အိမ္သာသုံးစကၠဴေတြ မေပၚေသးခင္တုန္းက ဘယ္လိုအရာ၀တၳဳေတြနဲ႔ လူေတြ အသုံးျပဳခဲ့ၾကလဲဆိုတာ

ယေန႔ေခတ္မွာ အသုံးျပဳေနၾကတဲ့ အိမ္သာသုံး စကၠဴေတြကို လြန္ခဲ့ေသာ ၁၄ ရာစုႏွစ္ေလာက္က တ႐ုတ္လူမ်ိဳးေတြက စတင္ ဖန္တီးခဲ့ၾကပါတယ္။

ဒါေပမယ့္လည္း အေနာက္ကမာၻျခမ္းမွာေတာ့ ၁၈၀၀ ခုႏွစ္ အလယ္ေလာက္မွသာ အသုံးျပဳလာၾကတာပဲျဖစ္ပါတယ္။

အခုလိုမ်ိဳး အိမ္သာသုံး စကၠဴေတြ မေပၚေသးခင္တုန္းက ဘယ္လိုအရာ၀တၳဳေတြနဲ႔ လူေတြ အသုံးျပဳခဲ့ၾကလဲဆိုတာ ဗဟုသုတအေနနဲ႔ ေဖာ္ျပေပးလိုက္ပါတယ္။

ေျပာင္းဖူး႐ိုး

 

 

မူလအေမရိကန္လူမ်ိဳးစုေတြနဲ႔ ကိုလိုနီနယ္ခ်ဲ႕ေတြဟာဆိုရင္ ၁၇၀၀ ခုႏွစ္ေလာက္တုန္းက အိမ္သာတက္ၿပီး သန႔္ရွင္းေရးလုပ္တဲ့အခါတိုင္း ေျခာက္ေသြ႕ေနတဲ့ ေျပာင္းဖူး႐ိုးကို အသုံးျပဳခဲ့ၾကပါတယ္။

အခ်က္အလက္ေတြအရေတာ့ ေျပာင္းဖူးအူတိုင္ဟာ ေပ်ာ့ေျပာင္းတဲ့အျပင္ စုပ္ယူႏိုင္စြမ္းရွိလို႔ပဲ ျဖစ္ပါတယ္။

ေျပာင္းဖူးအူတိုင္ဟာ စကၠဴအေပ်ာ့ေလာက္မႏူးညံ့ေပမယ့္ တစ္ျခားအစားထိုး အရာေတြထက္ေတာ့ ပိုၿပီးေဘးကင္းေစႏိုင္ပါတယ္။

 

ဆီးႏွင္း

 

အေအးပိုင္းေဒသေတြမွာ ေနထိုင္တဲ့ သူေတြကေတာ့ ဆီးႏွင္းကို သန႔္စင္ေအာင္ေဆးတဲ့ အရာအျဖစ္ အသုံးျပဳလ်က္ရွိပါတယ္။

ဒါေပမယ့္ ဆိုးက်ိဳးကေတာ့ အခုလိုမ်ိဳးအသုံးျပဳမယ္ဆိုရင္ အစပိုင္းမွာေတာ့ အေနရခက္လွေအာင္ ေအးစက္သြားမွာပဲျဖစ္ပါတယ္။

ဒါေပမယ့္ အသုံးျပဳပါမ်ားလာၿပီဆိုရင္ေတာ့ ခႏၶာကိုယ္ဟာ အေအးဓာတ္နဲ႔ အကြၽမ္းဝင္သြားႏိုင္ပါတယ္။

ေလ့လာမႈေတြအရ ဒီနည္းလမ္းဟာ အနည္းငယ္ထူးျခားေနေပမယ့္လည္း သန႔္ရွင္းမႈရွိေစတဲ့ နည္းလမ္းထဲကတစ္ခုလို႔ ေျပာျပထားပါတယ္။

 

ေက်ာက္တုံး

 

