အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
“ေမတၱာရွင္ မိျဖဴ”
ေရးသူ=Mg Myo
သူ႔နာမည္က မိျပည့္။လူမဟုတ္ပါဘူး။ေခြးမေလးတစ္ေကာင္ပါ။
ကြၽန္ေတာ္တို႔အိမ္နဲ႔သိပ္မေဝးလွတဲ့လမ္းေထာင့္နားကအိမ္မွာေနတယ္။အခုလက္ရွိ အဲဒီအိမ္မွာမွာေခြးခုနစ္ေကာင္ ရွစ္ေကာင္ေလာက္ရွိတယ္။
အိမ္ရွင္အေဒၚႀကီးကေခြးခ်စ္တတ္လို႔ ေသေသခ်ာခ်ာအစာေကြၽးၿပီးေမြးထားတယ္။ေခြးစာကိုဆန္ကြဲ ၾကက္ေျခေထာက္ၾကက္ေခါင္းေတြနဲ႔ေရာျပဳတ္ၿပီးတစ္ရက္ကိုႏွစ္ႀကိမ္ေကြၽးတယ္။
(ေခြးမေလး မိျပည့္…)
သူ႔အိမ္ၿခံဝန္းက က်ဥ္းေတာ့ေခြးေတြကလမ္းေထာင့္နားမွာပဲအၿမဲေနၾကတယ္။ေတာ္႐ုံတန္႐ုံလူစိမ္းဆိုရင္အဲဒီလမ္းေထာင့္ကိုျဖတ္ေက်ာ္ဖို႔မလြယ္ဘူး။
အဲဒီေခြးေတြအားလုံးနဲ႔ကြၽန္ေတာ္တို႔လင္မယားနဲ႔ ခင္ၾကပါတယ္။
ကြၽန္ေတာ္အခုလက္ရွိေနတဲ့အိမ္ကိုေျပာင္းမလာခင္ အိမ္ေဆာက္ေနတာကိုလာၾကည့္ရင္း ဒီေခြးေတြကိုထန္းလ်က္ခဲေတြ မုန္႔ေတြေကြၽးထားခဲ့လို႔ မွတ္မိေနၾကတယ္။
အဲဒီေခြးေတြအားလုံးထဲကမွ မိျပည့္ဆိုတဲ့ေခြးမေလးနဲ႔ကြၽန္ေတာ္တို႔ပိုခင္ပါတယ္။
မိျပည့္ကအမ်ားနဲ႔မတူထူးျခားတယ္။ေခြးအျဖဴေတြအဝါေတြၾကားမွာ မိျပည့္ကအညိဳေရာင္ေပၚမွာအမည္းစြက္တဲ့အေမြးေခ်ာေခ်ာကေလးနဲ႔ပါ။
ကိုယ္လုံးကိုယ္ထည္ျပည့္ျပည့္ၿဖိဳးၿဖိဳး မ်က္ႏွာကၿပဳံးၿပဳံး႐ႊင္႐ႊင္နဲ႔ႏွစ္လိုဖြယ္ရာရွိတယ္ဗ်။ကြၽန္ေတာ္တို႔နဲ႔ေတြ႕စတုန္းကသူ႔အသက္က ေျခာက္လခုနစ္လအ႐ြယ္ေလာက္ပဲရွိေသးေပမဲ့ အ႐ြယ္နဲ႔မလိုက္ေအာင္ေတာ္ေတာ္ေလးထြားပါတယ္။
ေဆာက္လက္စ ကြၽန္ေတာ္တို႔အိမ္ကိုလာၾကည့္ရင္ မိျပည့္ကစပ္စပ္စုစုနဲ႔လိုက္လာတတ္တယ္။
ကြၽန္ေတာ္တို႔အိမ္ေျပာင္းလာၿပီးေတာ့လည္း အိမ္မွာလာေနၿပီးအေဖာ္လုပ္ေပးတယ္။သူ႔အိမ္မွာလည္းစား ကြၽန္ေတာ္တို႔အိမ္မွာလည္းစား ေပါ့ဗ်ာ။
