အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ေဒါသထြက္ရင္ ဘာေၾကာင့္ေအာ္ၾကတာလဲ ?
သူေတာ္စင္တစ္ဦးဟာ တပည့္ေတြနဲ႔အတူ ျမစ္ကမ္းတစ္ခုကိုေရခ်ိဳးဆင္းလာပါတယ္.. အဲ့ဒီျမစ္ကမ္းမွာ မိသားတစ္စုဟာ
တစ္ေယာက္နဲ႔တစ္ေယာက္ ေဒါသထြက္ၿပီး အျပန္အလွန္ေအာ္ဟစ္ေျပာဆိုေနၾကပါတယ္.. သူေတာ္စင္က သူ႔တပည့္ေတြဘက္လွည့္ၿပီး အၿပဳံးေလးနဲ႔ ေမးလိုက္ပါတယ္..
”လူေတြ စိတ္တိုတဲ့အခါမွာ ဘာေၾကာင့္ ေအာ္ဟစ္ေျပာဆိုၾကတာလဲ..”တပည့္ေတြက အခ်ိန္အတန္ၾကာစဥ္းစားေနၾကပါတယ္.. သူတို႔ထဲက တစ္ေယာက္ကေျပာတယ္..
”ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္တို႔ရဲ႕စိတ္ကို ၿငိမ္ၿငိမ္သက္သက္မထားႏိုင္ေတာ့ဘူးေလ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ ေအာ္ၾကတာေပါ့..”
”ဟုတ္ၿပီ.. ကိုယ့္ေဘးနားမွာတင္ရွိေနတဲ့လူကိုေကာ ဘာေၾကာင့္ ေအာ္ေျပာေနၾကတာလဲ.. မင္းေျပာခ်င္တာကို ျဖည္းျဖည္းေျပာလို႔လည္း ၾကားေနရေနတာပဲ..” သူေတာ္စင္က ျပန္ေမးပါတယ္..
တပည့္ေတြက တျခားအေျဖေတြအမ်ိဳးမ်ိဳးထပ္ေပးၾကပါေသးတယ္.. ဒါေပမဲ့ေက်နပ္ေလာက္တဲ့အေျဖမ်ိဳး မေပးႏိုင္ၾကပါဘူး..
ေနာက္ဆုံးမွာေတာ့ သူေတာ္စင္ပုဂၢိဳလ္က ရွင္းျပပါတယ္..”လူႏွစ္ေယာက္ဟာ တစ္ေယာက္ကိုတစ္ေယာက္ စိတ္ဆိုးေဒါသထြက္တဲ့အခါ သူတို႔ႏွလုံးသားေတြဟာ ေဝးကြာသြားတယ္..
အဲ့ဒီအကြာအေဝးကေနၾကားႏိုင္ဖို႔ တစ္ေယာက္ကိုတစ္ေယာက္ ေအာ္ေျပာေနၾကရတာပါပဲ.. သူတို႔ေဒါသပိုထြက္ေလေလ
သူတို႔ၾကားကအကြာအေဝး ပိုမ်ားလာေလေလျဖစ္တဲ့အတြက္ ပိုၿပီးက်ယ္က်ယ္ေအာ္ေျပာရေလေလပါပဲ..”
“လူႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္ ေမတၱာရွိတဲ့အခါမွာဆိုရင္ေကာ ဘယ္လိုျဖစ္မယ္ထင္လဲ.. သူတို႔ဟာ တစ္ေယာက္ကိုတစ္ေယာက္ ေအာ္ဟစ္ၿပီးမေျပာၾကပါဘူး..
ႏူးႏူးညံ့ညံ့ညင္ညင္သာသာနဲ႔ ျဖည္းျဖည္းပဲေျပာၾကပါတယ္.. ဘာေၾကာင့္လဲဆိုေတာ့ သူတို႔ႏွလုံးသားခ်င္းအရမ္းနီးကပ္သြားၿပီေလ..
သူတို႔ၾကားထဲကအကြာအေဝးဟာ အရမ္းနည္းၿပီး မရွိသေလာက္ကိုျဖစ္သြားလို႔ပါပဲ..”သူေတာ္စင္က ဆက္ရွင္းျပပါတယ္..