အိမ္သာအသုံးျပဳၿပီးတိုင္း ေက်ာက္တုံးနဲ႔ သန႔္ရွင္းတာကေတာ့ ေရွးက်တဲ့ ေရခ်ိဳးခန္းအေလ့အထတစ္ခုပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ကာလေတြတုန္းကေတာ့ လူေတြဟာ အိမ္သာတက္ၿပီး သန႔္ရွင္းတဲ့ အခါတိုင္း အနီးနားမွာရွိတဲ့ အရာေတြကို ေကာက္ၿပီး အလြယ္တကူ ေျဖရွင္းခဲ့ၾကတာပါ။

ဒီအထဲမွာ ေက်ာက္တုံးေတြလည္း ပါဝင္ၿပီး တစ္ျခားေသာ သဘာ၀ ပစၥည္းေတြနဲ႔ လည္း အသုံးျပဳခဲ့ၾကပါတယ္ ။

ရာစုႏွစ္တစ္ခု ေက်ာ္ေလာက္အထိ လူေတြဟာ အိမ္သာတက္ၿပီးတိုင္း ေက်ာက္တုံးေတြနဲ႔ သန႔္ရွင္းေရး လုပ္ၾကတယ္လို႔ ပညာရွင္မ်ားက ေလ့လာေတြ႕ရွိခဲ့ၾကပါတယ္။

 

သစ္သားေခ်ာင္း

 

လြန္ခဲ့တဲ့ ႏွစ္ေပါင္း ( ၂၀၀၀ ) ေလာက္တုန္းက ေရွးေဟာင္းတ႐ုတ္လူမ်ိဳးေတြဟာ ဝါးပင္နဲ႔ အျခား သစ္ပင္ကေန ျဖတ္ထားတဲ့ တုတ္ေခ်ာင္းေတြကို သုံးၿပီး အိမ္သာတက္တဲ့အခါ သန႔္ရွင္းေရး လုပ္ခဲ့ၾကပါတယ္။

သူတို႔ ရဲ႕ ႐ိုးရာမွာေတာ့ ဒီလိုနည္းလမ္းကို salaka ၊ cachou နဲ႔ chugi လို႔ ေခၚၾကပါတယ္။ အသုံးျပဳပုံကေတာ့ တုတ္ေခ်ာင္းရဲ႕ ထိပ္ပိုင္းကို အဝတ္ျဖင့္ပတ္ၿပီး သန႔္ရွင္းေရး လုပ္ၾကတာပဲ ျဖစ္ပါတယ္။

 

ခ႐ုခြံ

 

ေရွးတုန္းက လူေတြ ထူးထူးျခား အသုံးျပဳခဲ့ၾကတဲ့ ေနာက္ထပ္နည္းလမ္းကေတာ့ ခ႐ုခြံလိုမ်ိဳး အခြံမာေတြကို အသုံးျပဳခဲ့ၾကတာပဲျဖစ္ပါတယ္။

မ်ားေသာအားျဖင့္ ကြၽန္းေပၚ နဲ႔ ကမ္း႐ိုးတန္း တစ္ေလွ်ာက္မွာေနထိုင္တဲ့သူေတြ အသုံးျပဳၾကတာျဖစ္ၿပီး ေယာက္သြားလို အခြံေတြနဲ႔ သန႔္ရွင္းေရး လုပ္ၾကတာပါ။

တစ္ကယ္လို႔ ခ႐ုခြံမရွိဘူးဆိုရင္ ကြၽန္းသူ၊ ကြၽန္းသားေတြဟာ အုန္းသီးအခြံေတြနဲ႔ သန႔္ရွင္းေရး လုပ္ၾကပါတယ္။

ဒီနည္းလမ္းဟာ စဥ္းစားလိုက္တာနဲ႔တင္ အေတာ္ေလးကို အဆင္မေျပခ်င္စရာေကာင္းလွပါတယ္။

အေၾကာင္းကေတာ့ ခ႐ုခြံေတြရဲ႕ မ်က္ႏွာျပင္က ၾကမ္းတမ္းသလို အစြန္းပိုင္းေတြကလည္း ခြၽန္ထက္ေနတာေၾကာင့္ပဲ ျဖစ္ပါတယ္။

သတင္းစာ ၊ မဂၢဇင္း အေဟာင္း

 

 