က်န္တဲ့ေခြးေတြကေတာ့လမ္းေထာင့္ကသူတို႔အိမ္မွာပဲေနၾကတယ္။ ၿပီးခဲ့တဲ့ႏွစ္ ေခြးရာသီေရာက္ေတာ့မိျပည့္တစ္ေကာင္ေတာ္ေတာ္ဝလာတယ္ေအာက္ေမ့တာ။ဘယ္ကလာေသြး႐ိုးသား႐ိုးဟုတ္ရမွာလဲ။ကိုယ္ဝန္ရွိေနတာကိုးဗ်။
မိျပည့္တို႔ပိုင္ရွင္အေဒၚႀကီးကသူ႔ေခြးေတြကို ေခြး႐ူးကာကြယ္ေဆး သေႏၶတားေဆးေတြကိုပုံမွန္ထိုးေပးတယ္။မိျပည့္ကိုလည္းေဆးထိုးေပးထားတာပဲဗ်။
ဒါေပမဲ့ ဘယ္ကဘယ္လိုျဖစ္တယ္မသိဘူး မိျပည့္မွာကိုယ္ဝန္စြဲကပ္လာခဲ့တယ္ဗ်။
ဒီလိုနဲ႔ကိုယ္ဝန္ေန႔ေစ့ လေစ့ေရာက္ေတာ့ေခြးကေလး(၆)ေကာင္ေမြးပါေလေရာ။ကေလးေမြးေတာ့သူ႔အိမ္မွာသူျပန္ေမြးတယ္ဗ်။ကေလးမေမြးခင္ကတည္းက
သူတို႔အိမ္ေဘးတစ္ေနရာမွာသူ႔ဘာသာသူေျမက်င္းကေလးတူး ျမက္ေျခာက္ေတြ အဝတ္စုတ္ေတြစုေဆာင္းၿပီးဝပ္က်င္းကေလးျပင္ထားၿပီးမွေမြးတာဗ်။
သားဦးဆိုေတာ့ေမြးရခက္ေနတာမ်ား တစ္ေကာင္ခ်င္း တစ္ေကာင္ခ်င္းေမြးေနတာ အခ်ိန္ေတာ္ေတာ္ၾကာသူ႔ခမ်ာ ေဝဒနာခံရရွာတယ္။
အိမ္ရွင္အေဒၚႀကီးကလည္း ေခြးခ်စ္တတ္သူဆိုေတာ့သူကိုယ္တိုင္စိတ္ရွည္လက္ရွည္ ေစာင့္ၿပီးလုပ္ေပးတယ္။
မိျပည့္ကေလးေမြးေနတုန္း စိတ္ပူေနသူေတြထဲမွာအိမ္ရွင္အေဒၚႀကီးသာမက ေခြးမႀကီးမိျဖဴလည္းပါေသးတယ္ဗ်။
မိျဖဴကေတာ့အသက္ဆယ္ႏွစ္ေလာက္ရွိပါ ၿပီ။တားေဆးထိုးထားလို႔ သူကေတာ့ကေလးမေမြးပါဘူး။
ဒါေပမဲ့ မိျပည့္ကေလးေမြးတဲ့ေနရာမွာသူကအခ်ိန္ျပည့္ေစာင့္ေပးတယ္။မိျပည့္ဗိုက္ထဲကထြက္လာတဲ့ကေလးေတြကိုသူကလည္းလွ်ာနဲ႔လ်က္ၿပီးျပဳစုေပးတယ္။
ကေလးညႇစ္တဲ့အခါမိျပည့္ကနာလို႔ေအာ္ရင္မိျဖဴကလည္းလိုက္ေအာ္တယ္။ မိျပည့္ကေလးေမြးေနခ်ိန္မွာကြၽန္ေတာ္တို႔လင္မယားလည္းသြားၾကည့္ေသးတယ္။
သူ႔ခမ်ာ ကေလးေတြကို တစ္ေကာင္ခ်င္းညႇစ္ေနရလို႔ နာက်င္ေနတဲ့ၾကားကကြၽန္ေတာ္တို႔ကိုႀကိဳးစားၿပီးၿပဳံးျပေနရွာေသးတယ္ဗ်။
