မ်က္ႏွာ(၂)ဖက္နဲ႔ ခ်စ္စရာေကာင္းလြန္းတဲ့ေၾကာင္မေလး

မ်က္ႏွာ(၂)ဖက္နဲ႔ နာမည္ႀကီးေနတဲ့ ခ်စ္စဖြယ္ေၾကာင္မေလး

Bettie Bee လို႔အမည္ေပးထားတဲ့ ေၾကာင္မေလးကေတာ့ ထူးျခားတဲ့ ေၾကာင္မေလးတစ္ေကာင္ ျဖစ္ၿပီး၊

မ်က္ႏွာႏွစ္ဖက္၊ ႏွာေခါင္းႏွစ္ခု၊ မ်က္လုံးသုံးလုံးနဲ႔ ေမြးဖြားလာခဲ့တဲ့ ေၾကာင္ကေလးတစ္ေကာင္ပါ။

ေၾကာင္ပိုင္ရွင္ေတြကေတာ့ ေတာင္အာဖရိကၿမိဳ႕ေတာ္ ကိပ္ေတာင္းအေရွ႕ပိုင္းမွာ ေနထိုင္ၾကၿပီး အသက္ရွည္မွာပါလို႔ တိ/ကုဆရာဝန္က ေျပာပါတယ္။

Bee ရဲ႕ မိခင္ေၾကာင္မႀကီးဟာ ၿပီးခဲ့တဲ့ (၁၁)ရက္ေက်ာ္က ေမြးခ်င္း (၃)ေကာင္နဲ႔အတူ Bee ကို ေမြးဖြားခဲ့တာျဖစ္ၿပီး၊

ေၾကာင္ေမြးဖြားမႈ သမိုင္းမွာေတာ့ ထူးျခားတဲ့ ျဖစ္စဥ္တစ္ခုပါ။

Bee ကို ေမြးဖြာစဥ္ခဏက အသက္အႏၲရာယ္ရွိမယ္လို႔ ထင္ခဲ့ေပမယ့္ အခုေတာ့ စိတ္ခ်ရတဲ့ အေနအထားပါ။

 

Bee အတြက္ ဖြင့္ထားတဲ့ Facebook စာမ်က္ႏွာဟာ ရက္ပိုင္းသာရွိေသးေပမယ့္ အခုဆို ပရိသတ္သိန္းခ််ီ ရွိေနပါၿပီ။

ဒီလိုအျဖစ္နဲ႔ ေမြးဖြားလာတဲ့ ေၾကာင္ေလးေတြကို Janus Cat လို႔ ေခၚေလ့ရွိၿပီး Frank နဲ႔ Louie အမည္ရ ေခါင္းႏွလုံးေၾကာင္ထီးတစ္ေကာင္ကေတာ့

ေခါင္းႏွလုံးေၾကာင္ေတြထဲမွာ အသက္အရွည္ဆုံးအျဖစ္ ဂင္းနစ္မွတ္တမ္းအထိ ဝင္ခဲ့ဖူးပါတယ္။

 

ဒီနာမည္ေပးရျခင္းကေတာ့ ေၾကာင္ကေလးေတြ အသက္ရွည္ဖို႔ နတ္ဘုရားတစ္ပါးရဲ႕ နာမည္ေတြကို ေပးခဲ့တာလို႔ သိရပါတယ္။

ဒီလိုပုံမွန္မဟုတ္တဲ့ မ်က္ႏွာနဲ႔ ေမြးဖြားလာတဲ့ ေၾကာင္ေတြမွာ Sonic Hedgehog Homolog (SHH) လို႔ေခၚတဲ့

ပ႐ိုတိန္းဓာတ္တစ္မ်ိဳးက မ်ိဳးဗီဇကို အဓိကေျပာင္းလဲေစတာျဖစ္ၿပီး အခုလို မ်က္ႏွာႏွစ္ခုေၾကာင္ေတြအျပင္၊

ေျခေထာက္အပိုပါတဲ့ေၾကာင္ေတြ၊ မ်က္လုံး၊ ပါးစပ္၊ ဦးေခါင္း အပိုပါတဲ့ေၾကာင္ေတြအျဖစ္ ေမြးဖြားေစတာလို႔ သိရပါတယ္။

Bee ကို ေစာင့္ေရွာက္မႈေပးခဲ့ရတဲ့ တိ/ကုဆရာဝန္က ” ဒီေၾကာင္မေလးက တစ္ရက္သမီးအ႐ြယ္မွာ ကြၽန္မတို႔ဆီကို ေရာက္လာခဲ့တာပါ …

