နေ့နံ၊တချို့ ဘုရားများနှင့် ဓာတ်ခန်း၊ နတ်ခန်းတို့မှာလူစည်ကားနေတဲ့ ဗုဒ္ဓဘာသာဝင်တို့လွဲမှားနေတဲ့ အယူအဆများအား ပါချူပ်ဆရာတော်ကြီး၏ ရှင်းလင်းချက်

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ဗုဒၶဘာသာကို ကိုးကြယ္ယုံၾကည္တဲ့ ျမန္မာလူမ်ိဳး ေတြ လက္ခံၿပီးေတာ့ ျမန္မာလူမ်ိဳးေတြ က်င့္ သုံးေနတဲ့အရာရာတိုင္းက ဗုဒၶဘာသာမဟုတ္ဘူး။

ဗုဒၶရဲ႕အဆုံးအမ မဟုတ္ဘူးဗုဒၶအဆုံးအမနဲ႔ မသက္ဆိုင္တာေတြ အမ်ားႀကီး ရွိတယ္။ဥပမာ ေ႐ႊတိဂုံဘုရားေပၚမွာ ဘိုးမင္းေခါင္ အ႐ုပ္ႀကီး တင္ထားတာတို႔ ဝိဇၨာဓိုရ္ဘုရားတို႔

ကန္ေတာ့ပြဲေတြတင္ထားတာတို႔ ဒါေတြက့ဗုဒၶ ဘာသာနဲ႔မဆိုင္ဘူး။မဆိုင္တာကို မဆိုင္ဘူးလို႔ ေျပာတတ္ရမယ္။ဗုဒၶဘာသာ အယူအဆမဟုတ္တာေတြ

ေ႐ႊတိဂုံ ေပၚတက္လိုက္တာနဲ႔ ေတြ႕တယ္။႐ိုး႐ိုးဘုရားေရွ႕မွာ လူမစည္ဘူး ဓာတ္ခန္းနတ္ခန္း ေတြေရွ႕မွာ လူစည္တယ္။ၿပီးေတာ့ ေ႐ႊတိဂုံဘုရားေပၚမွာ

အစဥ္အလာ စြဲလမ္းမႈ ေတြနဲ႔ လူေတြဟာ ကိုယ္ရဲ႕ ေန႔သင့္နံသင့္ ဘုရားေတြမွာ ေရေတြေလာင္းေနၾကတာ မြန္းေနေအာင္ေလာင္းတာ။

ကိုယ္ခ်င္းမစာလို႔ ေဆာင္းရာသီလဲ ပုံးေတြနဲ႔ ခပ္ေလာင္းတာ။ မီးထြန္းရင္လဲ အဲ့ဒီ့ဘုရားေရွ႕မွာပဲ ထြန္းတယ္။ေဗဒင္ဆရာေတြကလဲ ယၾတာေခ်ဖို႔ ေျပာတယ္ ေလ။

ယၾတာေျခတယ္ဆိုတာေတြက့ ဗုဒၶ ဘာ သာေတြမွာ တင္ရွိတာမဟုတ္ဘူး။သူတို႔(ဘာသာျခားမ်ား)လဲရွိတယ္။ဘယ္ႏိုင္ငံမွာပဲျဖစ္ျဖစ္ အ စဥ္အလာယုံၾကည္မႈ ဒါေတြက

ဗုဒၶဘာသာနဲ႔မဆိုင္ဘူးလို႔ပဲေျပာရမယ္။ စေနသားက စေနနံဘုရား ေရေလာင္းတာဗုဒၶ ဘာသာမဟုတ္ဘူး။ဗုဒၶဘာသာရဲ႕ ယုံၾကည္ခ်က္မဟုတ္ဘူး။ဒို႔ဘုရားရဲ႕ အဆုံးအမမဟုတ္ဘူး။

ေရာေထြးၿပီဳးျပဳလုပ္ျခင္းမ္ြသာျဖစ္တယ္ေပါ့။ စေနဘုရားလို႔မွ ရွိမွမရွိတာ။ စေနေဒါင့္ထားတာအမွန္ကေတာ့ ဗုဒၶဘာသာ ကိုးကြယ္လာတဲ့အခါ မူလၿဂိဳလ္နတ္

စေနေဒါင့္ကၿဂိဳလ္နတ္ကိုကိုးကြယ္တာကေနၿပီးေတာ့့ဗုဒၶ ဘာသာျဖစ္လာတဲ့အခါမွာ ဘုရားဆင္းတုနဲ႔ေျပာင္းၿပီး အစားထိုးလာတာ ၾကည့္ေလ ဘုရားကိုးဆူဆိုတာၾကည့္ေပါ့။