“သူတို႔တစ္ေယာက္နဲ႔တစ္ေယာက္ အရမ္းခ်စ္သြားတဲ့အခါက်ရင္ေကာ ဘာျဖစ္လာမလဲ.. သူတို႔စကားကိုမေျပာေတာ့ပါဘူး.. ေလသံေလးေလာက္နဲ႔ပဲေျပာဆိုၾကပါတယ္..
တစ္ေယာက္နဲ႔တစ္ေယာက္ဟာ အခ်စ္ေၾကာင့္ အရမ္းနီးကပ္သြားၾကလို႔ပဲျဖစ္ပါတယ္.. ေနာက္ ဆုံးေတာ့ သူတို႔ေလသံေလးနဲ႔ေတာင္ ေျပာေနဖို႔မလိုေတာ့ပါဘူး..
တစ္ေယာက္နဲ႔တစ္ေယာက္ ၾကည့္ေန႐ုံေလးနဲ႔ကို နားလည္ေနႏိုင္ၾကပါၿပီ.. ဒါဟာ တစ္ေယာက္နဲ႔တစ္ေယာက္ခ်စ္သြားၾကတဲ့အခါ လူႏွစ္ေယာက္ဘယ္ေလာက္နီးကပ္သြားသလဲဆိုတာပါပဲ..”
သူေတာ္စင္က သူ႔တပည့္ေတြကိုၾကည့္ၿပီး ေျပာပါတယ္..”ဒါေၾကာင့္ မင္းတို႔စကားမ်ားတဲ့အခါမွာ မင္းတို႔ရဲ႕ႏွလုံးသားေတြကို မေဝးကြာေစပါနဲ႔.. တစ္ေယာက္နဲ႔တစ္ေယာက္
ပိုေဝးကြာေစမယ့္ စကားမ်ိဳးကိုလည္း ထပ္မေျပာပါနဲ႔.. ဒါမွမဟုတ္ရင္ မင္းတို႔ၾကားက အကြာအေဝးဟာ အရမ္းႀကီးမားၿပီး ျပန္ လည္ဆုံဆည္းဖို႔မျဖစ္ႏိုင္ေလာက္တဲ့ တစ္ေန႔ကို ေရာက္ရွိသြားပါလိမ့္မယ္..”
Credit – ႏႈိင္းရင့္ေႏြ
Unicode
ဒေါသထွက်ရင် ဘာကြောင့်အော်ကြတာလဲ ?
သူတော်စင်တစ်ဦးဟာ တပည့်တွေနဲ့အတူ မြစ်ကမ်းတစ်ခုကိုရေချိုးဆင်းလာပါတယ်.. အဲ့ဒီမြစ်ကမ်းမှာ မိသားတစ်စုဟာ
တစ်ယောက်နဲ့တစ်ယောက် ဒေါသထွက်ပြီး အပြန်အလှန်အော်ဟစ်ပြောဆိုနေကြပါတယ်.. သူတော်စင်က သူ့တပည့်တွေဘက်လှည့်ပြီး အပြုံးလေးနဲ့ မေးလိုက်ပါတယ်..
”လူတွေ စိတ်တိုတဲ့အခါမှာ ဘာကြောင့် အော်ဟစ်ပြောဆိုကြတာလဲ..”တပည့်တွေက အချိန်အတန်ကြာစဉ်းစားနေကြပါတယ်.. သူတို့ထဲက တစ်ယောက်ကပြောတယ်..
”ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့စိတ်ကို ငြိမ်ငြိမ်သက်သက်မထားနိုင်တော့ဘူးလေ ဒါကြောင့် ကျွန်တော်တို့ အော်ကြတာပေါ့..”
”ဟုတ်ပြီ.. ကိုယ့်ဘေးနားမှာတင်ရှိနေတဲ့လူကိုကော ဘာကြောင့် အော်ပြောနေကြတာလဲ.. မင်းပြောချင်တာကို ဖြည်းဖြည်းပြောလို့လည်း ကြားနေရနေတာပဲ..” သူတော်စင်က ပြန်မေးပါတယ်..