( ၁၈ ) ရာစုႏွစ္ အေရာက္မွာေတာ့ အိမ္သာတက္ၿပီး သန႔္ရွင္းေရးလုပ္တဲ့ အေလ့အထဟာ အနည္းငယ္ေခတ္မွီလာၿပီး လူေတြဟာ သတင္းစာေတြနဲ႔ မဂၢဇင္းအေဟာင္းေတြကို အသုံးျပဳလာၾကပါၿပီ။

အဲ့ဒီေခတ္အခါတုန္းက အေမရိကန္ႏိုင္ငံမွာဆိုရင္ Farmer’s Almanac ဆိုတဲ့ စာေစာင္ေတြနဲ႔ Sears Catalog လိုဟာမ်ိဳးကို အမ်ားဆုံးအသုံးျပဳခဲ့ၾကပါတယ္။

ေခတ္မီလာတဲ့ အင္အင္ကုန္းစကၠဴတစ္ျဖစ္လည္း သတင္းစာအေဟာင္းမ်ား
The Almanac ဆိုရင္ သူတို႔ရဲ႕ စာေစာင္ေတြကို လူသုံးမ်ားလြန္းတာေၾကာင့္ အိမ္သာအခန္းေတြထဲမွာ အလြယ္တကူ ခ်ိတ္ဆြဲထားႏိုင္ရန္ ထုတ္ေဝကတည္းက အေပါက္ေလးပါ ေဖာက္ေပးထားပါေသးတယ္။

 

ေရ

 

အရင္ကာလေတြတုန္းက အိႏၵိယ၊ အာဖရိက နဲ႔ အာရပ္ ႏိုင္ငံေတြမွာဆိုရင္ သူတို႔ရဲ႕ ႐ိုးရာအရ အိမ္သာတက္ၿပီးတဲ့ အခါတိုင္း ဘယ္လက္ကို အသုံးျပဳၿပီး ေရနဲ႔ ေဆးေၾကာေလ့ရွိပါတယ္။

ၿပီးေတာ့မွ လက္ကို ေရနဲ႔ ျပန္ၿပီးေဆးေၾကာၾကပါတယ္။ သိပၸံပညာရွင္ေတြရဲ႕ ေလ့လာခ်က္အရ ဒီနည္းလမ္းကို ကမာၻေပၚက ေနရာ တစ္ခ်ိဳ႕မွာ အသုံးျပဳေနဆဲ ျဖစ္တယ္လို႔ ဆိုထားပါတယ္။

သမိုင္းသုေတသီပညာရွင္ေတြကေတာ့ လူေတြက လက္ဆြဲႏႈတ္ဆက္တဲ့အခါတိုင္း ညာဘက္လက္နဲ႔ ႏႈတ္ဆက္ၾကတာဟာ ဒီအေၾကာင္းအရာနဲ႔ ဆက္စပ္ေနမယ္လို႔လည္း ယူဆထားၾကတာေတြ ရွိပါေသးတယ္။

Ref : National Geographhic , Credit – Neo News

Unicode

ယနေ့ခေတ်မှာ အသုံးပြုနေကြတဲ့ အိမ်သာသုံး စက္ကူတွေကို လွန်ခဲ့သော ၁၄ ရာစုနှစ်လောက်က တရုတ်လူမျိုးတွေက စတင် ဖန်တီးခဲ့ကြပါတယ်။

 

ဒါပေမယ့်လည်း အနောက်ကမ္ဘာခြမ်းမှာတော့ ၁၈၀၀ ခုနှစ် အလယ်လောက်မှသာ အသုံးပြုလာကြတာပဲဖြစ်ပါတယ်။

အခုလိုမျိုး အိမ်သာသုံး စက္ကူတွေ မပေါ်သေးခင်တုန်းက ဘယ်လိုအရာ၀တ္ထုတွေနဲ့ လူတွေ အသုံးပြုခဲ့ကြလဲဆိုတာ ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။

 

ပြောင်းဖူးရိုး

 

မူလအမေရိကန်လူမျိုးစုတွေနဲ့ ကိုလိုနီနယ်ချဲ့တွေဟာဆိုရင် ၁၇၀၀ ခုနှစ်လောက်တုန်းက အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါတိုင်း ခြောက်သွေ့နေတဲ့ ပြောင်းဖူးရိုးကို အသုံးပြုခဲ့ကြပါတယ်။

