အမျိုးသမီးများရဲ့ ဦးနှောက်ဟာ အမျိုးသားများထက် အပူချိန်ပိုများကြောင်း တွေ့ရှိ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။




 

 





 

 








Unicode

အမျိုးသမီးများရဲ့ ဦးနှောက်ဟာ အမျိုးသားများထက် အပူချိန် ပိုများပြားကြောင်း တွေ့ရှိ

အမျိုးသမီးများရဲ့ ဦးနှောက်များဟာ အမျိုးသားများထက် 0.4°C ခန့် ပိုမို ပူနွေးကြောင်း သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပြီး

အဓိပ္ပာယ်မှာ သူတို့ရဲ့အပူချိန်ဟာ ၄၀ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုပူနိုင်ပါတယ်။ ရှာဖွေမှုကို Cambridge က ဆေးဘက်ဆိုင်ရာ သုတေသန ကောင်စီရဲ့ ဓာတ်ခွဲခန်းမှာ

မော်လီကျူလာ ဇီဝဗေဒ သုတေသန ပြုလုပ်ခဲ့ကြပြီး ခြားနားမှုဟာ အမျိုးသမီး ရာသီစက်ဝန်းကြောင့် ဖြစ်နိုင်ကြောင်း ညွှန်ပြခဲ့ပါတယ်။

Brain ဂျာနယ်တွင် ဖော်ပြထားတဲ့ လေ့လာမှုအရ အသက် 20 မှ 40 ရှိတဲ့ စေတနာ့ဝန်ထမ်း အယောက် 40 ကို

နံနက်၊ နေ့လည်နှင့် ညနေပိုင်း တစ်နေ့တည်းမှာပဲ Royal Infirmary of Edinburgh မှာ အပူချိန် တိုင်းတာခဲ့ပါတယ်။

လေ့လာသူများဟာ ပုံမှန် အပူချိန်ကို ၃၈.၅ ဒီဂရီ စင်တီဂရိတ်ထက် ပိုများမယ်လို့ ယုံကြည်ကြပေမယ့်လည်း ပိုမိုနက်ရှိုင်းတဲ့ ဦးနှောက် ဖွဲ့စည်းပုံများဟာ

 

အများအားဖြင့် ၄၀ ဒီဂရီ စင်တီဂရိတ်ထက် မြင့်တက်လေ့ရှိပြီး အမြင့်ဆုံး အပူချိန်မှာ ၄၀.၉ ဒီဂရီ စင်တီဂရိတ် ဖြစ်ပါတယ်။

ဦးနှောက်ဟာ ပုံမှန်အားဖြင့် ညအချိန်တွင် အေးပြီး နေ့ဘက်တွင် ပူနွေးလာပါတယ်။ မြင့်မားတဲ့ အပူချိန်ဟာ ခန္ဓာကိုယ်ရဲ့ အခြား အစိတ်အပိုင်းများတွင်

အဖျားတက်ခြင်းလို့ သတ်မှတ်နိုင်ပေမယ့် အခြား အစိတ်အပိုင်းတွေမှာတော့ ကောင်းမွန်တယ် ဆိုတာကို ပြသပါတယ်။

ဥပမာ ပါးစပ်ဟာ ပုံမှန်အားဖြင့် 37°C ထက် နည်းရင် ပုံမှန်ဖြစ်ပြီး ဦးနှောက်အတွင်းထဲမှာတော့ အင်္ဂါအစိတ်အပိုင်းများဟာ ကျန်းမာစွာ အလုပ်လုပ်ဆောင်နေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။

ပျမ်းမျှအားဖြင့် 0.6°C ရှိတဲ့ နက်ရှိုင်းတဲ့ ဦးနှောက် နေရာများတွင် အပူချိန်များဟာ အသက်ကြီးတာနဲ့အမျှ တိုးလာကြောင်း သိပ္ပံပညာရှင်များက မှတ်ချက်ပြုခဲ့ပါတယ်။

အမျိုးသမီးတစ်ဦးရဲ့ အသက်အရွယ်သည် သူမရဲ့ ဦးနှောက် အပူချိန်ကိုလည်း သက်ရောက်မှု ရှိပါသေးတယ်။ ဒါကြောင့်ပဲ အမျိုးသမီးတွေက အမျိုးသားတွေထက် Hot (ပူ) နေတာပါ။

Credit To Original Uploader