ကေလးေမြးၿပီးေတာ့ မိျပည့္တစ္ေကာင္ကံမေကာင္းရွာဘူး။ေမြးၿပီးသုံးရက္ေလာက္အၾကာမွာေသသြားရွာတယ္။တိရစာၦန္ေဆးကုဆရာဝန္လာၾကည့္ေပမဲ့ေနာက္က်သြားခဲ့တယ္။
ဗိုက္ထဲမွာ အခ်င္းက်န္ေနလို႔ေသရရွာသတဲ့ဗ်။တားေဆးထိုးထားပါလ်က္နဲ႔ကိုယ္ဝန္ရွိလာတဲ့ေခြးမေတြဟာ သေႏၶသားေလာင္းေတြနဲ႔အတူ
သက္ဆိုင္ရာအဂၤါအစိတ္အပိုင္းေတြကလိုက္ေလ်ာညီေထြမေျပာင္းလဲလာတဲ့အတြက္ဒီလိုပဲေမြးရခက္ခဲၿပီးအသက္အႏၲရာယ္ႀကဳံရတတ္တယ္တဲ့ဗ်။
ေခြးေပါက္စကေလး(၆)ေကာင္ကိုေတာ့အိမ္ရွင္အေဒၚႀကီးက ႏို႔ဘူးတိုက္ၿပီးေမြးတယ္။အဲဒီမွာထူးျခားတာက ေခြးမႀကီးမိျဖဴကေခြးကေလးေတြကိုမိခင္အရင္းလိုျပဳစုတာပါပဲဗ်။
မိခင္အရင္းလိုပဲေခြးကေလးေတြကိုရင္အုပ္မကြာေစာင့္ေရွာက္တယ္။
သူ႔မွာႏို႔မထြက္ေပမဲ့ ေခြးကေလးေတြကိုႏို႔တိုက္တယ္။ေခြးကေလးေတြကလည္းမိခင္ရင္းလိုပဲမွတ္ၿပီးႏို႔စို႔ၾကတယ္။ႏို႔မထြက္လို႔ကိုက္ဆြဲထားလိုက္ၾကတာမ်ား မိျဖဴရဲ႕ႏို႔သီးေလးေတြမွာအနာေတြေတာင္ျဖစ္ေနတယ္။
(ေမတၱာရွင္ေခြးမႀကီး မိျဖဴ…)
မိျပည့္လုပ္သြားခဲ့တဲ့ဝပ္က်င္းကေလးထဲမွာေခြးေပါက္စကေလးေတြ နဲ႔ခ်စ္ျပေနလိုက္ပုံမ်ား ကြၽန္ေတာ္တို႔လိုျမင္ရတဲ့လူေတြေတာင္ထူးဆန္းတဲ့ပီတိတစ္မ်ိဳးကိုခံစားရတယ္ဗ်။
ဘာမဟုတ္တဲ့အဟိတ္တိရစာၦန္ေခြးမတစ္ေကာင္ကမိမိရင္ေသြးမဟုတ္တဲ့ေခြးကေလးေတြကိုမိခင္ေမတၱာထားႏိုင္တာကိုအံ့ၾသခ်ီးက်ဴးမိတယ္ဗ်။
ဒါကိုျမင္ရေတာ့မိမိတို႔ရဲ႕ရင္ေသြးကိုအမႈိက္ပုံလိုေနရာေတြမွာမညႇာမတာစြန္႔ပစ္တတ္ၾကတဲ့လူသားတခ်ိဳ႕ထက္ေတာင္ေခြးမႀကီးမိျဖဴရဲ႕စိတ္ဓာတ္ကပိုၿပီးမြန္ျမတ္ေနပါေရာလားလို႔ေတြးမိတယ္ဗ်။
ဒီလိုနဲ႔ေခြးကေလးေတြကိုေမတၱာရွင္ေခြးမႀကီးမိျဖဴကျပဳစုေစာင့္ေရွာက္လာခဲ့တာ ေခြးကေလး(၆)ေကာင္အနက္သုံးေကာင္ဖိတ္စင္သြားခဲ့ၿပီးေခြးထီးကေလးသုံးေကာင္ေခြးလားေျမာက္ခဲ့တယ္။
