပုံပ်က္ေနေသာ ကိုင္းမ်ား
(ဃ) အင္းဆက္ပိုးမ်ားေၾကာင့္ ပ်က္စီးေနေသာကိုင္းမ်ား
(င) ေျမႀကီးႏွင့္နီးေသာကိုင္းမ်ားကို ပင္စည္တစ္ဝိုက္ရွိ ကိုင္းေသးမ်ားကို ရာသီခ်ိန္မဟုတ္ေသာ ကာလတြင္ရွိေသာ အသီးမ်ားကို ဖယ္ရွားပါ။
၈။ ခူးဆြတ္ရိတ္သိမ္းျခင္း
ကြၽဲေကာသီးကို ၅လ မွ ၆ လ အၾကာအတြင္ ခူးဆြတ္ရိတ္သိမ္းႏိုင္ၿပီ ျဖစ္သည္။၂၀၂၂ ခုႏွစ္ေစ်းႏႈန္း အရ ကြၽဲေကာသီး တစ္လုံးလွ်င္ အမ်ိဳးအစားအလိုက္ ၁၅၀၀ က်ပ္မွ ၆၀၀၀ က်ပ္အထိ ေပါက္ေစ်းရွိပါတယ္
Credit
Unicode
ကျွဲကောပင် စိုက်ပျိုးနည်း
၁။ မူရင်းဒေသ
အမေရိက၊ တောင်အာဖရိကနှင့် သြစတြေးလျ ဟူ၍ သိရပါသည်။ ကျွဲကောပင်ကို အင်္ဂလိပ်လို pummelo၊ ရုက္ခဗေဒအမည်မှာ Citrus Grandis၊ မျိုးရင်းမှာ Rutaceae မျိုးရင်းတွင် ပါဝင်ပါသည်။
၂။ ရာသီဉတု
နေ့အပူချိန်တွင် ပူနွေးပြီး ညအချိန်တွင် အေးမြခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။ သင့်တော်သောအပူချိန်မှာ ၁၅ – ၃၀ ဒီဂရီ စင်တီဂရိတ်ဖြစ်ပါသည်။
အပူချိန်နိမ့်လွန်းပါက အသီးမှည့်ရန်အချိန်ကြာခြင်း၊ အသီးအရည်မရွှမ်းခြင်း၊ အသီးအရွယ်အစားငယ်ခြင်းနှင့် အရောင်မလှခြင်းများ ဖြစ်ပါသည်။ အထူးသဖြင့် နံနက်ပိုင်းတွင်
စိုထိုင်းဆမြင့်ပါက အသီးအရွယ်အစားကြီးခြင်း၊ အခွံပါးပြီးအရည်ရွှမ်းခြင်းကို ဖြစ်စေပါသည်။ အသီးဆွတ်ခူးချိန်ရှိ အသီးအရည်အသွေးကို အလင်းရောင်အားပြင်းက အကျိုးသက်ရောက် မှုရှိသည်။
အလင်းပြင်းအား အသင့်အတင့်ရှိပါက တောက်ပသောအဝါရောင်အသီးခွံကို ဖြစ်စေပြီး အလင်းပြင်း အားများခြင်းက အဝါဖျော့ရောင် အသီးခွံကိုဖြစ်စေပါသည်။ မှည့်ခါနီးအသီးကို အိတ်စွပ်ပေးခြင်းက အသီး၏အသားကို နူးညံ့စေပြီး အရည်ရွှမ်းစေပါသည်။
လေတိုက်ခြင်းက အကိုင်းမကြီးများကို ကျိုးစေနိုင်ပြီး အသီးကြွေကျခြင်းကိုဖြစ်စေပါသည်။ ထိုကြောင့် အပင်များနှင့် ၁၀ မီတာအကွာတွင် လေကာပင်များ စိုက်ပျိုးသင့်ပါသည်။ နှစ်စဉ်မိုးရေချိန် ၁၅၀-၂၀၀ စင်တီမီတာရှိသင့်ပါသည်။
