ေအာ္တိုဂီယာကားတစ္စီရဲ႕ သေကၤတမ်ား ( P R N D 3 2 L)

ေအာ္တိုဂီယာကားတစ္စီးရဲ႕ သေကၤတမ်ား ( P R N D 3 2 L)

ကားတစ္စီးရဲ႕ ဂီယာေဘာက္လို႔ေခၚတဲ့ Transmission မွာ Manual (မန္ႏူရယ္) နဲ႔ Automatic Transmission (ေအာ္တိုဂီယာ) ဆိုၿပီး ရွိပါတယ္။

ယခင္က မန္ႏူရယ္ဂီယာမ်ားအကို အသုံးျပဳၾကေပမယ့္ ယေန႔ေခတ္ အိမ္စီးကားေတာ္ေတာ္မ်ားမ်ားမွာ ေအာ္တိုဂီယာကို ပိုမိုအသုံးျပဳလာၾကပါတယ္။

 

ဒီလိုအသုံးျပဳလာၾကတာနဲ႔အမွ် ေအာ္တိုဂီယာကားေတြမွာပါတဲ့ စာလုံးေလးေတြကိုလည္း တိတိက်က်သိဖို႔ လိုအပ္လာပါတယ္။

ေအာ္တိုဂီယာမွာ AT နဲ႔ CVT ဆိုၿပီး ႏွစ္မ်ိဳးထပ္ရွိပါတယ္။ AT ႏွင့္ CVT တူညီတာက P- Park, R- Reverse, N- Neutral, D- Drive တို႔ဘဲျဖစ္ပါတယ္။

ေနာက္ထပ္အေနနဲ႔ AT မွာဆိုရင္ 3 (နံပါတ္ ၃ ဂီယာထိ)၊ 2 (နံပါတ္ ၂ ဂီယာထိ)၊ L – Low (အနိမ့္ဆုံးဂီယာထိ) ဆိုၿပီးပါပါတယ္။ CVT မွာကေတာ့ S- Sport Mode ၊ L – Low Gear စသည္တို႔ ပါဝင္ပါတယ္။

R – Reverse (ဘက္ဂီယာ) ကေတာ့ ကားကို ေနာက္ဆုတ္ခ်င္တဲ့အခါမွာ အသုံးျပဳပါတယ္။ ဒီဂီယာကိုလည္း ကားလုံး၀ ရပ္တန္႔ေနၿပီဆိုမွသာ အသုံးျပဳသင့္ပါတယ္။

 

တကယ္လို႔ ကားက ေရွ႕ကိုလိမ့္ေနတုန္း ဘက္ဂီယာထိုးရင္ ဂီယာေဘာက္ပ်က္စီးတတ္ပါတယ္။

P – Park ဒါကေတာ့ ႐ိုးရွင္းပါတယ္။ မိမိကားကို ရပ္တန္႔ခ်င္တယ္အခါမွာ အသုံးျပဳပါတယ္။ P ထိုးလိုက္တဲ့အခါမွာ ဂီယာေဘာက္တခုလုံးကို ေလာ့ခ်လိုက္တာျဖစ္ၿပီး ကားကရပ္တန္႔ေနမွာျဖစ္ပါတယ္။

ဒါေပမယ့္ အတက္ အဆင္းလမ္းမ်ားမွာဆိုရင္ေတာ့ Parking Brake (ပါကင္ဘရိတ္) ကို တြဲသုံးေစခ်င္ပါတယ္။ P ကို ထိုးခ်င္တယ္ဆိုရင္ ကားလုံးဝရပ္မွ ထိုးသင့္ပါတယ္။ မဟုတ္ရင္ ဂီယာေဘာက္ ပ်က္စီးတတ္ပါတယ္။

N – Neutral (ၾကားေန – Free) ဂီယာကေတာ့ ဘယ္ဂီယာမွ မဝင္ဘဲ ဖရီးျဖစ္ေနတဲ့ အေနအထားဘဲျဖစ္ပါတယ္။ ကားပ်က္လို႔ ကားဆြဲတဲ့အခါ၊ ကားတြန္းတဲ့အခါမ်ားမွာ ဒီဂီယာကို အသုံးျပဳပါတယ္။