အဲဒီသုံးေကာင္အနက္ႏွစ္ေကာင္ကိုေမြးခ်င္တဲ့သူေတြယူသြားၾကလို႔ ဝက္ဝံ ဆိုတဲ့တစ္ေကာင္ပဲက်န္ခဲ့တယ္။အဲဒီေကာင္ကလည္း အေတာ္ထြားက်ိဳင္းေလေတာ့
သူ႔ရဲ႕ေမြးစားမိခင္မိျဖဴထက္ေတာင္အလုံးအထည္ႀကီးေနပါၿပီ။ေခြးမႀကီးမိျဖဴကေတာ့ ခုခ်ိန္ထိ ဝက္ဝံ ကို အယားကုတ္ေပးဆဲ လွ်ာနဲ႔လ်က္ေပးေနဆဲပါပဲ။
ေမတၱာရွင္ေခြးမႀကီးမိျဖဴေပါ့ဗ်ာ။
ဒီေန႔မနက္လမ္းေလွ်ာက္ထြက္ရင္း မိျဖဴကကြၽန္ေတာ္တို႔ကိုျမင္ေတာ့ လမ္းေဘးမွာအိပ္ေနရာကထၿပီးအူသံေပးၿပဳံးျပေနတာနဲ႔ ဓာတ္ပုံ႐ိုက္ထားလိုက္တယ္။
ေမတၱာရွင္ေခြးမႀကီးမိျဖဴအေၾကာင္းကိုသူငယ္ခ်င္းတို႔သိရွိၿပီး ျဖဴစင္တဲ့ပီတိရသကိုခံစားႏိုင္ဖို႔ ဒီစာစုကေလးကိုလည္းေရးျဖစ္လိုက္တယ္ေလ။
Credit
Unicode
“မေတ္တာရှင် မိဖြူ”
ရေးသူ=Mg Myo
သူ့နာမည်က မိပြည့်။လူမဟုတ်ပါဘူး။ခွေးမလေးတစ်ကောင်ပါ။
ကျွန်တော်တို့အိမ်နဲ့သိပ်မဝေးလှတဲ့လမ်းထောင့်နားကအိမ်မှာနေတယ်။အခုလက်ရှိ အဲဒီအိမ်မှာမှာခွေးခုနစ်ကောင် ရှစ်ကောင်လောက်ရှိတယ်။
အိမ်ရှင်အဒေါ်ကြီးကခွေးချစ်တတ်လို့ သေသေချာချာအစာကျွေးပြီးမွေးထားတယ်။ခွေးစာကိုဆန်ကွဲ ကြက်ခြေထောက်ကြက်ခေါင်းတွေနဲ့ရောပြုတ်ပြီးတစ်ရက်ကိုနှစ်ကြိမ်ကျွေးတယ်။
(ခွေးမလေး မိပြည့်…)
သူ့အိမ်ခြံဝန်းက ကျဉ်းတော့ခွေးတွေကလမ်းထောင့်နားမှာပဲအမြဲနေကြတယ်။တော်ရုံတန်ရုံလူစိမ်းဆိုရင်အဲဒီလမ်းထောင့်ကိုဖြတ်ကျော်ဖို့မလွယ်ဘူး။
ကျွန်တော့်အိမ်ကိုခြေလျင်ဒါမှမဟုတ်ဆိုင်ကယ်နဲ့လာကြတဲ့သူတွေကိုဆိုရင်နောက်ဖေးလမ်းကပဲဝင်ခိုင်းရတယ်။
အဲဒီခွေးတွေအားလုံးနဲ့ကျွန်တော်တို့လင်မယားနဲ့ ခင်ကြပါတယ်။