အချက်အလက်တွေအရတော့ ပြောင်းဖူးအူတိုင်ဟာ ပျော့ပြောင်းတဲ့အပြင် စုပ်ယူနိုင်စွမ်းရှိလို့ပဲ ဖြစ်ပါတယ်။

ပြောင်းဖူးအူတိုင်ဟာ စက္ကူအပျော့လောက်မနူးညံ့ပေမယ့် တစ်ခြားအစားထိုး အရာတွေထက်တော့ ပိုပြီးဘေးကင်းစေနိုင်ပါတယ်။

 

ဆီးနှင်း

 

အအေးပိုင်းဒေသတွေမှာ နေထိုင်တဲ့ သူတွေကတော့ ဆီးနှင်းကို သန့်စင်အောင်ဆေးတဲ့ အရာအဖြစ် အသုံးပြုလျက်ရှိပါတယ်။

ဒါပေမယ့် ဆိုးကျိုးကတော့ အခုလိုမျိုးအသုံးပြုမယ်ဆိုရင် အစပိုင်းမှာတော့ အနေရခက်လှအောင် အေးစက်သွားမှာပဲဖြစ်ပါတယ်။

ဒါပေမယ့် အသုံးပြုပါများလာပြီဆိုရင်တော့ ခန္ဓာကိုယ်ဟာ အအေးဓာတ်နဲ့ အကျွမ်းဝင်သွားနိုင်ပါတယ်။

လေ့လာမှုတွေအရ ဒီနည်းလမ်းဟာ အနည်းငယ်ထူးခြားနေပေမယ့်လည်း သန့်ရှင်းမှုရှိစေတဲ့ နည်းလမ်းထဲကတစ်ခုလို့ ပြောပြထားပါတယ်။

 

ကျောက်တုံး

 

အိမ်သာအသုံးပြုပြီးတိုင်း ကျောက်တုံးနဲ့ သန့်ရှင်းတာကတော့ ရှေးကျတဲ့ ရေချိုးခန်းအလေ့အထတစ်ခုပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ကာလတွေတုန်းကတော့ လူတွေဟာ အိမ်သာတက်ပြီး သန့်ရှင်းတဲ့ အခါတိုင်း အနီးနားမှာရှိတဲ့ အရာတွေကို ကောက်ပြီး အလွယ်တကူ ဖြေရှင်းခဲ့ကြတာပါ။

ဒီအထဲမှာ ကျောက်တုံးတွေလည်း ပါဝင်ပြီး တစ်ခြားသော သဘာ၀ ပစ္စည်းတွေနဲ့ လည်း အသုံးပြုခဲ့ကြပါတယ် ။

ရာစုနှစ်တစ်ခု ကျော်လောက်အထိ လူတွေဟာ အိမ်သာတက်ပြီးတိုင်း ကျောက်တုံးတွေနဲ့ သန့်ရှင်းရေး လုပ်ကြတယ်လို့ ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။

 

သစ်သားချောင်း

 

လွန်ခဲ့တဲ့ နှစ်ပေါင်း ( ၂၀၀၀ ) လောက်တုန်းက ရှေးဟောင်းတရုတ်လူမျိုးတွေဟာ ဝါးပင်နဲ့ အခြား သစ်ပင်ကနေ ဖြတ်ထားတဲ့ တုတ်ချောင်းတွေကို သုံးပြီး အိမ်သာတက်တဲ့အခါ သန့်ရှင်းရေး လုပ်ခဲ့ကြပါတယ်။

သူတို့ ရဲ့ ရိုးရာမှာတော့ ဒီလိုနည်းလမ်းကို salaka ၊ cachou နဲ့ chugi လို့ ခေါ်ကြပါတယ်။ အသုံးပြုပုံကတော့ တုတ်ချောင်းရဲ့ ထိပ်ပိုင်းကို အဝတ်ဖြင့်ပတ်ပြီး သန့်ရှင်းရေး လုပ်ကြတာပဲ ဖြစ်ပါတယ်။

 

ခရုခွံ

 