ဘုရားက ကိုးဆူမွမ ဟုတ္ဘဲ။ဘုရားဟာ တကယ္ကေတာ့ ႏွစ္က်ိတ္ရွစ္ဆူတို႔ ခုႏွစ္ဆူတို႔ဆိုတာက သူ႔အဓိပၸါယ္နဲ႔သူရွိတယ္။

ေဂါတမဘုရားဗ်ာဒိတ္ခံခဲ့တာကႏွစ္က်ိတ္ေလးဆူ၊ႏွစ္ဆယ့္ေလးဆူပဲရွိတယ္။ ေဂါတမဗုဒၶ ထည့္လိုက္တဲ့အခါ ႏွစ္ဆယ့္ငါးဆူ အဲ့ဒီထဲမယ္ ဒီပကၤရာျမတ္စြာဘု႔ရားနဲ႔

တစ္ကမာၻ တည္းပြင့္တဲ့ သရဏကၤရာ၊ ေမဓကၤရာ၊ တဏွကၤရာ ဆိုတဲ့ ဘုရားသုံးဆူထည့္လိုက္ၿပီးေတာ့ ႏွစ္က်ိတ္ရွစ္ဆူ လုပ္ၿပီးေတာ့ကိုးကြယ္ေနၾကတာ

ေနာက္တစ္ခု ခႏၵသုတ္မွာ နေမာသတၱာနံ သမၼာ သမၺဳဒၵါနံ ဆိုတာ ရဆူ။ ဝိပႆီ ၊ သိခီ၊ ဝိႆဘူ၊ ကကုသန္၊ ေဂါဏဂုံ၊ ကသႆပ ၊ ေဂါတမဘုရားရယ္ဆို ၇ ဆူ ဒီ ၇ ဆူကို အာဋာနာဋိယသုတ္မွာ ရွိခိုးတာ။

ဘာေၾကာင့္တုန္း ဆိုရင္ ယေန႔ကမာၻထဲမွာ သတၱဝါအေနနဲ႔ ေဟာဒီ ၇ ဆူရဲ႕ တပည့္ေတြရွိေနေသးတယ္။က်န္တဲ့ဘုရားေတြရဲ႕ တပည့္ေတြက မရွိၾကေတာ့ဘူး။

သခၤါရသေဘာအရ သတၱဝါအေနနဲ႔မရွိေတာ့ဘူး ၀ိပႆီ ျမတ္စြာဘုရားရဲ႕ တပည့္ေတာ္ခဲ့တဲ့ ျဗဟၼာႀကီး ေတြဟာ သုဒၵါဝါသဘုံမွာ ရဟႏၲာျဗဟၼာႀကီးေတြ အေနနဲ႔ ရွိေနေသးတယ္။

သိခီ ၊ ဝိႆဘူ ဘုရားရဲ႕ တပည့္ေတြကလဲ ျဗဟၼာအေနနဲ႔ ရွိေနေသးတယ္။ကကုသန္ ေဂါဏဂုံကႆပျမတ္စြာဘုရားတို႔ တပည့္ေတြကလဲ သတၱေလာကႀကီးမွာသတၱဝါအေနနဲ႔ ရွိေနေသးတယ္။

ဒါေၾကာင့္မို႔လို႔ အဲ့ဒီ ၇ ဆူကို ဘြဲ႕ေတာ္နဲ႔ထုတ္ၿပီး ရွိခိုးတယ္လို႔။ Resonable(ေၾကာင္းက်ိဳးဆီေလွ်ာ္မႈ)ျဖစ္တယ္ေပါ့။ဘုရားကိုးဆူဆိုတာေတာ့ ခုနက ၿဂိဳလ္ကိုးလုံးကို အစားထိုးတဲ့သေဘာျဖစ္တယ္။

ဗမာလူမ်ိဳးေတြ ျမန္မာႏိုင္ငံကို ဗုဒၶ ဘာ သာ ေရာက္ မလာခင္ကလည္း နတ္ကိုးကြယ္ၾကတယ္။အဲ့ေတာ့ ဗုဒၶဘာသာေတြက ျမတ္စြာ ဘု ရားကို ကိုးကြယ္တာဟာ

