အဝေးရောက်နေချိန်မှာ ဖောက်ပြန်တတ်တဲ့ယောက်ျားကို ပညာပြလိုက်တဲ့မိန်းမဖြစ်သူ


 





” ရှင်းပါတယ်ကွာ ”



”ဒါဆိုလည်းပြီးတာပါပဲ ”

 





;

 





Unicode

မိန်းမဖြစ်သူကကျောင်းဆရာမဖြစ်တော့ တာဝန်ကျရာနယ်မြေဒေသမှာ တာဝန်ထမ်းဆောင်ရတယ်။ အိမ်မှာယောက်ျားတစ်ယောက်ပဲကျန်ခဲ့တယ်။

သားသမီးကမရှိ စားဖို့သောက်ဖို့ ချက်ပြုတ်ဖို့ကပြသနာ မကြီးလှပေမယ့် အဝတ်လျှော်နဲ့အိမ်သန့်ရှင်းရေးက ပြသနာရှိလာတော့ ယောက်ျားဖြစ်သူက အိမ်ဖော်တစ်ယောက်ခေါ်လိုက်မယ်ဆိုပြီး အိမ်ဖော်ခေါ်ထားလိုက်တယ်။

 

တာဝန်ကျရာမြို့မှ ကျောင်းပိတ်ရက် အိမ်ကိုပြန်ရောက်လာသော အခါ သူ့ယောက်ျားကိုမိန်းမဖြစ်သူဆရာမက ” ရှင့်အိမ်ဖော်ကလည်း ချောလှချည်လားကိုမိုးကြီးရဲ့ ”

ယောက်ျားဖြစ်သူ ကိုမိုးကြီးကပြန်ပြောတယ် ” ချောလားမချောလားမသိပါဘူးကွာ အဝတ်လျှော်ထမင်းချက်တတ်ရင်ပြီးတာဘဲဆိုပြီး ခေါ်ထားလိုက်တာပါ ”

” ရှင်နဲ့ရောကင်းရှင်းရဲ့လားယောက်ျား ”

” ရှင်းပါတယ်ကွာ ”

” ဒီတစ်အိမ်လုံးမှာ ရှင်တို့နှစ်ယောက်ထဲ ဆိုတော့ ”

” ဘာဆိုင်လဲကွာ ညမိုးချုပ်တာနဲ့ သူ့အခန်းသူအိပ် ငါ့အခန်းငါအိပ်သီးခြားဆီပါ ”

”ဒါဆိုလည်းပြီးတာပါပဲ ”

 

ဒီလိုနဲ့ဆရာမက ကျောင်းပြန်ဖွင့်တော့ သူတာဝန်ကျရာဒေသကို ပြန်သွားရပြန်တယ် ။

ဆရာမပြန်သွားပြီး နှစ်ရက်သုံးရက်နေတော့ အိမ်ဖော်လေးက ကိုမိုးကြီးကိုပြောပါလေရော။ အိမ်မှာ ဟင်းချက်တဲ့ဒယ်အိုးကြီးမရှိတော့ဘူး ပျောက်နေတယ်တဲ့ ”

ဆရာမပြန်သွားကတည်းကပျောက်တာ ဆရာမဆီမှားများ ပါသွားလေသလားမေးကြည့်ပါအုံး ” ဆိုတော့ ကိုမိုးကြီး လည်းသူ့မိန်းမကျောင်းဆရာမဆီ စာရေးပြီးမေးရတာပေါ့။

” မိန်းမရေမင်းယူတယ်လို့မစွပ်စွဲပါဘူး မင်းပြန်သွား ကတည်းက အိမ်မှာဟင်းချက်တဲ့ဒယ်အိုးကြီးပျောက်နေလို့ ” လို့ မင်းဆီများမှားပါသွားသလား ဆိုပီးစာပို့လိုက်တယ် ။

 

အဲ့ဒီတော့သူ့မိန်းမ ကျောင်းဆရာမဆီကစာပြန်လာတယ် ” ယောက်ျားရေရှင်တို့အတူအိပ်ကြတယ်လို့ ကျမမစွပ်စွဲပါဘူး

ရှင်ခေါ်ထားတဲ့အိမ်ဖော်မိန်းမ အချောအလှလေးသာ သူ့အခန်းသူ့အိပ်ယာမှာသူအိပ်ရင် အခုရှင်တို့ပျောက်နေတဲ့ ဟင်းချက် ဒယ်အိုးကိုပြန်တွေ့တာကြာပါပြီ။

ဒယ်အိုးကရှင့်အိမ်ဖော်မရဲ့အခန်းထဲက သူ့အိပ်ယာပေါ်သူ့ ခေါင်းအုံးအောက်မှာရှိပါတယ်တဲ့။ ” ငွမ့်”( ဆရာမသည် အချဉ်မဟုတ် )

မူရင်းရေးသားသူကို လေးစာစွာ Credit ပေးပါတယ်။

error: Content is protected !!