အခုလို သူခိုးတွေ ခေတ်ထနေချိန် မိမိဆိုင်ကယ် အလွယ်တကူအခိုးမခံရစေဖို့ ဒီအချက်တွေကိုလုပ်ဆောင်ပေးပါ
အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
Sai Kyaw Zayar (Credit)
Unicode
အခုလို သူခိုးတွေ ခေတ်ထနေချိန် မိမိဆိုင်ကယ် အလွယ်တကူ အခိုးမခံရစေဖို့ ဒီအချက်တွေ ကိုလုပ်ဆောင်ပေးပါ…..
လက်ရှိအချိန်မှာ နေရာအနှံ့မှာ ဆိုင်ကယ်သူခိုးတွေသောင်းကျန်းနေပြီး ဆိုင်ကယ်ခိုးခံရသူတွေ တော်တော်များများ တွေ့လာနေရပါတယ်။
ဒါကြောင့် မိမိဆိုင်ကယ် အခိုးမခံရစေဖို့ ကြိုတင်လုပ်ဆောင်ထားနိုင်ရန် နည်းလမ်းလေးတွေ ပြန်လည်မျှဝေပေးလိုက်ပါတယ်။
သူခိုးက ဆိုင်ကယ်တစီးကို ခိုးဖို့ cctv မှတ်တမ်းတွေအချိန်ခနပဲ ကြာပါတယ်။ ယခုလို သော့ခတ်ထားရင်ခိုးယူဖို့ အချိန်တခုတော့ကြာမှာပါ။
ဆိုင်ကယ်သူခိုးများသည် ဇတ်သော့အားခြေထောက်ဖြင့် တွန်းကန်ကာ ဇတ်သော့ကို ၂ စက္ကန့်အတွင်းကျိုးသွားအောင် လုပ်ပြီး
ဆိုင်ကယ်ကို တွန်းသွားခြင်း၊ နောက်ထပ်ဆိုင်ကယ်ဖြင့် ခြေဖြင့်ကန်မောင်းသွားခြင်း စသဖြင့် ခိုးကြရာတွင်(CCTV )ကင်မရာမှမြင်ရသေ
ာ်လည်းဘာမှပြန်လုပ်ယူ၍ မရတော့ပေ။ (GPS) တပ်ထားသော်လဲ ခိုးယူသည့်အချိန်အလျင်မြန် လိုက်နိုင်မှ ပြန်ရနိုင်ပါမယ်။
အဲ့တော့ ကျနော်တို့ အစထဲက ခိုးဖို့ မလွယ်အောင်ခိုးဖို့အချိန်ကို သူခိုးအတွက် အချိန်များများမရအောင်ယခု နည်းလမ်းက အဆင်ပြေနိုင်ပါတယ်။
ရှေ့ဘီး ဒစ်ဘရိတ်သံကွင်းက အပေါက်လေးတွေမှာ အိမ်သော့အသေးလေးကိုခတ်ထားလိုက်ပါ။
တော်ရုံအချိန်နဲ့ ဘယ်လိုမှ ခိုးလို့မရပါ။ဆိုင်ကယ်ကို တွန်းသွားလို့လည်းမရပါ။ ဇတ်သော့ ကျိုးသွားခဲ့ရင်တောင်ဆိုင်ကယ်ကို ထားခဲ့မှဘဲရပါ့မယ်။
သယ်ရတာလဲ လွယ်ပါတယ် သော့တလုံးမှ၂၀၀၀ / ၃၀၀၀ လောက်ပဲရှိပါတယ်။ တတ်နိုင်တယ်ဆို Alarm သော့နဲ့ ဝယ်ခတ်ပါ။ သော့ကို လှူပ်တာနဲ့ အသံမြည်ပါတယ်။
ဘယ်သူ ဘာပြောပြော ဇတ်သော့ကို ညာဘက်စောင်းခတ်ကြပါ။(ဘယ်ဘက်စောင်းခတ်ရင်ခြေဖြင့်ကန်ချိုးရ လွယ်လို့ပါ)။
ဂီယာဘီး တွေဆိုရင် ဂွထောက်ကြီးထောက်ပြီးတော့ ဂွထောက် ရဲ့ကွင်းမှာ သော့ခလောက် ခတ်ထားလိုက်ပါ။
လက်ဖက်ရည်ဆိုင် ထိုင်ရင် ဆိုင်ကယ်ကိုမြင်ရတဲ့နေရာမှာထိုင်ပါ။ပြောချင်တဲ့သူပြောပစေ ဆိုင်ကယ်ကို ရှေ့ဘီးသံကွင်းမှာအိမ်သော့ခလောက်ခတ်ထားပါ။ပျောက်သွားရင်
ဘယ်သူမှ လာလျော်ပေးမှာမဟုတ်လို့ပါ (သော့ခလောက်ခတ်တာကိုလူတွေမြင်ရင်ရှက်တယ်ဆိုတဲ့သူတွေရှိလို့ပါ ) ဇက်သော့ခတ်တဲ့အခါ ဇက်ကိုညာဘက် စောင်းခတ်ကြပါ။
Sai Kyaw Zayar (Credit)