ကျွန်းညိုသခင် စောင်းတော်ရှင် ရေငံပိုင်ဦးရှင်ကြီးဆိုတာ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ကြၽန္းညိဳသခင္ ေစာင္းေတာ္ရွင္ ေရငံပိုင္ဦးရွင္ႀကီးဆိုတာ

ဦးရွင္ႀကီးသည္ဧရာဝတီ ျမစ္ဝကြၽန္းေပၚေဒသတြင္ ကိုးကြယ္ၾကေသာ နတ္တစ္ပါးျဖစ္သည္။ ေရလမ္းခရီးကို ေစာင့္ေရွာက္သည့္ နတ္တစ္ ပါးျဖစ္သည္ဟု အမ်ားက ယုံၾကည္ၾကသည္။

သူ၏ ႐ုပ္တုကို က်ားသို႔မဟုတ္ မိေက်ာင္းတစ္ေကာင္ႏွင့္ တြဲဖက္ ထုလုပ္ေလ့ရွိၿပီး တစ္ခါတရံတြင္ ေစာင္းကိုင္ထားသည့္ ပုံ ျပေလ့ ရွိသည္။

သူသည္ နဂိုမူလက ပဲခူးေဒသရွိ ကစင္႐ြာမွ ေစာင္းသမား ျဖစ္သည္။ ပါးစပ္ေျပာ ရာဇဝင္မ်ားအရ သူႏွင့္ အေပါင္းအပါ သစ္ခုတ္ သမားမ်ား အစားအစာရွာေဖြရာတြင္

မိန္းမလွကြၽန္းသို႔ ေရာက္ရွိသြားၾကသည္။ သူ၏ ေစာင္းသံသည္ နတ္ညီအစ္မႏွစ္ေယာက္ကို ဖမ္းစားခဲ့ၿပီး သူမတို႔က သူတို႔၏ ေလွကို ထြက္ခြာခြင့္ မျပဳခဲ့ေပ။

ေနာက္ဆုံး သူ၏ အသက္ကို စေတးမွ ေလွအား ထြက္ခြာခြင့္ ျပဳခဲ့သည္။ သူသည္ ကြယ္လြန္ၿပီးေနာက္ နတ္ျဖစ္ခဲ့သည္။

ဦးရွင္ႀကီး နတ္ပြဲအား ပုံမွန္အားျဖင့္ မတ္လတြင္ က်င္းပေလ့ ရွိသည္။ ေရငန္ပိုင္ဦးရွင္ႀကီး သမိုင္းႏွင့္ပတ္သတ္၍ မိန္းမလွကြၽန္းသည္

ျမစ္ဝကြၽန္းေပၚေဒသတြင္ အထူးထင္ရွားေက်ာ္ေစာေသာ ကြၽန္းျဖစ္သည္။ မြန္စာေပအကၡရာတြင္ မိန္မႅ ဟုေရးသား၍ အဓိပၸာယ္မွာ ျမရာပင္မ်ားေပါက္ေသာကြၽန္း ဟု ေခၚသည္။

၎မိန္းမလွကြၽန္းေတာင္ဘက္တြင္ ကြၽန္းညိဳႀကီးဟူေသာ ကြၽန္းလည္းရွိေသးသည္။ ကြၽန္းညိဳႀကီးတြင္ ယခုအခါ လူေန အိမ္ေျခစည္ကားလ်က္ ကြၽန္းညိဳ႐ြာ ဟုေခၚၾကသည္။

သမိုင္းျဖစ္စဥ္တြင္ ဘုရင္ႏွင့္သကၠရာဇ္ကို မသိရ။ ရာမညတိုင္း မြန္လူမ်ိဳးတို႔ေကာင္းစားစဥ္အခါက ပဲခူးနယ္ ကစင္႐ြာ (အခ်ိဳ႕က စည္တီး႐ြာ) သား ေမာင္ရွင္သည္