နတ္ကိုးကြယ္တာ နဲ႔ ဘာထူးလဲလို႔ ေမးမယ္ဆိုရင္ဗုဒၶဘာသာေတြ ျမတ္ စြာ ဘုရားကို ယုံၾကည္တယ္ ဆိုတာ ကိုးကြယ္တယ္ဆိုတာ ဘုရားရဲ႕ အစြမ္းတန္ခိုး ကို ယုံၾကည္တာ ကိုးကြယ္တာ မဟုတ္ဘူး။အသိဉာဏ္ကို ယုံၾကည္တာေပါ့။

ဗုဒၶဘာသာေတြ ယု႔ံရမွာက ျမတ္စြာဘုရားရဲ႕ အနႏၲ တန္ခိုးကိုမဟုတ္ဘူး။ မယုံရဘူးဆိုလို႔ မရွိဘူးလို႔ ေျပာတာမဟုတ္ဘူးေနာ္။

အားကိုးရမွာက ျမတ္စြာဘုရားရဲ႕ အသိဉာဏ္ကိုပဲ။အသိဉာဏ္ယုံတာနဲ႔ တန္ခိုးယုံတာနဲ႔က အင္မတန္မွ ကြာျခားတယ္။အသိဉာဏ္ယုံတဲ့သူက သူရဲ႕အဆုံးအမကို လိုက္နာတယ္။

တန္ခိုးယုံတဲ့သူကေတာ့ ထိုင္ၿပီးေတာ့ ဆုေတာင္းေန မွာပဲ။ Blessing ပဲေတာင္းေနမွာပဲ။Blessing ဆိုတာ ကိုယ့္ရင္ထဲမွာရွိတယ္ဆိုတာမသိၾကဘူး။

ျမတ္စြာဘုရားက Blessing ဆိုတာေျပာမယ္ဆိုရင္ ကုသိုလ္ေကာင္းမႈက တကယ့္ Blessing ပဲ။

ကိုယ့္ကိုအက်ိဳးေပးေနတာ ဘယ္သူက အက်ိဳး ေပး ေနတာလဲဆိုရင္ကိုယ့္ရဲ႕ စိတ္ေကာင္းႏွလုံးေကာင္းနဲ႔ ေျပာတဲ့လုပ္တဲ့ အလုပ္ေတြကသာ ကိုယ့္ကို အက်ိဳး ေပးေနတာေနာ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာနႏၵမာလာဘိဝံသ ေဟာ ၾကား​ေတ္ာမူေသာ့ ဗုဒၶဘာသာႏွင့္ ႏိုင္ငံျခားသားမ်ားအေၾကာင္းတရားေတာ္မွ ေကာက္ႏႈတ္တင္ျပအပ္ပါသည္။

Credit – Yee Ywal Sue

Unicode

နေ့နံ၊တချို့ ဘုရားများနှင့် ဓာတ်ခန်း၊ နတ်ခန်းတို့မှာလူစည်ကားနေတဲ့ ဗုဒ္ဓဘာသာဝင်တို့လွဲမှားနေတဲ့ အယူအဆများအား ပါချူပ်ဆရာတော်ကြီး၏ ရှင်းလင်းချက်

ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်တဲ့ မြန်မာလူမျိုး တွေ လက်ခံပြီးတော့ မြန်မာလူမျိုးတွေ ကျင့် သုံးနေတဲ့အရာရာတိုင်းက ဗုဒ္ဓဘာသာမဟုတ်ဘူး။

ဗုဒ္ဓရဲ့အဆုံးအမ မဟုတ်ဘူးဗုဒ္ဓအဆုံးအမနဲ့ မသက်ဆိုင်တာတွေ အများကြီး ရှိတယ်။ဥပမာ ရွှေတိဂုံဘုရားပေါ်မှာ ဘိုးမင်းခေါင် အရုပ်ကြီး တင်ထားတာတို့ ဝိဇ္ဇာဓိုရ်ဘုရားတို့

ကန်တော့ပွဲတွေတင်ထားတာတို့ ဒါတွေက့ဗုဒ္ဓ ဘာသာနဲ့မဆိုင်ဘူး။မဆိုင်တာကို မဆိုင်ဘူးလို့ ပြောတတ်ရမယ်။ဗုဒ္ဓဘာသာ အယူအဆမဟုတ်တာတွေ

ရွှေတိဂုံ ပေါ်တက်လိုက်တာနဲ့ တွေ့တယ်။ရိုးရိုးဘုရားရှေ့မှာ လူမစည်ဘူး ဓာတ်ခန်းနတ်ခန်း တွေရှေ့မှာ လူစည်တယ်။ပြီးတော့ ရွှေတိဂုံဘုရားပေါ်မှာ