ကျွန်တော်အခုလက်ရှိနေတဲ့အိမ်ကိုပြောင်းမလာခင် အိမ်ဆောက်နေတာကိုလာကြည့်ရင်း ဒီခွေးတွေကိုထန်းလျက်ခဲတွေ မုန့်တွေကျွေးထားခဲ့လို့ မှတ်မိနေကြတယ်။
အဲဒီခွေးတွေအားလုံးထဲကမှ မိပြည့်ဆိုတဲ့ခွေးမလေးနဲ့ကျွန်တော်တို့ပိုခင်ပါတယ်။
မိပြည့်ကအများနဲ့မတူထူးခြားတယ်။ခွေးအဖြူတွေအဝါတွေကြားမှာ မိပြည့်ကအညိုရောင်ပေါ်မှာအမည်းစွက်တဲ့အမွေးချောချောကလေးနဲ့ပါ။
ကိုယ်လုံးကိုယ်ထည်ပြည့်ပြည့်ဖြိုးဖြိုး မျက်နှာကပြုံးပြုံးရွှင်ရွှင်နဲ့နှစ်လိုဖွယ်ရာရှိတယ်ဗျ။ကျွန်တော်တို့နဲ့တွေ့စတုန်းကသူ့အသက်က ခြောက်လခုနစ်လအရွယ်လောက်ပဲရှိသေးပေမဲ့ အရွယ်နဲ့မလိုက်အောင်တော်တော်လေးထွားပါတယ်။
ဆောက်လက်စ ကျွန်တော်တို့အိမ်ကိုလာကြည့်ရင် မိပြည့်ကစပ်စပ်စုစုနဲ့လိုက်လာတတ်တယ်။
ကျွန်တော်တို့အိမ်ပြောင်းလာပြီးတော့လည်း အိမ်မှာလာနေပြီးအဖော်လုပ်ပေးတယ်။သူ့အိမ်မှာလည်းစား ကျွန်တော်တို့အိမ်မှာလည်းစား ပေါ့ဗျာ။
ကျန်တဲ့ခွေးတွေကတော့လမ်းထောင့်ကသူတို့အိမ်မှာပဲနေကြတယ်။ ပြီးခဲ့တဲ့နှစ် ခွေးရာသီရောက်တော့မိပြည့်တစ်ကောင်တော်တော်ဝလာတယ်အောက်မေ့တာ။ဘယ်ကလာသွေးရိုးသားရိုးဟုတ်ရမှာလဲ။ကိုယ်ဝန်ရှိနေတာကိုးဗျ။
မိပြည့်တို့ပိုင်ရှင်အဒေါ်ကြီးကသူ့ခွေးတွေကို ခွေးရူးကာကွယ်ဆေး သန္ဓေတားဆေးတွေကိုပုံမှန်ထိုးပေးတယ်။မိပြည့်ကိုလည်းဆေးထိုးပေးထားတာပဲဗျ။
ဒါပေမဲ့ ဘယ်ကဘယ်လိုဖြစ်တယ်မသိဘူး မိပြည့်မှာကိုယ်ဝန်စွဲကပ်လာခဲ့တယ်ဗျ။
ဒီလိုနဲ့ကိုယ်ဝန်နေ့စေ့ လစေ့ရောက်တော့ခွေးကလေး(၆)ကောင်မွေးပါလေရော။ကလေးမွေးတော့သူ့အိမ်မှာသူပြန်မွေးတယ်ဗျ။ကလေးမမွေးခင်ကတည်းက
သူတို့အိမ်ဘေးတစ်နေရာမှာသူ့ဘာသာသူမြေကျင်းကလေးတူး မြက်ခြောက်တွေ အဝတ်စုတ်တွေစုဆောင်းပြီးဝပ်ကျင်းကလေးပြင်ထားပြီးမှမွေးတာဗျ။