ရှေးတုန်းက လူတွေ ထူးထူးခြား အသုံးပြုခဲ့ကြတဲ့ နောက်ထပ်နည်းလမ်းကတော့ ခရုခွံလိုမျိုး အခွံမာတွေကို အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။

များသောအားဖြင့် ကျွန်းပေါ် နဲ့ ကမ်းရိုးတန်း တစ်လျှောက်မှာနေထိုင်တဲ့သူတွေ အသုံးပြုကြတာဖြစ်ပြီး ယောက်သွားလို အခွံတွေနဲ့ သန့်ရှင်းရေး လုပ်ကြတာပါ။

တစ်ကယ်လို့ ခရုခွံမရှိဘူးဆိုရင် ကျွန်းသူ၊ ကျွန်းသားတွေဟာ အုန်းသီးအခွံတွေနဲ့ သန့်ရှင်းရေး လုပ်ကြပါတယ်။

ဒီနည်းလမ်းဟာ စဉ်းစားလိုက်တာနဲ့တင် အတော်လေးကို အဆင်မပြေချင်စရာကောင်းလှပါတယ်။

အကြောင်းကတော့ ခရုခွံတွေရဲ့ မျက်နှာပြင်က ကြမ်းတမ်းသလို အစွန်းပိုင်းတွေကလည်း ချွန်ထက်နေတာကြောင့်ပဲ ဖြစ်ပါတယ်။

 

သတင်းစာ ၊ မဂ္ဂဇင်း အဟောင်း

 

( ၁၈ ) ရာစုနှစ် အရောက်မှာတော့ အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့ အလေ့အထဟာ အနည်းငယ်ခေတ်မှီလာပြီး လူတွေဟာ သတင်းစာတွေနဲ့ မဂ္ဂဇင်းအဟောင်းတွေကို အသုံးပြုလာကြပါပြီ။

အဲ့ဒီခေတ်အခါတုန်းက အမေရိကန်နိုင်ငံမှာဆိုရင် Farmer’s Almanac ဆိုတဲ့ စာစောင်တွေနဲ့ Sears Catalog လိုဟာမျိုးကို အများဆုံးအသုံးပြုခဲ့ကြပါတယ်။

ခေတ်မီလာတဲ့ အင်အင်ကုန်းစက္ကူတစ်ဖြစ်လည်း သတင်းစာအဟောင်းများ
The Almanac ဆိုရင် သူတို့ရဲ့ စာစောင်တွေကို လူသုံးများလွန်းတာကြောင့် အိမ်သာအခန်းတွေထဲမှာ အလွယ်တကူ ချိတ်ဆွဲထားနိုင်ရန် ထုတ်ဝေကတည်းက အပေါက်လေးပါ ဖောက်ပေးထားပါသေးတယ်။

 

ရေ

 

အရင်ကာလတွေတုန်းက အိန္ဒိယ၊ အာဖရိက နဲ့ အာရပ် နိုင်ငံတွေမှာဆိုရင် သူတို့ရဲ့ ရိုးရာအရ အိမ်သာတက်ပြီးတဲ့ အခါတိုင်း ဘယ်လက်ကို အသုံးပြုပြီး ရေနဲ့ ဆေးကြောလေ့ရှိပါတယ်။

ပြီးတော့မှ လက်ကို ရေနဲ့ ပြန်ပြီးဆေးကြောကြပါတယ်။ သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်အရ ဒီနည်းလမ်းကို ကမ္ဘာပေါ်က နေရာ တစ်ချို့မှာ အသုံးပြုနေဆဲ ဖြစ်တယ်လို့ ဆိုထားပါတယ်။

သမိုင်းသုတေသီပညာရှင်တွေကတော့ လူတွေက လက်ဆွဲနှုတ်ဆက်တဲ့အခါတိုင်း ညာဘက်လက်နဲ့ နှုတ်ဆက်ကြတာဟာ ဒီအကြောင်းအရာနဲ့ ဆက်စပ်နေမယ်လို့လည်း ယူဆထားကြတာတွေ ရှိပါသေးတယ်။

Ref : National Geographhic , Credit – Neo News

error: Content is protected !!