ေၾကာင္မေလးကို ကြၽန္မတို႔ အျပည့္အဝ ကယ္ႏိုင္ခဲ့တယ္လို႔ ယူဆပါတယ္ …

Scan အေျခေနကလည္း ေကာင္းၿပီး အခုဆို ေတာ္ေတာ္ အ႐ြယ္ေရာက္ေနပါၿပီ “လို႔ ေျပာခဲ့ပါတယ္။ (Credit)

Unicode

မျက်နှာ(၂)ဖက်နဲ့ နာမည်ကြီးနေတဲ့ ချစ်စဖွယ်ကြောင်မလေး

Bettie Bee လို့အမည်ပေးထားတဲ့ ကြောင်မလေးကတော့ ထူးခြားတဲ့ ကြောင်မလေးတစ်ကောင် ဖြစ်ပြီး၊

မျက်နှာနှစ်ဖက်၊ နှာခေါင်းနှစ်ခု၊ မျက်လုံးသုံးလုံးနဲ့ မွေးဖွားလာခဲ့တဲ့ ကြောင်ကလေးတစ်ကောင်ပါ။

ကြောင်ပိုင်ရှင်တွေကတော့ တောင်အာဖရိကမြို့တော် ကိပ်တောင်းအရှေ့ပိုင်းမှာ နေထိုင်ကြပြီး အသက်ရှည်မှာပါလို့ တိ/ကုဆရာဝန်က ပြောပါတယ်။

 

Bee ရဲ့ မိခင်ကြောင်မကြီးဟာ ပြီးခဲ့တဲ့ (၁၁)ရက်ကျော်က မွေးချင်း (၃)ကောင်နဲ့အတူ Bee ကို မွေးဖွားခဲ့တာဖြစ်ပြီး၊

ကြောင်မွေးဖွားမှု သမိုင်းမှာတော့ ထူးခြားတဲ့ ဖြစ်စဉ်တစ်ခုပါ။

Bee ကို မွေးဖွာစဉ်ခဏက အသက်အန္တရာယ်ရှိမယ်လို့ ထင်ခဲ့ပေမယ့် အခုတော့ စိတ်ချရတဲ့ အနေအထားပါ။

Bee အတွက် ဖွင့်ထားတဲ့ Facebook စာမျက်နှာဟာ ရက်ပိုင်းသာရှိသေးပေမယ့် အခုဆို ပရိသတ်သိန်းချျီ ရှိနေပါပြီ။

 

ဒီလိုအဖြစ်နဲ့ မွေးဖွားလာတဲ့ ကြောင်လေးတွေကို Janus Cat လို့ ခေါ်လေ့ရှိပြီး Frank နဲ့ Louie အမည်ရ ခေါင်းနှလုံးကြောင်ထီးတစ်ကောင်ကတော့

ခေါင်းနှလုံးကြောင်တွေထဲမှာ အသက်အရှည်ဆုံးအဖြစ် ဂင်းနစ်မှတ်တမ်းအထိ ဝင်ခဲ့ဖူးပါတယ်။

ဒီနာမည်ပေးရခြင်းကတော့ ကြောင်ကလေးတွေ အသက်ရှည်ဖို့ နတ်ဘုရားတစ်ပါးရဲ့ နာမည်တွေကို ပေးခဲ့တာလို့ သိရပါတယ်။

ဒီလိုပုံမှန်မဟုတ်တဲ့ မျက်နှာနဲ့ မွေးဖွားလာတဲ့ ကြောင်တွေမှာ Sonic Hedgehog Homolog (SHH) လို့ခေါ်တဲ့

ပရိုတိန်းဓာတ်တစ်မျိုးက မျိုးဗီဇကို အဓိကပြောင်းလဲစေတာဖြစ်ပြီး အခုလို မျက်နှာနှစ်ခုကြောင်တွေအပြင်၊

ခြေထောက်အပိုပါတဲ့ကြောင်တွေ၊ မျက်လုံး၊ ပါးစပ်၊ ဦးခေါင်း အပိုပါတဲ့ကြောင်တွေအဖြစ် မွေးဖွားစေတာလို့ သိရပါတယ်။

 

Bee ကို စောင့်ရှောက်မှုပေးခဲ့ရတဲ့ တိ/ကုဆရာဝန်က ” ဒီကြောင်မလေးက တစ်ရက်သမီးအရွယ်မှာ ကျွန်မတို့ဆီကို ရောက်လာခဲ့တာပါ …

ကြောင်မလေးကို ကျွန်မတို့ အပြည့်အဝ ကယ်နိုင်ခဲ့တယ်လို့ ယူဆပါတယ် …

Scan အခြေနေကလည်း ကောင်းပြီး အခုဆို တော်တော် အရွယ်ရောက်နေပါပြီ “လို့ ပြောခဲ့ပါတယ်။ (Credit)

error: Content is protected !!