အစဉ်အလာ စွဲလမ်းမှု တွေနဲ့ လူတွေဟာ ကိုယ်ရဲ့ နေ့သင့်နံသင့် ဘုရားတွေမှာ ရေတွေလောင်းနေကြတာ မွန်းနေအောင်လောင်းတာ။

ကိုယ်ချင်းမစာလို့ ဆောင်းရာသီလဲ ပုံးတွေနဲ့ ခပ်လောင်းတာ။ မီးထွန်းရင်လဲ အဲ့ဒီ့ဘုရားရှေ့မှာပဲ ထွန်းတယ်။ဗေဒင်ဆရာတွေကလဲ ယတြာချေဖို့ ပြောတယ် လေ။

ယတြာခြေတယ်ဆိုတာတွေက့ ဗုဒ္ဓ ဘာ သာတွေမှာ တင်ရှိတာမဟုတ်ဘူး။သူတို့(ဘာသာခြားများ)လဲရှိတယ်။ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် အ စဉ်အလာယုံကြည်မှု ဒါတွေက

ဗုဒ္ဓဘာသာနဲ့မဆိုင်ဘူးလို့ပဲပြောရမယ်။ စနေသားက စနေနံဘုရား ရေလောင်းတာဗုဒ္ဓ ဘာသာမဟုတ်ဘူး။ဗုဒ္ဓဘာသာရဲ့ ယုံကြည်ချက်မဟုတ်ဘူး။ဒို့ဘုရားရဲ့ အဆုံးအမမဟုတ်ဘူး။

ရောထွေးပြီုးပြုလုပ်ခြင်းမ်ွသာဖြစ်တယ်ပေါ့။ စနေဘုရားလို့မှ ရှိမှမရှိတာ။ စနေဒေါင့်ထားတာအမှန်ကတော့ ဗုဒ္ဓဘာသာ ကိုးကွယ်လာတဲ့အခါ မူလဂြိုလ်နတ်

စနေဒေါင့်ကဂြိုလ်နတ်ကိုကိုးကွယ်တာကနေပြီးတော့့ဗုဒ္ဓ ဘာသာဖြစ်လာတဲ့အခါမှာ ဘုရားဆင်းတုနဲ့ပြောင်းပြီး အစားထိုးလာတာ ကြည့်လေ ဘုရားကိုးဆူဆိုတာကြည့်ပေါ့။

ဘုရားက ကိုးဆူမှမ ဟုတ်ဘဲ။ဘုရားဟာ တကယ်ကတော့ နှစ်ကျိတ်ရှစ်ဆူတို့ ခုနှစ်ဆူတို့ဆိုတာက သူ့အဓိပ္ပါယ်နဲ့သူရှိတယ်။

ဂေါတမဘုရားဗျာဒိတ်ခံခဲ့တာကနှစ်ကျိတ်လေးဆူ၊နှစ်ဆယ့်လေးဆူပဲရှိတယ်။ ဂေါတမဗုဒ္ဓ ထည့်လိုက်တဲ့အခါ နှစ်ဆယ့်ငါးဆူ အဲ့ဒီထဲမယ် ဒီပင်္ကရာမြတ်စွာဘု့ရားနဲ့

တစ်ကမ္ဘာ တည်းပွင့်တဲ့ သရဏင်္ကရာ၊ မေဓင်္ကရာ၊ တဏှင်္ကရာ ဆိုတဲ့ ဘုရားသုံးဆူထည့်လိုက်ပြီးတော့ နှစ်ကျိတ်ရှစ်ဆူ လုပ်ပြီးတော့ကိုးကွယ်နေကြတာ

နောက်တစ်ခု ခန္ဒသုတ်မှာ နမောသတ္တာနံ သမ္မာ သမ္ဗုဒ္ဒါနံ ဆိုတာ ရဆူ။ ဝိပဿီ ၊ သိခီ၊ ဝိဿဘူ၊ ကကုသန်၊ ဂေါဏဂုံ၊ ကသဿပ ၊ ဂေါတမဘုရားရယ်ဆို ၇ ဆူ ဒီ ၇ ဆူကို အာဋာနာဋိယသုတ်မှာ ရှိခိုးတာ။

ဘာကြောင့်တုန်း ဆိုရင် ယနေ့ကမ္ဘာထဲမှာ သတ္တဝါအနေနဲ့ ဟောဒီ ၇ ဆူရဲ့ တပည့်တွေရှိနေသေးတယ်။ကျန်တဲ့ဘုရားတွေရဲ့ တပည့်တွေက မရှိကြတော့ဘူး။