 

D – Drive (ေရွ႕သို႔ေမာင္းႏွင္ျခင္း) ဂီယာကိုေတာ့ ကားေရွ႕ကို ေမာင္းႏွင္ခ်င္တဲ့အခါမွာ အသုံးျပဳတာျဖစ္ပါတယ္။

ဥပမာ မိမိကားမွာ ဂီယာ ၆ ခ်က္ရွိတယ္ဆိုရင္ အင္ဂ်င္လည္ပတ္မႈ၊ ကားအရွိန္ေပၚမူတည္ကာ ဂီယာကို အစဥ္လိုက္ ခ်ိန္းေပးသြားမွာျဖစ္ပါတယ္။

3 – 3rd Gear (နံပါတ္ ၃ ဂီယာထိ) ဂီယာထိုးထားဆိုရင္ေတာ့ ေအာ္တိုဂီယာေဘာက္မွာ ပါတဲ့ဂီယာအကုန္ထိ မခ်ိန္းဘဲ နံပါတ္ ၃ ဂီယာအထိသာ ခ်ိန္းေပးမွာျဖစ္ပါတယ္။

ေတာင္ အတက္အဆင္းမ်ားမွာ အသုံးျပဳပါတယ္။ ဆီနည္းနည္းပိုစားေပမယ့္ ဘရိတ္သိပ္သုံးစရာမလိုတဲ့အတြက္ ဘရိတ္ရဲ႕ အပူခ်ိန္ကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

2 – 2nd Gear (နံပါတ္ ၂ ဂီယာထိ) ဂီယာထိုးထားဆိုရင္ေတာ့ ေအာ္တိုဂီယာေဘာက္မွာ ပါတဲ့ဂီယာအကုန္ထိ မခ်ိန္းဘဲ နံပါတ္ ၂ ဂီယာအထိသာ ခ်ိန္းေပးမွာျဖစ္ပါတယ္။

 

ေတာင္ အတက္အဆင္းမ်ားမွာ အသုံးျပဳပါတယ္။ ဆီနည္းနည္းပိုစားေပမယ့္ နံပါတ္ ၃ ဂီယာလိုဘဲ ဘရိတ္သိပ္သုံးစရာမလိုတဲ့အတြက္ ဘရိတ္ရဲ႕ အပူခ်ိန္ကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

S – Sport Mode ဂီယာရဲ႕ အဓိကလုပ္ေဆာင္ေပးတာကေတာ့ Low Gear (ဂီယာႀကီး) ကို ၾကာၾကာထိန္းထားၿပီး ပါဝါပိုထုတ္ေပးတာဘဲျဖစ္ပါတယ္။

ဥပမာ D နဲ႔ေမာင္းလို႔ 50 Km/h ကိုေရာက္ၿပီး ၂ စကၠန္႔ၾကာတဲ့အခါ နံပါတ္ ၂ မွ ၃ ကို ခ်ိန္းေပးတယ္ဆိုရင္ S ဂီယာနဲ႔ဆိုရင္ 50 Km/h ကို ၈ စကၠန္႔ေလာက္မွ ခ်ိန္းေပးပါတယ္။

အေကြ႕အေကာက္ႏွင့္ အတက္အဆင္းလမ္းမ်ားမွာ အသုံးျပဳပါတယ္။ ဆီေတာ့နည္းနည္းပိုစားေပမယ့္ ေတာ္ေတာ္ေလးေမာင္းေကာင္းပါတယ္။

L – Low Gear (ဂီယာႀကီး) ဂီယာကေတာ့ အနိမ့္ဆုံးဂီယာဘဲျဖစ္ပါတယ္။ ဒီဂီယာကို အရမ္းမက္ေစာက္တဲ့ ေတာင္တက္လမ္းေတြ၊ အဆင္းလမ္းေတြမွာ အသုံးျပဳပါတယ္။

