ရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ မြေပဲဆံချက်နည်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ေျမပဲဆံခ်က္

ဒါေလးကေတာ့ အညာမွာ ခ်က္ေလ့ခ်က္ထရွိတဲ့ ဟင္းတစ္မည္ပါ။

မုန္လာဥျဖဴလႈိင္လႈိင္ေပၚခ်ိန္ မုန္လာခ်ဥ္တည္ၿပီး ေျမပဲဆံခ်က္ေလးနဲ႔ တြဲဖက္စားတဲ့အခါ

႐ိုးရွင္းၿပီး ထမင္းၿမိန္ေစတဲ့ ဟင္းလ်ာေလးပါရွင္။

ပါဝင္ပစၥည္းမ်ား

ေျမပဲဆံ(အစိမ္း) – ၅ က်ပ္သား ၊ ၾကက္သြန္နီ – ၁ ဥ ၊ ၾကက္သြန္ျဖဴ – ၁ ဥ ၊ ကိုင္းခရမ္းခ်ဥ္သီး – ၄ လုံး ၊

 

 

ဆီ – ၅ က်ပ္သား ၊ င႐ုတ္အေရာင္တင္မႈန႔္ – စတီးဇြန္း ၂ ဇြန္း ၊ ဆား – အနည္းငယ္ ၊ နႏြင္း – အနည္းငယ္

ခ်က္နည္း

ေျမပဲဆံကို ညက္ညက္ေထာင္းထားပါ။ ကိုင္း ခရမ္းခ်ဥ္သီး၊ ၾကက္သြန္နီ/ျဖဴကို လွီးထားပါ။ ဆီပူလာလွ်င္ ၾကက္သြန္ျဖဴ/နီ၊ နႏြင္း ဆီသတ္ပါ။

ခပ္ႏြမ္း ႏြမ္းျဖစ္လာလွ်င္ အေရာင္တင္မႈန႔္ထည့္ပါ။ ကိုင္းခရမ္း ခ်ဥ္သီးထည့္ၿပီး လိပ္လာသည္အထိ ဆီသတ္ပါ။ ကိုင္းခရမ္းခ်ဥ္သီးလိပ္လာလွ်င္ ေျမပဲဆံထည့္ပါ။

ဆား ထည့္ပါ။ ေရေႏြး အနည္းငယ္ခ်င္းလိုက္ၿပီး အိေထြးၿပီး ဆီျပန္လာသည္အထိ ခ်က္ပါ။

Creditပန္းခေရ #foodinmyanmar

Unicode

မြေပဲဆံချက်

ဒါလေးကတော့ အညာမှာ ချက်လေ့ချက်ထရှိတဲ့ ဟင်းတစ်မည်ပါ။

မုန်လာဥဖြူလှိုင်လှိုင်ပေါ်ချိန် မုန်လာချဉ်တည်ပြီး မြေပဲဆံချက်လေးနဲ့ တွဲဖက်စားတဲ့အခါ

ရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းလျာလေးပါရှင်။

ပါဝင်ပစ္စည်းများ

မြေပဲဆံ(အစိမ်း) – ၅ ကျပ်သား ၊ ကြက်သွန်နီ – ၁ ဥ ၊ ကြက်သွန်ဖြူ – ၁ ဥ ၊ ကိုင်းခရမ်းချဉ်သီး – ၄ လုံး ၊

ဆီ – ၅ ကျပ်သား ၊ ငရုတ်အရောင်တင်မှုန့် – စတီးဇွန်း ၂ ဇွန်း ၊ ဆား – အနည်းငယ် ၊ နနွင်း – အနည်းငယ်

 

ချက်နည်း

မြေပဲဆံကို ညက်ညက်ထောင်းထားပါ။ ကိုင်း ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူကို လှီးထားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ/နီ၊ နနွင်း ဆီသတ်ပါ။

ခပ်နွမ်း နွမ်းဖြစ်လာလျှင် အရောင်တင်မှုန့်ထည့်ပါ။ ကိုင်းခရမ်း ချဉ်သီးထည့်ပြီး လိပ်လာသည်အထိ ဆီသတ်ပါ။ ကိုင်းခရမ်းချဉ်သီးလိပ်လာလျှင် မြေပဲဆံထည့်ပါ။

ဆား ထည့်ပါ။ ရေနွေး အနည်းငယ်ချင်းလိုက်ပြီး အိထွေးပြီး ဆီပြန်လာသည်အထိ ချက်ပါ။

Creditပန်းခရေ #foodinmyanmar