သူေတာင္းစားႏွင့္ ဘုရင္ႀကီးရဲ႕ပြဲေတာ္အုပ္ (တစ္ခ်ိဳ႕ကိစၥေတြက ကိုယ္မွန္ေပမယ့္ အေရးတယူလုပ္ဖို႔ မတန္တာေတြ အမ်ားႀကီးပါ)

သူေတာင္းစားႏွင့္ ဘုရင္ႀကီးရဲ႕ပြဲေတာ္အုပ္


သူေတာင္းစားမ ကိုယ္ဝန္ရေတာ့ ဘုရင့္ပြဲေတာ္အုပ္မွ စားခ်င္တယ္လို႔ ခ်ဥ္ခ်င္းတပ္တယ္..

အဲ့ေတာ့ သူ႔ေယာက္်ား သူေတာင္းစားကို ပူဆာတယ္။

ေမာင္ေတာ္ ဘုရင့္ ပြဲေတာ္အုပ္ စားခ်င္တယ္ လို႔ႏွမေတာ္ခ်ဥ္ခ်င္းတပ္တယ္ .. ဘုရင့္ပြဲေတာ္အုပ္မွ မစား ရရင္ ႏွမေတာ္ ေသရ ပါလိမ့္မယ္ ေမာင္ေတာ္ ရေအာင္ယူေပးပါ။ ”

 

ဪႏွမေတာ္ရယ္ သူေတာင္းစားနဲ႔ ဘုရင့္ပြဲေတာ္အုပ္ မတန္မရာ တျခားဟာဆိုေတာ္ေသး..”ဒို႔က သူေတာင္းစား “ဘုရင့္ ပြဲေတာ္အုပ္ မတန္မရာ ဘယ္လိုယူလို႔ရမလဲ..”

” ေမာင္ေတာ္ ႏွမေတာ္ကိုခ်စ္ရင္ ယူေပးရမယ္မဟုတ္လို႔ကေတာ့ ႏွမေတာ္ေဒါသကိုသိတယ္ေနာ္ ”

အဲ့ဒီေတာ့ သူေတာင္းစား စဥ္းစားတယ္ နန္းေတာ္ထဲဝင္ခိုးလို႔ မလြယ္ဘူး မိရင္ ငါေသမွာ..

အဲ့ဒီေတာ့ ရဟန္းအသြင္ေဆာင္ၿပီးဆြမ္းခံ ႂကြရင္ အဆင္ေျပ မယ္..ေခါင္း တုံး သကၤန္းပတ္ သပိတ္လြယ္ၿပီး နန္းေတာ္ေရွ႕ကိုႂကြ.. သူေတာင္းစားဆိုေတာ့ ဟန္ေဆာင္ေကာင္းတယ္။

နန္းေတာ္ေရွ႕မွာ ဣေျႏၵ အျပည့္နဲ႔ ရပ္ေနတာ ဘုရင္ကေတြ႕ေတာ့ ပညာရွိဘုရင္ပဲ သိတာေပါ့

ဘုရင္က”ငါဒီရဟန္းအတုကို ေမာင္းထုတ္လိုက္ရင္ ဒီဘုရင္ရဟန္းကို မ႐ိုမေသ လုပ္တယ္ဆိုၿပီး အမ်ားျပည္သူေတြက ငါ့ကို ကဲ့ရဲ႕ရႈတ္ခ်ၾကမယ္.”

 

ဒီေတာ့ ဘုရင္ကအမတ္ကိုေျပာတယ္..`ဒီရဟန္းထူးျခားတယ္ ေခါင္းကလဲ ခုမွရိပ္ထားသကဲ့သို႔စိမ္းလို႔ ဣေျႏၵ အျပည့္နဲ႔ ,,

ဒါနဲ႔ အမတ္တစ္ေယာက္ကို လႊတ္ၿပီး “ဘာအလိုရွိလဲ ေလ်ာက္လိုက္စမ္း..ဆိုၿပီးခိုင္းတယ္။

အမတ္က ရဟန္းတုကိုေမးၿပီးျပန္လာ ဘုရင္ကိုျပန္ေလ်ာက္တင္တယ္“ ဘုရင့္ပြဲေတာ္အုပ္ အလႉခံခ်င္တယ္တဲ့ဘုရားေပါ့ ေလ်ာက္တယ္။

ဘုရင္က”ဒါဆို ယူၿပီးကပ္လိုက္စမ္း.”ၿပီးေတာ့ ဘုရင္က အမတ္ကိုေျပာတယ္”ဒီရဟန္းထူးျခားတယ္၊အေနာက္ကေန မသိမသာ လိုက္ေခ်ာင္းစမ္း၊ ဘာလဲသိရေအာင္”ေပါ့။