အမြစ်စဉ် အင်အား(အမြစ်ဖွဲ့စည်းပုံ) တိမ်သဖြင့် မိုးများခြင်းက အမြစ်ပုပ်ခြင်းကိုဖြစ်စေပါသည်။ အသီးမဆွတ်ခူးမီ ခုနစ်ရက်အလိုတွင် အပင်ခြေရေဝပ်ကျင်းမှ ရေများကိုထုတ်ပါ။ အပင်များရေများလွန်းပါက အသီးအရည်အသွေးကို ထိခိုက်စေပါသည်။
၃။ မြေအမျိုးအစား
ကျွဲကောကို သစ်ဆွေးဓာတ်များပါဝင်သော နုန်းမြေများတွင် စိုက်ပျိုးသင့်ပါသည်။ မြေစေးပါက ရေထုတ်ကောင်းရန် လိုအပ်ပါသည်။ မြေအောက်ရေမျက်နှာပြင် လေးပေထက် ပိုမမြင့်သင့်ပါ။
ပေးသွင်းသည့်ရေသည် ဆားဓာတ်ပါဝင်မှုများသောရေ မဖြစ်ရပါ။ pH ၅.၅ မှ ၆.၀ အတွင်းဖြစ်ရပါမည်။
၄။ ပေါင်းမြက် နှိမ်နင်းခြင်း
စက်အားဖြင့်လည်းကောင်း၊ ကြားသီးနှံစိုက်ပျိုးခြင်းဖြင့်လည်းကောင်း၊ ဓာထုဗေဒဆေး (Glyphosate, Paraquet, Diuron) ဖြင့်လည်းကောင်း နှိမ်နင်းနိုင်ပါသည်။
၅။ အနည်းလို အာဟာရဓာတ်များ
မဂ္ဂနီဆီယမ်ချို့တဲ့ခြင်းဖြင့် အရွက်များ အညိုရောင်ဖြစ်လာခြင်းနှင့် အသီးအရွယ်အစား သေးငယ်ခြင်းနှင့် အထွက်နှုန်း လျော့နည်းစေပါသည်။
သွပ်ဓာတ်ချို့တဲ့မှုကို အများအပြားတွေ့ရှိနိုင်ပါသည်။ သွပ်ဓာတ်ချို့တဲ့သည့် လက္ခာဏာများမှာ အရွက်သေးငယ်ခြင်း၊ အရွက်ကျားခြင်း၊ အရွက်၏ အစိမ်းရောင်နောက်ခံတွင် အရွက်အကြောများ အဝါရောင် ဖြစ်နေခြင်းနှင့် သစ်ကိုင်းများအားနည်းလာခြင်းများ တွေ့ရပါသည်။
သွပ်ဓာတ်ချို့တဲ့မှုကို ကာကွယ်ကုသရန်မှာ Zinc sulphate ၁ ပိဿာခွဲမှ ၃ ပိဿာကို ရေ ၂၀၀ လီတာတွင် ဖျော်၍ အရွက်သစ်ထွက်ချိန်တွင် ပက်ဖျန်းအသုံးပြုရပါသည်။ Zin ကို ပန်းပွင့်နေစဉ် ထည့်သွင်းပါက အပွင့်ကြွေတတ်ပါသည်။
မြေချဉ်ကို ပြုပြင်ရန် ထုံးအသုံးပြုမှုလွန်ကဲပါက ရှောက်မျိုးနွယ်ဝင် အပင်များအား မြေကြီးရှိ မင်းဂနိဓာတ်ကို စားသုံးနိုင်မှုကိုဟန့်တားစေသဖြင့် မင်းဂနိချို့တဲ့မှုလက္ခာဏာများ ဖြစ်ပေါ်လာပါသည်။
အစိမ်းဖျော့ရောင်အရွက် နောက်ခံပေါ်တွင် အစိမ်းရောင်ရွက်ကြောများ ကွန်ရက်ဖြစ်ပေါ်ပြီး အသီးအရောင်ဖျော့ မှိန်ပါသည်။ သံဓာတ်ချို့တဲ့မှုလက္ခာဏာမှာ မင်းဂနိချို့တဲ့မှုနှင့်ဆင်တူပါသည်။