သင်္ခါရသဘောအရ သတ္တဝါအနေနဲ့မရှိတော့ဘူး ၀ိပဿီ မြတ်စွာဘုရားရဲ့ တပည့်တော်ခဲ့တဲ့ ဗြဟ္မာကြီး တွေဟာ သုဒ္ဒါဝါသဘုံမှာ ရဟန္တာဗြဟ္မာကြီးတွေ အနေနဲ့ ရှိနေသေးတယ်။

သိခီ ၊ ဝိဿဘူ ဘုရားရဲ့ တပည့်တွေကလဲ ဗြဟ္မာအနေနဲ့ ရှိနေသေးတယ်။ကကုသန် ဂေါဏဂုံကဿပမြတ်စွာဘုရားတို့ တပည့်တွေကလဲ သတ္တလောကကြီးမှာသတ္တဝါအနေနဲ့ ရှိနေသေးတယ်။

ဒါကြောင့်မို့လို့ အဲ့ဒီ ၇ ဆူကို ဘွဲ့တော်နဲ့ထုတ်ပြီး ရှိခိုးတယ်လို့။ Resonable(ကြောင်းကျိုးဆီလျှော်မှု)ဖြစ်တယ်ပေါ့။ဘုရားကိုးဆူဆိုတာတော့ ခုနက ဂြိုလ်ကိုးလုံးကို အစားထိုးတဲ့သဘောဖြစ်တယ်။

ဗမာလူမျိုးတွေ မြန်မာနိုင်ငံကို ဗုဒ္ဓ ဘာ သာ ရောက် မလာခင်ကလည်း နတ်ကိုးကွယ်ကြတယ်။အဲ့တော့ ဗုဒ္ဓဘာသာတွေက မြတ်စွာ ဘု ရားကို ကိုးကွယ်တာဟာ

နတ်ကိုးကွယ်တာ နဲ့ ဘာထူးလဲလို့ မေးမယ်ဆိုရင်ဗုဒ္ဓဘာသာတွေ မြတ် စွာ ဘုရားကို ယုံကြည်တယ် ဆိုတာ ကိုးကွယ်တယ်ဆိုတာ ဘုရားရဲ့ အစွမ်းတန်ခိုး ကို ယုံကြည်တာ ကိုးကွယ်တာ မဟုတ်ဘူး။အသိဉာဏ်ကို ယုံကြည်တာပေါ့။

ဗုဒ္ဓဘာသာတွေ ယု့ံရမှာက မြတ်စွာဘုရားရဲ့ အနန္တ တန်ခိုးကိုမဟုတ်ဘူး။ မယုံရဘူးဆိုလို့ မရှိဘူးလို့ ပြောတာမဟုတ်ဘူးနော်။

အားကိုးရမှာက မြတ်စွာဘုရားရဲ့ အသိဉာဏ်ကိုပဲ။အသိဉာဏ်ယုံတာနဲ့ တန်ခိုးယုံတာနဲ့က အင်မတန်မှ ကွာခြားတယ်။အသိဉာဏ်ယုံတဲ့သူက သူရဲ့အဆုံးအမကို လိုက်နာတယ်။

တန်ခိုးယုံတဲ့သူကတော့ ထိုင်ပြီးတော့ ဆုတောင်းနေ မှာပဲ။ Blessing ပဲတောင်းနေမှာပဲ။Blessing ဆိုတာ ကိုယ့်ရင်ထဲမှာရှိတယ်ဆိုတာမသိကြဘူး။

မြတ်စွာဘုရားက Blessing ဆိုတာပြောမယ်ဆိုရင် ကုသိုလ်ကောင်းမှုက တကယ့် Blessing ပဲ။

ကိုယ့်ကိုအကျိုးပေးနေတာ ဘယ်သူက အကျိုး ပေး နေတာလဲဆိုရင်ကိုယ့်ရဲ့ စိတ်ကောင်းနှလုံးကောင်းနဲ့ ပြောတဲ့လုပ်တဲ့ အလုပ်တွေကသာ ကိုယ့်ကို အကျိုး ပေးနေတာနော်။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာနန္ဒမာလာဘိဝံသ ဟော ကြား​တေ်ာမူသော့ ဗုဒ္ဓဘာသာနှင့် နိုင်ငံခြားသားများအကြောင်းတရားတော်မှ ကောက်နှုတ်တင်ပြအပ်ပါသည်။

Credit – Yee Ywal Sue