မီးဖိုေခ်ာင္ထြက္ စြန္႔ပစ္ပစၥည္းမ်ားျဖင့္ သဘာဝေျမၾသဇာျပဳလုပ္နည္း

မီးဖိုေခ်ာင္ထြက္ စြန္႔ပစ္ပစၥည္းမ်ားျဖင့္ သဘာဝေျမၾသဇာျပဳလုပ္နည္း

ယ ခု ေခတ္ မွာ သီး ႏွံ ေတြ အ ထြက္ တိုး ေရးအ တြက္ နိုက္ ထ ရို ဂ်င္၊ ေဖာ့စ္ ဖ ရပ္၊ပို တက္စီ ယမ္ ဓာတ္ ေတြ ပါ တဲ့ ကြန္ ေပါင္း ဓာတ္ ေျမၾသ ဇာ ေတြ၊

အ ရြက္ ဖ်န္း ေၿမ ၾသ ဇာ အ ရည္ေတြ ေတာ္ ေတာ္ က်ယ္ က်ယ္ ျပန႔္ ျပန႔္ အ သုံးျပဳ လာ ၾက တာ ေတြ႕ ရ တယ္။ အာ ဟာ ရပါ ဝင္ မွု ပ မာ ဏ စစ္ မွန္ ရင္ ေတာ့ အာ နိ သင္

ထိေရာက္မွုေကာင္းတာ ေတြ႕ရတယ္။ ဒါေပမယ့္ နိုင္ငံျခားကတင္သြင္းၾကတာဆိုေတာ့ေဈးႀကီးတယ္။

 

တစ္ခါတေလ တခ်ိဳ႕သီးႏွံေတြမွာ စီးပြား ေရးတြက္ေျခမကိုက္တာ ေတြ႕ရတယ္။F a c e B o o k စာမ်က္ႏွာ၊

စိုက္ပ်ိဳးေရးနည္းပညာျပန႔္ပြားေရး G r o u p ကေန မၽွေဝထားတဲ့ N P K ဓာတ္ေတြပါတဲ့ သဘာဝေျမၾသဇာအရည္

(အရြက္ဖ်န္း) ကိုျပည္တြင္းရွိၿပီးျဖစ္တဲ့ သဘာဝပစၥည္းေတြနဲ႔ လြယ္လြယ္ျပဳလုပ္သုံးစြဲနည္းေလးကို ေတာင္သူလယ္သမားႀကီးမ်ားရဲ့ အက်ိဳးအ တြက္ ထပ္ဆင့္မၽွ ေဝေပးလိုက္ပါတယ္။

 

လိုအပ္တဲ့ပစၥည္းေတြကေတာ့ – (၁)ထမင္းေျခာက္ (စား ႂကြင္း၊ စားက်န္ ပိုေနတဲ့ထမင္းေရေဆး ေနလွန္း အေျခာက္ခံထားတဲ့ပစၥည္း) ကီလိုဝက္။

(၂)ဟင္းသီးဟင္းရြက္(ေရာင္းမကုန္၊ခ်က္ျပဳတ္ပိုလၽွံလႊင့္ပစ္ရမယ့္အသီးအရြက္အတိုအစမ်ား) ကီလိုဝက္။

(၃) အုန္းစိမ္းရည္ ၁၀ ဇြန္း။

(၄)EM (Effective Microorganism) တစ္ဇြန္း။

(၅)သၾကားေလးဇြန္း။

(၆) ေရသန႔္တစ္လီတာ

ပဳလုပ္သုံးစြဲနည္း

သန႔္ရွင္းၿပီးအဖုံးပါတဲ့ ဘူးတစ္ခုထဲသို႔ ႏုပ္ႏုပ္စဥ္းထားတဲ့ ဟင္း သီးဟင္း ရြက္အတိုအစမ်ားကိုထည့္ပါ။

ထမင္းေျခာက္ကီလိုဝက္ကိုထည့္ပါ။အုန္းစိမ္းရည္ ၁၀ဇြန္း၊EM တစ္ဇြန္း၊ သၾကားေလးဇြန္း၊ ေရသန႔္တစ္လီတာ တို႔ကိုထည့္ၿပီးေနာက္ သမသြားေအာင္ေကာင္းစြာေမႊေပးပါ။

ၿပီးရင္အဖုံးလုံေအာင္ပိတ္ၿပီးအရိပ္ထဲမွာ တစ္ပတ္ထားပါ။ ရက္ျပည့္တဲ့အခါ စြပ္ က်ယ္စ (သို႔) ပိတ္ပါးစနဲ႔စစ္ယူၿပီးရရွိတဲ့အရည္ကို အသုံးျပဳနိုင္ပါတယ္။

ေဆးဖ်န္းပုံးတစ္ပုံးကို ေရအျပည့္ ေလးဂါလန္ခန႔္ထည့္ၿပီး ေဆးရည္စတီးဇြန္းငါးဇြန္း ထည့္ဖ်န္းနိုင္ပါတယ္။

