အသက် ၈၉ နှစ်အရွယ်အဘိုးအိုကို ပိုက်ဆံအတွက် လက်ထပ်ခဲ့သည်ဟု ဝေဖန်ခံနေရသည့် ၁၉ နှစ်အရွယ် သူနာပြုမလေး
အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
Credit
Unicode
၁၉ နှစ်အရွယ် သူနာပြုမလေးကို လက်ထပ်ခဲ့တဲ့ အသက် ၈၉ နှစ်အရွယ်အဘိုးအို
Dementia ရောဂါခံစားနေရတဲ့ အသက် ၈၉ နှစ်အရွယ် အဘိုးအိုတစ်ဦးနှင့် အသက် ၁၉ နှစ်အရွယ် သူနာပြုတစ်ဦးတို့ဟာ ချစ်ကြိုက်သွားခဲ့ကြပါတယ်။ Dementia ရောဂါဟာ
သီးခြားရောဂါတစ်ခု မဟုတ်ပေမဲ့လည်း မှတ်သားနိုင်မှု၊ တွေးခေါ်နိုင်မှု သို့မဟုတ် ဆုံးဖြတ်ချက်များချနိုင်မှုတို့မှာ ချို့ယွင်းမှုများအတွက် ယေဘူယျရောဂါတစ်ခုဖြစ်ပါတယ်။
၎င်းတို့ရဲ့ဆက်ဆံရေးကို လူတော်တော်များများက မျက်နှာသာမပေးခဲ့ကြပေမယ့် အဆိုပါ Olivia Stone အမည်ရှိတဲ့သူနာပြုကတော့
ပုတ်ခတ်ပြောဆိုမှုတွေအားလုံးကို လျစ်လျူရှုခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ သူမတို့ရဲ့ချစ်ခင်မှုကို အင်တာနက်မှာ ဂုဏ်ယူစွာပြသခဲ့ပါတယ်။
သို့ပေမဲ့ အချိန်တွေကြာလာတာနဲ့အမျှ လူတွေဟာ ၎င်းတို့ရဲ့အိမ်ထောင်ရေးရဲ့နောက်ကွယ်က မှောင်မိုက်တဲ့ရည်ရွယ်ချက်ကို ရှာဖွေတွေ့ရှိလာခဲ့ကြပါတယ်။
ဇာတ်လမ်းအစက အမေရိကန်နိုင်ငံမှ Olivia Stone ဟာ ဆေးရုံတစ်ခုက လက်ထောက်သူနာပြုတစ်ဦးဖြစ်ပြီး တစ်နေ့မှာ
သူမဟာ အသက် ၈၉ နှစ်အရွယ် Lee Hopkins ဆိုတဲ့အဘိုးကို ပြုစုစောင့်ရှောက်ရန် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။
အချိန်ကြာလာသည်နှင့်အမျှ Olivia ဟာ ထိုအဘိုးကို ချစ်မိသွားခဲ့ပါတယ်။ သူမရဲ့ ဆိုရှယ်မီဒီယာမှာ သူမဟာ ကောင်းမွန်သောဘဝတစ်ခုကို ပိုင်ဆိုင်လိုကြောင်း ၊
သူမဟာ ပျော်ရွှင်ကျေနပ်နေပြီး Lee နှင့်လည်း အရမ်းချစ်ကျွမ်းဝင်နေကြကြောင်း အခိုင်အမာ ဆိုခဲ့ပါတယ်။
သို့ပေမဲ့ လူတိုင်းက ၎င်းတို့နှစ်ဦးအကြောင်းကို အချိန်အတော်ကြာ ၎င်းတို့ကို လူနာနှင့်သူနာပြုဆက်ဆံရေးလို့ဘဲ သတ်မှတ်ထားခဲ့ကြပါတယ်။
Lee ရဲ့ဇနီးဖြစ်သူဟာ လွန်ခဲ့တဲ့ ၂ နှစ်က ကွယ်လွန်သွားခဲ့ပြီး ထိုအချိန်မှစ၍ Lee ဟာ အထီးကျန်ဆန်လာခဲ့ပါတယ်။
သို့ပေမဲ့ Lee က Olivia ဟာ ထိုအထီးကျန်မှုကို ပြေပျောက်ပေးပြီး သူ့နှလုံးသားထဲသို့ ဝင်ရောက်ခွင့်ပေးကာ သူ့အား တစ်ဖန်ပြန်ချစ်တတ်လာစေကြောင်း ဆိုခဲ့ပါတယ်။
သို့ပေမဲ့ Olivia ဟာ သက်ကြီးရွယ်အိုအဘိုးအိုကို တကယ်ချစ်မိသွားသလား၊ ဒါမှမဟုတ် အတိတ်မေ့ရောဂါခံစားနေရတဲ့အဘိုးရဲ့ ပိုက်ဆံအတွက်
အဆိုပါအဘိုးအိုကို လက်ထပ်ဖ်ု့ကြိုးစားနေတာလား ဆိုတဲ့အချက်တွေနဲ့ အင်တာနက်သုံးစွဲသူတွေဟာ သူမကိုသံသယဖြစ်နေခဲ့ကြပါတယ်။
Olivia ကလည်း သူမဟာ ” စစ်မှန်တဲ့ချစ်ခြင်းမေတ္တာ” ကိုရှာတွေ့ပြီဟု အဆက်မပြတ် အခိုင်အမာပြောဆိုနေခဲ့ပေမဲ့လည်း၊
ယမန်နှစ် စက်တင်ဘာလတွင် Lee နှင့် မင်္ဂလာဆောင်လိုက်ပြီးနောက် Olivia ဟာ သူငယ်ချင်းအချို့နှင့်တွေ့ဆုံခဲ့ပြီး
” Lee Hopkins သာကွယ်လွန်သွားရင် ငါကသူ့ရဲ့တစ်ဦးတည်းသော အမွေဆက်ခံသူ ဖြစ်လာလိမ့်မယ် ” ဟု ပေါ်တင် ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။
ထို့ပြင် နောက်ပိုင်းမှာ Olivia ဟာ Lee ရဲ့ရောဂါအကြောင်းကို မကြာခဏပြက်ရယ်ပြုလာခဲ့ပြီး သူမဟာ မုဆိုးမဖြစ်လာမဲ့နေ့ရောက်ဖို့
နေ့ရက်များကို နေ့တိုင်းရေတွက်နေကာ မကြာမီမှာ သက်ကြီးရွယ်အို အဘိုးကြီးလည်း ကွယ်လွန်သွားဖို့ကို မျှော်လင့်နေခဲ့ပါတယ်။
ဒီစိတ်ပျက်စရာကောင်းတဲ့ သတင်းဟာ သူမအား ဝေဖန်ပြောဆိုကြတဲ့ အင်တာနက်အသုံးပြုသူအများအပြားထံ ရောက်ရှိသွားခဲ့တဲ့အပြင် နိုင်ငံခြားသား “Reddit boy” ဖြစ်တဲ့ Lian Dengzai အမည်ရှိကောင်လေးရဲ့
အာရုံစိုက်မှုကိုပင် ရရှိသွားခဲ့သလို ၎င်းအဖြစ်ကြောင့် Lian ဟာ ဒေါသတွေနှင့်ပြည့်နေပြီး တစ်နေ့မှာ Twitter ကို ပိတ်ခြင်းဖြင့် Olivia ကိုတောင် ခြိမ်းခြောက်ခဲ့ပါသေးတယ်။
Credit