သို့ရာတွင် အရွက်များပိုမိုပါးပြီး ရွက်ကြောများနှင့် ရွက်ကြောကြားဧရိယာများမှာ အစိမ်းဖျော့ရောင်ရှိကြသည်။ အရွက်များမရင့်မီ ကြွေကြသည်။ အရွက်နုများ အားနည်းလာသည်။ ဘိုရွန်ဓာတ်ချို့တဲ့ပါက ပုံမမှန်အရွက်များ ဖြစ်လာသည်။
အရွက်များ ဝါညိုရောင်ပြောင်းလာသည်။ ရွက်ကြောများပွရောင်းရောင်းဖြစ်လာသည်။ သစ်ကိုင်းများမှာ အစေးများစိမ့်ထွက်လာသည်။ အသီးခွံထူလာသည်။ ဘိုရွမ်ဓာတ်ချို့တဲ့မှုကို ဘိုရက် (လက်ချား) ကို အသုံးပြုနိုင်ပါသည်။
၆။ ရေသွင်းခြင်း
မိုးရာသီတွင် ကြားကာလ မိုးပြတ်၍ ခြောက်သွေ့မှသာ ရေပေးသွင်းရန်ဖြစ်ပါသည်။ ပန်းပွင့်ကြွေကျ ခြင်းကို ကာကွယ်ရန် ပန်းမပွင့်မီ စပွင့်သည့် အဆင့်တွင် အနည်းဆုံး သုံးရက်တစ်ကြိမ်ရေသွင်းပါ။
အသီးကင်း အဆင့် (သံပုရာသီးအရွယ်) ရေသွင်းပေးသွင်းသည့် အကြိမ်ကို လျှော့ချနိုင်ပါသည်။ သီးထွက်ပုံမှန်အချိန် (In-season) တွင် ယူမည်ဆိုပါက အောက်ပါအတိုင်း ရေပေးသွင်းပါ။
၁။ အပင်ပိုင်းဆိုင်ရာ ကြီးထွားမှုကာလအတွင်း သစ်သီးပင်များ ရေအမြောက်အမြားလိုအပ်ပါသည်။ သို့ရာတွင် ဤကာလမှာ မိုးတွင်းကာလတွင် ဖြစ်သဖြင့် မိုးခေါင်မှသာ သို့မဟုတ် မိုးရွာ ရက်ခြား ကြာမှသာ ရေပေးသွင်းပါ။
၂။ပန်းပွင့်ချိန်ကာလမတိုင်မီ အနည်းငယ်အလို(Just-prior-to-the-flowering-stage)ရေလိုအပ်မှုနည်းပါသည်။
သို့မဟုတ် ရေလုံးဝမလိုအပ်ပါ။ သို့မှသာပွင့်ဖူးများဖြစ်လာမည်ဖြစ်သည်။ ဤအဆင့်တွင် ရေရရှိမှုများလွန်းပါက ပန်းပွင့်အစား အရွက်သစ်များထွက်လာပါမည်။ ထိုကာလတွင် ၁၅-၂၀ ရက်ခန့် ရေဖြတ်ပေးပါ။
၃။ ပန်းပွင့်စဉ်နှင့် အသီးကင်းဝင်ချိန်အဆင့်များတွင် ရေလိုအပ်မှုများပါသည်။ သို့ရာတွင် ရေပေးသွင်းခြင်းကို တဖြည်းဖြည်းချင်းတိုး၍ ပေးသွင်းသင့်ပါသည်။
ရေမလုံလောက်ပါက ပန်းပွင့်နှင့် အသီးများ ကြွေကျခြင်း သို့မဟုတ် အသီးဖွိ့ဖြိုးမှု ရပ်တန့်ခြင်း ဖြစ်စေပါသည်။ သုံးရက်ခြား တစ်ကြိမ်ရေသွင်းပါ။
၄။ ရေများလွန်းပါက ပန်းပွင်းများနှင့် အသီးကင်းများ အလွယ်တကူ ကြွေကျပါမည်။ အကြောင်းမှာ သစ်သီးပင်မှာ ကြာရှည်စွာရေငတ်ခံထားသဖြင့် ပထမမြေစွတ်စိုရုံ ရေသွင်းပေးပြီး တစ်နေ့လျှင် နည်းနည်းချင်း ရေပိုပေးသွင်းပါ။