ဒါနဲ႔အမတ္က အေနာက္ကေနလိုက္ ၿမိဳ႕ျပင္ဇရပ္နားေရာက္ေတာ့ သူေတာင္းစားက သကၤန္းကို ခြၽတ္လိုက္ေတာ့ ေအာက္ကလူဝတ္ကိုလည္းျမင္ေကာ” ဒီေကာင္သူေတာင္းစားပဲ.”ဆိုတာ သိလိုက္တယ္။

အမတ္ကလဲ ပညာရွိအမတ္ဆိုေတာ့စဥ္းစားတယ္“ ငါ ဘုရင္ကို အမွန္အတိုင္း ျပန္ေလ်ာက္ရင္ ဘုရင္က ဒီသူေတာင္းစား ကို သတ္လိမ့္မယ္..

ဒီသူေတာင္းစား အဆင့္ေလာက္နဲ႔ ငါ့ ဘုရင္ အကုသိုလ္ ျဖစ္ ရတာ “မတန္ပါဘူး”လို႔ စဥ္းစားၿပီး နန္းေတာ္ကိုျပန္တယ္။

နန္းေတာ္ျပန္ေရာက္ေတာ့ ဘုရင္ကေမးတယ္ဟိုရဟန္း အေျခေနဘာထူးလဲအမတ္ လို႔ ေမးေတာ့

အမတ္က“ မွန္လွပါ အရွင္ဘုရားရဲ႕ဘုန္းေတာ္ေၾကာင့္ ၿမိဳ႕ျပင္ဇရပ္တစ္ေနရာမွာၾကည့္ရင္းၾကည့္ရင္းနဲ႔ ရဟန္းအသြင္ေပ်ာက္သြားပါတယ္ဘုရား လို႔ ေလ်ာက္တင္ေတာ့

အေရးတယူ လုပ္ရမည့္ကိစၥမဟုတ္ေတာ့ ဘုရင္ကလည္း သိလ်က္နဲ႔ ၿပဳံးေတာ္ပဲ မူလိုက္တယ္.။

” မတန္လို႔ ဒီတိုင္းလႊတ္ထားတာကို မသိဘူးလို႔ေတာ့ မထင္ပါနဲ႔” တဲ့

တစ္ခ်ိဳ႕ကိစၥေတြက ကိုယ္မွန္ေပမယ့္ အေရးတယူလုပ္ဖို႔ မတန္တာေတြ အမ်ားႀကီးမို႔ တုဖက္ၿပိဳင္ၿပီး ျငင္းမေနၾကဘဲ ဥေပကၡာ ျပဳသင့္တယ္မဟုတ္ပါလား။

မူရင္းေရးသားသူအား ေလးစားစြာ ဂါရဝျပဳ ပါသည္

Unicode

သူတောင်းစားနှင့် ဘုရင်ကြီးရဲ့ပွဲတော်အုပ်

သူတောင်းစားမ ကိုယ်ဝန်ရတော့ ဘုရင့်ပွဲတော်အုပ်မှ စားချင်တယ်လို့ ချဉ်ချင်းတပ်တယ်..
အဲ့တော့ သူ့ယောက်ျား သူတောင်းစားကို ပူဆာတယ်။

မောင်တော် ဘုရင့် ပွဲတော်အုပ် စားချင်တယ် လို့နှမတော်ချဉ်ချင်းတပ်တယ် .. ဘုရင့်ပွဲတော်အုပ်မှ မစား ရရင် နှမတော် သေရ ပါလိမ့်မယ် မောင်တော် ရအောင်ယူပေးပါ။ ”

ဪနှမတော်ရယ် သူတောင်းစားနဲ့ ဘုရင့်ပွဲတော်အုပ် မတန်မရာ တခြားဟာဆိုတော်သေး..”ဒို့က သူတောင်းစား “ဘုရင့် ပွဲတော်အုပ် မတန်မရာ ဘယ်လိုယူလို့ရမလဲ..”

 

” မောင်တော် နှမတော်ကိုချစ်ရင် ယူပေးရမယ်မဟုတ်လို့ကတော့ နှမတော်ဒေါသကိုသိတယ်နော် ”

အဲ့ဒီတော့ သူတောင်းစား စဉ်းစားတယ် နန်းတော်ထဲဝင်ခိုးလို့ မလွယ်ဘူး မိရင် ငါသေမှာ..အဲ့ဒီတော့ ရဟန်းအသွင်ဆောင်ပြီးဆွမ်းခံ ကြွရင် အဆင်ပြေ မယ်..