အပင္ရင္း၊ ပင္စည္၊ အရြက္အား လုံး ဖ်န္းနိုင္ပါတယ္။ သဘာဝပစၥည္းမ်ားနဲ႔ ျပဳလုပ္ထားတဲ့ ဓာတ္ေျမၾသဇာအရည္ ျဖစ္တဲ့အတြက္ အရြက္ေလာင္တာမရွိနိုင္ပါ။

NPK ၁၅ ပတ္လည္ ဓာတ္ေျမၾသဇာအရည္နဲ႔ အာနိသင္ညီမၽွတယ္လို႔ဆိုပါတယ္။အသုံးျပဳနိုင္ေသာ သီးႏွံမ်ားစပါး၊ အေစ့ထုတ္ေျပာင္း၊

ပဲမ်ိဳးစုံ၊ မတ္ပဲ၊ ပဲတီစိမ္း၊ ကုလားပဲ၊ ပဲစင္းငုံ၊ ေျမပဲ၊ဟင္းသီး ဟင္းရြက္မ်ိဳးစုံ၊ သစ္သီး ဝလံပင္မ်ား၊သရက္၊ကၽြဲေကာ၊ငွက္ေပ်ာ၊ လိေမၼာ္ မက္မန္း၊

ဒူးရင္း၊ ၾကက္ေမာက္၊ မင္းကြတ္၊သံ ပရာ၊ ေထာပတ္သီး၊ ဖရဲ၊ သခြားေမႊး စသည္တို႔

မွာအသုံးျပဳနိုင္တယ္လို႔ ဆိုပါတယ္။ သီးႏွံတစ္မ်ိဳးကို ငါးႀကိမ္၊ ေျခာက္ႀကိမ္ေလာက္ ဖ်န္းနိုင္ပါက ပို၍သိသိသာသာေကာင္းမြန္တယ္လို႔ ဆိုပါတယ္။

ျပည္ပကဝင္လာတဲ့ ၁၅ ပတ္လည္၊ ၁၆ ပတ္လည္NPK အရြက္ဖ်န္းေျမၾသဇာေတြဟာ ေဈးႏွုန္းလည္းႀကီးျမင့္တယ္။

ဓာတ္ႂကြင္းလည္းက်န္မယ္၊ ဒီသဘာ၀ NPK ေျမၾသဇာအရည္ဟာ မိမိျပည္တြင္းက ပစၥည္းေတြနဲ႔ လြယ္လြယ္လုပ္လို႔ရမယ္၊

ေဈးႏွုန္းလည္း သက္ သာမယ္၊ ဓာတ္ႂကြင္း အႏၲရာယ္လည္း ကင္းေဝးမယ္၊ ဒါေၾကာင့္ အက်ိဳးေက်းဇူးမ်ားစြာ

ရရွိနိုင္တဲ့အ တြက္ေတာင္သူလယ္သမားႀကီးမ်ားက စမ္းသပ္ျပဳလုပ္သုံးစြဲသင့္ပါတယ္လို႔ ထပ္ဆင့္မၽွေဝလိုက္ရပါတယ္ခင္ဗ်ား။ (Credit)

Unicode

မီးဖိုချောင်ထွက် စွန့်ပစ်ပစ္စည်းများဖြင့် သဘာဝမြေသြဇာပြုလုပ်နည်း

 

ယ ခု ခေတ် မှာ သီး နှံ တွေ အ ထွက် တိုး ရေးအ တွက် နိုက် ထ ရို ဂျင်၊ ဖော့စ် ဖ ရပ်၊ပို တက်စီ ယမ် ဓာတ် တွေ ပါ တဲ့ ကွန် ပေါင်း ဓာတ် မြေသြ ဇာ တွေ၊

အ ရွက် ဖျန်း မြေ သြ ဇာ အ ရည်တွေ တော် တော် ကျယ် ကျယ် ပြန့် ပြန့် အ သုံးပြု လာ ကြ တာ တွေ့ ရ တယ်။

အာ ဟာ ရပါ ဝင် မှု ပ မာ ဏ စစ် မှန် ရင် တော့ အာ နိ သင်ထိရောက်မှုကောင်းတာ တွေ့ရတယ်။

 

ဒါပေမယ့် နိုင်ငံခြားကတင်သွင်းကြတာဆိုတော့ဈေးကြီးတယ်။ တစ်ခါတလေ တချို့သီးနှံတွေမှာ စီးပွား ရေးတွက်ခြေမကိုက်တာ တွေ့ရတယ်။

F a c e B o o k စာမျက်နှာ၊ စိုက်ပျိုးရေးနည်းပညာပြန့်ပွားရေး G r o u p ကနေ မျှဝေထားတဲ့ N P K ဓာတ်တွေပါတဲ့ သဘာဝမြေသြဇာအရည်

(အရွက်ဖျန်း) ကိုပြည်တွင်းရှိပြီးဖြစ်တဲ့ သဘာဝပစ္စည်းတွေနဲ့ လွယ်လွယ်ပြုလုပ်သုံးစွဲနည်းလေးကို တောင်သူလယ်သမားကြီးများရဲ့ အကျိုးအ တွက် ထပ်ဆင့်မျှ ဝေပေးလိုက်ပါတယ်။