အသက္အ႐ြယ္ ငယ္စဥ္အခါက ဖခင္သူႀကီး ကြယ္လြန္သြား၍ ဆင္းရဲႏြမ္းပါးၿပီး သူ၏ ထူးခြၽန္စြာတတ္ေျမာက္ေသာ ေစာင္းပညာျဖင့္ ေငြေၾကးရွာေဖြၿပီး

မိခင္မုဆိုးမ ေဒၚျဖဴကို ေကြၽးေမြးရရွာသည္။ ေမာင္ရွင္ကို သာမေဏမျပဳရေသးေသာေၾကာင့္ ေဒၚျဖဴက သူ၏ခင္ပြန္းမကြယ္လြန္မီ ေကာင္းစားစဥ္အခါက

 

 

အစ္မျဖစ္သူ ေဒၚသူကို ေငြသုံးပိႆာေခ်းငွားထားခဲ့ဖူးသည္ကို သတိရ၍ ယခုအခါ ေဒၚသူမွာ ႂကြယ္ဝခ်မ္းသာေနသည္ျဖစ္ေသာေၾကာင့္

သားကေလးရွင္ျပဳရန္အ တြက္ သြားေရာက္ေတာင္းဆိုရာ ေဒၚသူက အမ်ိဳးမ်ိဳးဆဲဆိုႀကိမ္းေမာင္းႏွိပ္စက္လႊတ္လိုက္သည့္အတြက္

ရွက္လည္းရွက္ စိတ္လည္းနာ၍ သားအမိႏွစ္ေယာက္ ဒလၿမိဳ႕သို႔လာေရာက္ေနထိုင္ၾကရာ ေမာင္ရွင္က ရွင္သာမေဏျပဳရန္ေငြေၾကးရေအာင္

ေမ်ာခုတ္သမားေလွထိုးသားအျဖစ္ႏွင့္ လိုက္သြားရာ မိန္းမလွကြၽန္းသို႔ေရာက္ေလသည္။ဇာတ္သဘင္မ်ားက ကျပရာတြင္ ေမာင္ရွင္၏အကိုဝမ္းကြဲေတာ္သူ

ေဒၚသူ၏ သား ကိုဘိုးေအာင္ကိုပါ ထည့္သြင္းကျပၾကသည္မွာ လြမ္းေအာင္ေဆြးေအာင္ ဇာတ္ပို႔ေဆာင္သူအျဖစ္ႏွင့္ ထည့္သြင္းကျပၾကဟန္တူသည္။

မိန္းမလွကြၽန္း၌ ကရင္မုဆိုးမႀကီးသမီးေလးေယာက္ က်ားကိုက္၍ေသရၿပီး အစိမ္းနတ္အျဖစ္ ေစာင့္ေနၾကရသည္။

ေမာင္ရွင္တို႔ေလွ မိန္းမလွကြၽန္းသို႔ေရာက္ခဲ့ၾကၿပီး ေမ်ာမ်ားခုတ္၍ယူၾကစဥ္ ေမာင္ရွင္ေလွကိုေစာင့္၍ေနရစ္ခဲ့ရာ အပ်င္းေျပေစာင္းတီးေသာအခါ

မိန္းမလွကြၽန္းကိုေစာင့္ေနေသာ နတ္သမီးမ်ားက သေဘာက်ၿပီး ေမ်ာခုတ္ၿပီး ေလွထြက္မည္ျပဳလုပ္ေသာအခါ ေလွမထြက္ႏိုင္ေအာင္ ဆြဲထားသည္ႏွင့္

မဲခ်ေသာအခါ ေမာင္ရွင္ကို မဲသုံးႀကိမ္က်၍ ေလွသူႀကီးက ေမာင္ရွင္အား ေရထဲသို႔ပစ္ခ်ရာ ေရထဲမေရာက္ခင္ေပ်ာက္သြားၿပီး အရွင္လတ္ လတ္ နတ္ျဖစ္သြားသည္ဟု ဆိုသည္။