၅။ အသီးကင်းအဆင့် (သံပုရာသီးအရွယ်)တွင် ရေပေးသွင်းသည့် အကြိမ်ရေကို လျှော့ချနိုင်ပါသည်။ ရက်ခြားရေသွင်းပါ။ ငါးရက်၊ ခုနစ်ရက် တစ်ကြိမ်
သဘာဝအနေအထားတွင် များစွာသော သစ်သီးပင်မျိုးများမှာ တစ်ချိန်လျှင် နည်းနည်းချင်း ပန်းပွင့်လာပါမည်။ တစ်ပြိုင်တည်း တစ်ချိန်တည်း ပန်းအားလုံးမပွင့်ပါ။
၆။ ခြံတစ်ခြံရှိ သစ်သီးပင်အားလုံးကို တစ်ချိန်တည်းပန်းပွင့်ရန် ရေဖြတ်ပေးပြီး ရေငတ်သည့် ဖိစီးမှု ခံစားစေခြင်းဖြင့် လိုအပ်သည့်အချိန်တွင် ပန်းပွင့်အောင် ဆောင်ရွက်နိုင်ပါသည်။
ရေငတ်သည့် ဖိစီးမှု ကြောင့် အပင်တွင်ကစီဓာတ်များ တိုးလာပြီး အပွင့်၊ အဖူး ဖွိ့ဖြိုးတိုးတက်မှုကို ဖြစ်စေပါသည်။
၇။ ဤနည်းဖြင့် စျေးအမြင့်ဆုံးရသည့် ကာလအတွင်းတွင် သီးထွက်အမြင့်ဆုံးရရန် ဆောင်ရွက်သည့် သေချာသောနည်းဖြစ်သည်။
၈။ အပင်ရေလိုအပ်သည့်အချိန်တွင် ရေငတ်ခြင်း၊ မြေကြီးအစိုဓာတ်မလုံလောက်ခြင်းဖြင့် သီးထွက်ရော အသီးအရည်အသွေးပါ နိမ့်ကျခြင်းဖြစ်ရပါသည်။
၉။ အပင်တွင် ရေပိုနေခြင်း၊ ရေများခြင်းဖြင့် အပင်တုံ့ပြန်မှုမှာ မြေတွင်း လေလျော့နည်းပြီး Phytopthora မြစ်ပုပ်ရောဂါ ဖြစ်ပွားမှုကို အားပေးသည်။
၇။ ကိုင်းဖြတ်ခြင်း
အသီးဆွတ်ခူးပြီး တစ်နှစ်တစ်ကြိမ် အောက်ပါကိုင်းများဖြတ်ခြင်းကို ဆောင်ရွက်ပါ။
(က) မကောင်းသော ကိုင်းများ
(ခ) ရှုပ်ထွေးနေသော ကိုင်းများ
(ဂ) ပုံပျက်နေသော ကိုင်းများ
(ဃ) အင်းဆက်ပိုးများကြောင့် ပျက်စီးနေသောကိုင်းများ
(င) မြေကြီးနှင့်နီးသောကိုင်းများကို ပင်စည်တစ်ဝိုက်ရှိ ကိုင်းသေးများကို ရာသီချိန်မဟုတ်သော ကာလတွင်ရှိသော အသီးများကို ဖယ်ရှားပါ။
၈။ ခူးဆွတ်ရိတ်သိမ်းခြင်း
ကျွဲကောသီးကို ၅လ မှ ၆ လ အကြာအတွင် ခူးဆွတ်ရိတ်သိမ်းနိုင်ပြီ ဖြစ်သည်။၂၀၂၂ ခုနှစ်စျေးနှုန်း အရ ကျွဲကောသီး တစ်လုံးလျှင် အမျိုးအစားအလိုက် ၁၅၀၀ ကျပ်မှ ၆၀၀၀ ကျပ်အထိ ပေါက်စျေးရှိပါတယ်
Credit