သားဦးဆိုတော့မွေးရခက်နေတာများ တစ်ကောင်ချင်း တစ်ကောင်ချင်းမွေးနေတာ အချိန်တော်တော်ကြာသူ့ခမျာ ဝေဒနာခံရရှာတယ်။
အိမ်ရှင်အဒေါ်ကြီးကလည်း ခွေးချစ်တတ်သူဆိုတော့သူကိုယ်တိုင်စိတ်ရှည်လက်ရှည် စောင့်ပြီးလုပ်ပေးတယ်။
မိပြည့်ကလေးမွေးနေတုန်း စိတ်ပူနေသူတွေထဲမှာအိမ်ရှင်အဒေါ်ကြီးသာမက ခွေးမကြီးမိဖြူလည်းပါသေးတယ်ဗျ။
မိဖြူကတော့အသက်ဆယ်နှစ်လောက်ရှိပါ ပြီ။တားဆေးထိုးထားလို့ သူကတော့ကလေးမမွေးပါဘူး။
ဒါပေမဲ့ မိပြည့်ကလေးမွေးတဲ့နေရာမှာသူကအချိန်ပြည့်စောင့်ပေးတယ်။မိပြည့်ဗိုက်ထဲကထွက်လာတဲ့ကလေးတွေကိုသူကလည်းလျှာနဲ့လျက်ပြီးပြုစုပေးတယ်။
ကလေးညှစ်တဲ့အခါမိပြည့်ကနာလို့အော်ရင်မိဖြူကလည်းလိုက်အော်တယ်။ မိပြည့်ကလေးမွေးနေချိန်မှာကျွန်တော်တို့လင်မယားလည်းသွားကြည့်သေးတယ်။
သူ့ခမျာ ကလေးတွေကို တစ်ကောင်ချင်းညှစ်နေရလို့ နာကျင်နေတဲ့ကြားကကျွန်တော်တို့ကိုကြိုးစားပြီးပြုံးပြနေရှာသေးတယ်ဗျ။
ကလေးမွေးပြီးတော့ မိပြည့်တစ်ကောင်ကံမကောင်းရှာဘူး။မွေးပြီးသုံးရက်လောက်အကြာမှာသေသွားရှာတယ်။တိရစ္ဆာန်ဆေးကုဆရာဝန်လာကြည့်ပေမဲ့နောက်ကျသွားခဲ့တယ်။
ဗိုက်ထဲမှာ အချင်းကျန်နေလို့သေရရှာသတဲ့ဗျ။တားဆေးထိုးထားပါလျက်နဲ့ကိုယ်ဝန်ရှိလာတဲ့ခွေးမတွေဟာ သန္ဓေသားလောင်းတွေနဲ့အတူ
သက်ဆိုင်ရာအင်္ဂါအစိတ်အပိုင်းတွေကလိုက်လျောညီထွေမပြောင်းလဲလာတဲ့အတွက်ဒီလိုပဲမွေးရခက်ခဲပြီးအသက်အန္တရာယ်ကြုံရတတ်တယ်တဲ့ဗျ။
ခွေးပေါက်စကလေး(၆)ကောင်ကိုတော့အိမ်ရှင်အဒေါ်ကြီးက နို့ဘူးတိုက်ပြီးမွေးတယ်။အဲဒီမှာထူးခြားတာက ခွေးမကြီးမိဖြူကခွေးကလေးတွေကိုမိခင်အရင်းလိုပြုစုတာပါပဲဗျ။
မိခင်အရင်းလိုပဲခွေးကလေးတွေကိုရင်အုပ်မကွာစောင့်ရှောက်တယ်။