 

လိုအပ်တဲ့ပစ္စည်းတွေကတော့ – (၁)ထမင်းခြောက် (စား ကြွင်း၊ စားကျန် ပိုနေတဲ့ထမင်းရေဆေး နေလှန်း အခြောက်ခံထားတဲ့ပစ္စည်း) ကီလိုဝက်။

(၂)ဟင်းသီးဟင်းရွက်(ရောင်းမကုန်၊ချက်ပြုတ်ပိုလျှံလွှင့်ပစ်ရမယ့်အသီးအရွက်အတိုအစများ) ကီလိုဝက်။

(၃) အုန်းစိမ်းရည် ၁၀ ဇွန်း။

(၄)EM (Effective Microorganism) တစ်ဇွန်း။

(၅)သကြားလေးဇွန်း။

(၆) ရေသန့်တစ်လီတာ

 

ပြုလုပ်သုံးစွဲနည်း

သန့်ရှင်းပြီးအဖုံးပါတဲ့ ဘူးတစ်ခုထဲသို့ နုပ်နုပ်စဉ်းထားတဲ့ ဟင်း သီးဟင်းရွက်အတိုအစများကိုထည့်ပါ။

ထမင်းခြောက်ကီလိုဝက်ကိုထည့်ပါ။အုန်းစိမ်းရည် ၁၀ဇွန်း၊EM တစ်ဇွန်း၊ သကြားလေးဇွန်း၊ ရေသန့်တစ်လီတာ တို့ကိုထည့်ပြီးနောက် သမသွားအောင်ကောင်းစွာမွှေပေးပါ။

ပြီးရင်အဖုံးလုံအောင်ပိတ်ပြီးအရိပ်ထဲမှာ တစ်ပတ်ထားပါ။ ရက်ပြည့်တဲ့အခါ စွပ် ကျယ်စ (သို့) ပိတ်ပါးစနဲ့စစ်ယူပြီးရရှိတဲ့အရည်ကို အသုံးပြုနိုင်ပါတယ်။

 

ဆေးဖျန်းပုံးတစ်ပုံးကို ရေအပြည့် လေးဂါလန်ခန့်ထည့်ပြီး ဆေးရည်စတီးဇွန်းငါးဇွန်း ထည့်ဖျန်းနိုင်ပါတယ်။ အပင်ရင်း၊ ပင်စည်၊ အရွက်အား လုံး ဖျန်းနိုင်ပါတယ်။

သဘာဝပစ္စည်းများနဲ့ ပြုလုပ်ထားတဲ့ ဓာတ်မြေသြဇာအရည် ဖြစ်တဲ့အတွက် အရွက်လောင်တာမရှိနိုင်ပါ။ NPK ၁၅ ပတ်လည် ဓာတ်မြေသြဇာအရည်နဲ့ အာနိသင်ညီမျှတယ်လို့ဆိုပါတယ်။

အသုံးပြုနိုင်သော သီးနှံများစပါး၊ အစေ့ထုတ်ပြောင်း၊ ပဲမျိုးစုံ၊ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲစင်းငုံ၊ မြေပဲ၊ဟင်းသီး ဟင်းရွက်မျိုးစုံ၊ သစ်သီး ဝလံပင်များ၊

သရက်၊ကျွဲကော၊ငှက်ပျော၊ လိမ္မော် မက်မန်း၊ ဒူးရင်း၊ ကြက်မောက်၊ မင်းကွတ်၊သံ ပရာ၊ ထောပတ်သီး၊ ဖရဲ၊ သခွားမွှေး စသည်တို့မှာအသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

 

သီးနှံတစ်မျိုးကို ငါးကြိမ်၊ ခြောက်ကြိမ်လောက် ဖျန်းနိုင်ပါက ပို၍သိသိသာသာကောင်းမွန်တယ်လို့ ဆိုပါတယ်။

ပြည်ပကဝင်လာတဲ့ ၁၅ ပတ်လည်၊ ၁၆ ပတ်လည်NPK အရွက်ဖျန်းမြေသြဇာတွေဟာ ဈေးနှုန်းလည်းကြီးမြင့်တယ်။ ဓာတ်ကြွင်းလည်းကျန်မယ်၊

ဒီသဘာ၀ NPK မြေသြဇာအရည်ဟာ မိမိပြည်တွင်းက ပစ္စည်းတွေနဲ့ လွယ်လွယ်လုပ်လို့ရမယ်၊ ဈေးနှုန်းလည်း သက် သာမယ်၊

ဓာတ်ကြွင်း အန္တရာယ်လည်း ကင်းဝေးမယ်၊ ဒါကြောင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်တဲ့အ တွက်တောင်သူလယ်သမားကြီးများက စမ်းသပ်ပြုလုပ်သုံးစွဲသင့်ပါတယ်လို့ ထပ်ဆင့်မျှဝေလိုက်ရပါတယ်ခင်ဗျား။ (Credit)

error: Content is protected !!