ခေါင်း တုံး သင်္ကန်းပတ် သပိတ်လွယ်ပြီး နန်းတော်ရှေ့ကိုကြွ.. သူတောင်းစားဆိုတော့ ဟန်ဆောင်ကောင်းတယ်။

 

နန်းတော်ရှေ့မှာ ဣနြေ္ဒ အပြည့်နဲ့ ရပ်နေတာ ဘုရင်ကတွေ့တော့ ပညာရှိဘုရင်ပဲ သိတာပေါ့

ဘုရင်က”ငါဒီရဟန်းအတုကို မောင်းထုတ်လိုက်ရင် ဒီဘုရင်ရဟန်းကို မရိုမသေ လုပ်တယ်ဆိုပြီး အများပြည်သူတွေက ငါ့ကို ကဲ့ရဲ့ရှုတ်ချကြမယ်.”

ဒီတော့ ဘုရင်ကအမတ်ကိုပြောတယ်..`ဒီရဟန်းထူးခြားတယ် ခေါင်းကလဲ ခုမှရိပ်ထားသကဲ့သို့စိမ်းလို့ ဣနြေ္ဒ အပြည့်နဲ့ ,, ဒါနဲ့ အမတ်တစ်ယောက်ကို လွှတ်ပြီး “ဘာအလိုရှိလဲ လျောက်လိုက်စမ်း..ဆိုပြီးခိုင်းတယ်။

 

အမတ်က ရဟန်းတုကိုမေးပြီးပြန်လာ ဘုရင်ကိုပြန်လျောက်တင်တယ်“ ဘုရင့်ပွဲတော်အုပ် အလှူခံချင်တယ်တဲ့ဘုရားပေါ့ လျောက်တယ်။

ဘုရင်က”ဒါဆို ယူပြီးကပ်လိုက်စမ်း.”ပြီးတော့ ဘုရင်က အမတ်ကိုပြောတယ်”ဒီရဟန်းထူးခြားတယ်၊အနောက်ကနေ မသိမသာ လိုက်ချောင်းစမ်း၊ ဘာလဲသိရအောင်”ပေါ့။

ဒါနဲ့အမတ်က အနောက်ကနေလိုက် မြို့ပြင်ဇရပ်နားရောက်တော့ သူတောင်းစားက သင်္ကန်းကို ချွတ်လိုက်တော့ အောက်ကလူဝတ်ကိုလည်းမြင်ကော” ဒီကောင်သူတောင်းစားပဲ.”ဆိုတာ သိလိုက်တယ်။

အမတ်ကလဲ ပညာရှိအမတ်ဆိုတော့စဉ်းစားတယ်“ ငါ ဘုရင်ကို အမှန်အတိုင်း ပြန်လျောက်ရင် ဘုရင်က ဒီသူတောင်းစား ကို သတ်လိမ့်မယ်..

ဒီသူတောင်းစား အဆင့်လောက်နဲ့ ငါ့ ဘုရင် အကုသိုလ် ဖြစ် ရတာ “မတန်ပါဘူး”လို့ စဉ်းစားပြီး နန်းတော်ကိုပြန်တယ်။

 

နန်းတော်ပြန်ရောက်တော့ ဘုရင်ကမေးတယ်ဟိုရဟန်း အခြေနေဘာထူးလဲအမတ် လို့ မေးတော့

အမတ်က“ မှန်လှပါ အရှင်ဘုရားရဲ့ဘုန်းတော်ကြောင့် မြို့ပြင်ဇရပ်တစ်နေရာမှာကြည့်ရင်းကြည့်ရင်းနဲ့ ရဟန်းအသွင်ပျောက်သွားပါတယ်ဘုရား လို့ လျောက်တင်တော့

အရေးတယူ လုပ်ရမည့်ကိစ္စမဟုတ်တော့ ဘုရင်ကလည်း သိလျက်နဲ့ ပြုံးတော်ပဲ မူလိုက်တယ်.။

” မတန်လို့ ဒီတိုင်းလွှတ်ထားတာကို မသိဘူးလို့တော့ မထင်ပါနဲ့” တဲ့

တစ်ချို့ကိစ္စတွေက ကိုယ်မှန်ပေမယ့် အရေးတယူလုပ်ဖို့ မတန်တာတွေ အများကြီးမို့ တုဖက်ပြိုင်ပြီး ငြင်းမနေကြဘဲ ဥပေက္ခာ ပြုသင့်တယ်မဟုတ်ပါလား။

မူရင်းရေးသားသူအား လေးစားစွာ ဂါရဝပြု ပါသည်

error: Content is protected !!