သူ့မှာနို့မထွက်ပေမဲ့ ခွေးကလေးတွေကိုနို့တိုက်တယ်။ခွေးကလေးတွေကလည်းမိခင်ရင်းလိုပဲမှတ်ပြီးနို့စို့ကြတယ်။နို့မထွက်လို့ကိုက်ဆွဲထားလိုက်ကြတာများ မိဖြူရဲ့နို့သီးလေးတွေမှာအနာတွေတောင်ဖြစ်နေတယ်။
(မေတ္တာရှင်ခွေးမကြီး မိဖြူ…)
မိပြည့်လုပ်သွားခဲ့တဲ့ဝပ်ကျင်းကလေးထဲမှာခွေးပေါက်စကလေးတွေ နဲ့ချစ်ပြနေလိုက်ပုံများ ကျွန်တော်တို့လိုမြင်ရတဲ့လူတွေတောင်ထူးဆန်းတဲ့ပီတိတစ်မျိုးကိုခံစားရတယ်ဗျ။
ဘာမဟုတ်တဲ့အဟိတ်တိရစ္ဆာန်ခွေးမတစ်ကောင်ကမိမိရင်သွေးမဟုတ်တဲ့ခွေးကလေးတွေကိုမိခင်မေတ္တာထားနိုင်တာကိုအံ့သြချီးကျူးမိတယ်ဗျ။
ဒါကိုမြင်ရတော့မိမိတို့ရဲ့ရင်သွေးကိုအမှိုက်ပုံလိုနေရာတွေမှာမညှာမတာစွန့်ပစ်တတ်ကြတဲ့လူသားတချို့ထက်တောင်ခွေးမကြီးမိဖြူရဲ့စိတ်ဓာတ်ကပိုပြီးမွန်မြတ်နေပါရောလားလို့တွေးမိတယ်ဗျ။
ဒီလိုနဲ့ခွေးကလေးတွေကိုမေတ္တာရှင်ခွေးမကြီးမိဖြူကပြုစုစောင့်ရှောက်လာခဲ့တာ ခွေးကလေး(၆)ကောင်အနက်သုံးကောင်ဖိတ်စင်သွားခဲ့ပြီးခွေးထီးကလေးသုံးကောင်ခွေးလားမြောက်ခဲ့တယ်။
အဲဒီသုံးကောင်အနက်နှစ်ကောင်ကိုမွေးချင်တဲ့သူတွေယူသွားကြလို့ ဝက်ဝံ ဆိုတဲ့တစ်ကောင်ပဲကျန်ခဲ့တယ်။အဲဒီကောင်ကလည်း အတော်ထွားကျိုင်းလေတော့
သူ့ရဲ့မွေးစားမိခင်မိဖြူထက်တောင်အလုံးအထည်ကြီးနေပါပြီ။ခွေးမကြီးမိဖြူကတော့ ခုချိန်ထိ ဝက်ဝံ ကို အယားကုတ်ပေးဆဲ လျှာနဲ့လျက်ပေးနေဆဲပါပဲ။
မေတ္တာရှင်ခွေးမကြီးမိဖြူပေါ့ဗျာ။
ဒီနေ့မနက်လမ်းလျှောက်ထွက်ရင်း မိဖြူကကျွန်တော်တို့ကိုမြင်တော့ လမ်းဘေးမှာအိပ်နေရာကထပြီးအူသံပေးပြုံးပြနေတာနဲ့ ဓာတ်ပုံရိုက်ထားလိုက်တယ်။
မေတ္တာရှင်ခွေးမကြီးမိဖြူအကြောင်းကိုသူငယ်ချင်းတို့သိရှိပြီး ဖြူစင်တဲ့ပီတိရသကိုခံစားနိုင်ဖို့ ဒီစာစုကလေးကိုလည်းရေးဖြစ်လိုက်တယ်လေ။
Credit