L ဂီယာက အနိမ့္ဆုံး ဂီယာ နံပါတ္ ၁ ဂီယာျဖစ္တဲ့ ဂီယာႀကီးဘဲ ျဖစ္ပါတယ္။ (Credit original owner)

Unicode

အော်တိုဂီယာကားတစ်စီးရဲ့ သင်္ကေတများ ( P R N D 3 2 L)

 

ကားတစ်စီးရဲ့ ဂီယာဘောက်လို့ခေါ်တဲ့ Transmission မှာ Manual (မန်နူရယ်) နဲ့ Automatic Transmission (အော်တိုဂီယာ) ဆိုပြီး ရှိပါတယ်။

ယခင်က မန်နူရယ်ဂီယာများအကို အသုံးပြုကြပေမယ့် ယနေ့ခေတ် အိမ်စီးကားတော်တော်များများမှာ အော်တိုဂီယာကို ပိုမိုအသုံးပြုလာကြပါတယ်။

ဒီလိုအသုံးပြုလာကြတာနဲ့အမျှ အော်တိုဂီယာကားတွေမှာပါတဲ့ စာလုံးလေးတွေကိုလည်း တိတိကျကျသိဖို့ လိုအပ်လာပါတယ်။

အော်တိုဂီယာမှာ AT နဲ့ CVT ဆိုပြီး နှစ်မျိုးထပ်ရှိပါတယ်။ AT နှင့် CVT တူညီတာက P- Park, R- Reverse, N- Neutral, D- Drive တို့ဘဲဖြစ်ပါတယ်။

 

နောက်ထပ်အနေနဲ့ AT မှာဆိုရင် 3 (နံပါတ် ၃ ဂီယာထိ)၊ 2 (နံပါတ် ၂ ဂီယာထိ)၊ L – Low (အနိမ့်ဆုံးဂီယာထိ) ဆိုပြီးပါပါတယ်။ CVT မှာကတော့ S- Sport Mode ၊ L – Low Gear စသည်တို့ ပါဝင်ပါတယ်။

R – Reverse (ဘက်ဂီယာ) ကတော့ ကားကို နောက်ဆုတ်ချင်တဲ့အခါမှာ အသုံးပြုပါတယ်။ ဒီဂီယာကိုလည်း ကားလုံး၀ ရပ်တန့်နေပြီဆိုမှသာ အသုံးပြုသင့်ပါတယ်။

တကယ်လို့ ကားက ရှေ့ကိုလိမ့်နေတုန်း ဘက်ဂီယာထိုးရင် ဂီယာဘောက်ပျက်စီးတတ်ပါတယ်။

P – Park ဒါကတော့ ရိုးရှင်းပါတယ်။ မိမိကားကို ရပ်တန့်ချင်တယ်အခါမှာ အသုံးပြုပါတယ်။ P ထိုးလိုက်တဲ့အခါမှာ ဂီယာဘောက်တခုလုံးကို လော့ချလိုက်တာဖြစ်ပြီး ကားကရပ်တန့်နေမှာဖြစ်ပါတယ်။

ဒါပေမယ့် အတက် အဆင်းလမ်းများမှာဆိုရင်တော့ Parking Brake (ပါကင်ဘရိတ်) ကို တွဲသုံးစေချင်ပါတယ်။

 

P ကို ထိုးချင်တယ်ဆိုရင် ကားလုံးဝရပ်မှ ထိုးသင့်ပါတယ်။ မဟုတ်ရင် ဂီယာဘောက် ပျက်စီးတတ်ပါတယ်။

N – Neutral (ကြားနေ – Free) ဂီယာကတော့ ဘယ်ဂီယာမှ မဝင်ဘဲ ဖရီးဖြစ်နေတဲ့ အနေအထားဘဲဖြစ်ပါတယ်။ ကားပျက်လို့ ကားဆွဲတဲ့အခါ၊ ကားတွန်းတဲ့အခါများမှာ ဒီဂီယာကို အသုံးပြုပါတယ်။