တပည့်တွေက တခြားအဖြေတွေအမျိုးမျိုးထပ်ပေးကြပါသေးတယ်.. ဒါပေမဲ့ကျေနပ်လောက်တဲ့အဖြေမျိုး မပေးနိုင်ကြပါဘူး..
နောက်ဆုံးမှာတော့ သူတော်စင်ပုဂ္ဂိုလ်က ရှင်းပြပါတယ်..”လူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် စိတ်ဆိုးဒေါသထွက်တဲ့အခါ သူတို့နှလုံးသားတွေဟာ ဝေးကွာသွားတယ်..
အဲ့ဒီအကွာအဝေးကနေကြားနိုင်ဖို့ တစ်ယောက်ကိုတစ်ယောက် အော်ပြောနေကြရတာပါပဲ.. သူတို့ဒေါသပိုထွက်လေလေ
သူတို့ကြားကအကွာအဝေး ပိုများလာလေလေဖြစ်တဲ့အတွက် ပိုပြီးကျယ်ကျယ်အော်ပြောရလေလေပါပဲ..”
“လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် မေတ္တာရှိတဲ့အခါမှာဆိုရင်ကော ဘယ်လိုဖြစ်မယ်ထင်လဲ.. သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် အော်ဟစ်ပြီးမပြောကြပါဘူး..
နူးနူးညံ့ညံ့ညင်ညင်သာသာနဲ့ ဖြည်းဖြည်းပဲပြောကြပါတယ်.. ဘာကြောင့်လဲဆိုတော့ သူတို့နှလုံးသားချင်းအရမ်းနီးကပ်သွားပြီလေ..
သူတို့ကြားထဲကအကွာအဝေးဟာ အရမ်းနည်းပြီး မရှိသလောက်ကိုဖြစ်သွားလို့ပါပဲ..”သူတော်စင်က ဆက်ရှင်းပြပါတယ်..
“သူတို့တစ်ယောက်နဲ့တစ်ယောက် အရမ်းချစ်သွားတဲ့အခါကျရင်ကော ဘာဖြစ်လာမလဲ.. သူတို့စကားကိုမပြောတော့ပါဘူး.. လေသံလေးလောက်နဲ့ပဲပြောဆိုကြပါတယ်..
တစ်ယောက်နဲ့တစ်ယောက်ဟာ အချစ်ကြောင့် အရမ်းနီးကပ်သွားကြလို့ပဲဖြစ်ပါတယ်.. နောက် ဆုံးတော့ သူတို့လေသံလေးနဲ့တောင် ပြောနေဖို့မလိုတော့ပါဘူး..
တစ်ယောက်နဲ့တစ်ယောက် ကြည့်နေရုံလေးနဲ့ကို နားလည်နေနိုင်ကြပါပြီ.. ဒါဟာ တစ်ယောက်နဲ့တစ်ယောက်ချစ်သွားကြတဲ့အခါ လူနှစ်ယောက်ဘယ်လောက်နီးကပ်သွားသလဲဆိုတာပါပဲ..”
သူတော်စင်က သူ့တပည့်တွေကိုကြည့်ပြီး ပြောပါတယ်..”ဒါကြောင့် မင်းတို့စကားများတဲ့အခါမှာ မင်းတို့ရဲ့နှလုံးသားတွေကို မဝေးကွာစေပါနဲ့.. တစ်ယောက်နဲ့တစ်ယောက်
ပိုဝေးကွာစေမယ့် စကားမျိုးကိုလည်း ထပ်မပြောပါနဲ့.. ဒါမှမဟုတ်ရင် မင်းတို့ကြားက အကွာအဝေးဟာ အရမ်းကြီးမားပြီး ပြန် လည်ဆုံဆည်းဖို့မဖြစ်နိုင်လောက်တဲ့ တစ်နေ့ကို ရောက်ရှိသွားပါလိမ့်မယ်..”
Credit – နှိုင်းရင့်နွေ