D – Drive (ရှေ့သို့မောင်းနှင်ခြင်း) ဂီယာကိုတော့ ကားရှေ့ကို မောင်းနှင်ချင်တဲ့အခါမှာ အသုံးပြုတာဖြစ်ပါတယ်။

ဥပမာ မိမိကားမှာ ဂီယာ ၆ ချက်ရှိတယ်ဆိုရင် အင်ဂျင်လည်ပတ်မှု၊ ကားအရှိန်ပေါ်မူတည်ကာ ဂီယာကို အစဉ်လိုက် ချိန်းပေးသွားမှာဖြစ်ပါတယ်။

3 – 3rd Gear (နံပါတ် ၃ ဂီယာထိ) ဂီယာထိုးထားဆိုရင်တော့ အော်တိုဂီယာဘောက်မှာ ပါတဲ့ဂီယာအကုန်ထိ မချိန်းဘဲ နံပါတ် ၃ ဂီယာအထိသာ ချိန်းပေးမှာဖြစ်ပါတယ်။

တောင် အတက်အဆင်းများမှာ အသုံးပြုပါတယ်။ ဆီနည်းနည်းပိုစားပေမယ့် ဘရိတ်သိပ်သုံးစရာမလိုတဲ့အတွက် ဘရိတ်ရဲ့ အပူချိန်ကိုလည်း လျော့ချပေးပါတယ်။

 

2 – 2nd Gear (နံပါတ် ၂ ဂီယာထိ) ဂီယာထိုးထားဆိုရင်တော့ အော်တိုဂီယာဘောက်မှာ ပါတဲ့ဂီယာအကုန်ထိ မချိန်းဘဲ နံပါတ် ၂ ဂီယာအထိသာ ချိန်းပေးမှာဖြစ်ပါတယ်။

တောင် အတက်အဆင်းများမှာ အသုံးပြုပါတယ်။ ဆီနည်းနည်းပိုစားပေမယ့် နံပါတ် ၃ ဂီယာလိုဘဲ ဘရိတ်သိပ်သုံးစရာမလိုတဲ့အတွက် ဘရိတ်ရဲ့ အပူချိန်ကိုလည်း လျော့ချပေးပါတယ်။

S – Sport Mode ဂီယာရဲ့ အဓိကလုပ်ဆောင်ပေးတာကတော့ Low Gear (ဂီယာကြီး) ကို ကြာကြာထိန်းထားပြီး ပါဝါပိုထုတ်ပေးတာဘဲဖြစ်ပါတယ်။

 

ဥပမာ D နဲ့မောင်းလို့ 50 Km/h ကိုရောက်ပြီး ၂ စက္ကန့်ကြာတဲ့အခါ နံပါတ် ၂ မှ ၃ ကို ချိန်းပေးတယ်ဆိုရင် S ဂီယာနဲ့ဆိုရင် 50 Km/h ကို ၈ စက္ကန့်လောက်မှ ချိန်းပေးပါတယ်။

အကွေ့အကောက်နှင့် အတက်အဆင်းလမ်းများမှာ အသုံးပြုပါတယ်။ ဆီတော့နည်းနည်းပိုစားပေမယ့် တော်တော်လေးမောင်းကောင်းပါတယ်။

L – Low Gear (ဂီယာကြီး) ဂီယာကတော့ အနိမ့်ဆုံးဂီယာဘဲဖြစ်ပါတယ်။ ဒီဂီယာကို အရမ်းမက်စောက်တဲ့ တောင်တက်လမ်းတွေ၊ အဆင်းလမ်းတွေမှာ အသုံးပြုပါတယ်။

L ဂီယာက အနိမ့်ဆုံး ဂီယာ နံပါတ် ၁ ဂီယာဖြစ်တဲ့ ဂီယာကြီးဘဲ ဖြစ်ပါတယ်။ (Credit original owner)

error: Content is protected !!