၎ကို ေရငန္ပိုင္ဦးရွင္ႀကီးဟုေခၚၾကသည့္အျပင္ ကြၽန္းညိဳရွင္ ဟုလည္း ေခၚၾကသည္။

ယုံၾကည္ကိုးကြယ္မႈႏွင့္ ပူေဇာ္ပသပုံ – ေရငန္ပိုင္ၿမိဳ႕႐ြာေဒသတို႔တြင္ အမ်ားအားျဖင့္ ဦးရွင္ႀကီးကိုအထူးယုံၾကည္၍ တင္ေျမႇာက္ပသကိုးကြယ္ၾကသည္။

ကြၽန္းညိဳ႐ြာေဒသခံမ်ားက ေရငံပိုင္ဦးရွင္ႀကီးသည္ ယေန႔အခ်ိန္အထိ ကြၽန္းညိဳႀကီးေပၚတြင္ေနထိုင္လ်က္ရွိသည္ဟု ယုံၾကည္ၾကသည္။

ေဒသခံမ်ားသည္ အစြဲအလမ္း အလြန္ႀကီးမားၿပီး ဤကြၽန္းသည္ အလြန္နတ္ႀကီးသည့္ ေနရာျဖစ္သည္ဟု ယုံၾကည္ၾကသည္။ ကြၽန္းအနီးတြင္ အေျပာအဆိုမွအစ အမွားမရွိေစရန္၊

အထူးသျဖင့္ မိေက်ာင္းမ်ားကို ရန္မရွာရန္ဟု ဆိုၾကသည္။ ဒီေဒသရွိ မိေက်ာင္းမ်ားအားလုံးသည္ ေရငံပိုင္ဦးရွင္ႀကီး၏ အေစာင့္အေရွာက္မ်ား ျဖစ္သည္ဟု ဆိုၾကသည္။

တစ္စုံတစ္ရာ အမွားအယြင္း ရွိခဲ့ပါက ဦးရွင္ႀကီးမွ မိေက်ာင္းျဖင့္ တိုက္လိမ့္မည္ဟုလည္း ယုံၾကည္ၾကသည္။

၃၇ မင္း နတ္စာရင္းတြင္ မပါဝင္ေသာ္လည္း နတ္ထိန္း နတ္ကေတာ္မ်ား နတ္ကႏၷားေပးပြဲျပဳလုပ္ေသာအခါ ဆြမ္းတင္ေျမႇာက္ ပသကိုးကြယ္ၾကသည္။

Credit – Wikipedia

Unicode

ကျွန်းညိုသခင် စောင်းတော်ရှင် ရေငံပိုင်ဦးရှင်ကြီးဆိုတာ

ဦးရှင်ကြီးသည်ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် ကိုးကွယ်ကြသော နတ်တစ်ပါးဖြစ်သည်။ ရေလမ်းခရီးကို စောင့်ရှောက်သည့် နတ်တစ် ပါးဖြစ်သည်ဟု အများက ယုံကြည်ကြသည်။

သူ၏ ရုပ်တုကို ကျားသို့မဟုတ် မိကျောင်းတစ်ကောင်နှင့် တွဲဖက် ထုလုပ်လေ့ရှိပြီး တစ်ခါတရံတွင် စောင်းကိုင်ထားသည့် ပုံ ပြလေ့ ရှိသည်။

သူသည် နဂိုမူလက ပဲခူးဒေသရှိ ကစင်ရွာမှ စောင်းသမား ဖြစ်သည်။ ပါးစပ်ပြော ရာဇဝင်များအရ သူနှင့် အပေါင်းအပါ သစ်ခုတ် သမားများ အစားအစာရှာဖွေရာတွင်

မိန်းမလှကျွန်းသို့ ရောက်ရှိသွားကြသည်။ သူ၏ စောင်းသံသည် နတ်ညီအစ်မနှစ်ယောက်ကို ဖမ်းစားခဲ့ပြီး သူမတို့က သူတို့၏ လှေကို ထွက်ခွာခွင့် မပြုခဲ့ပေ။

နောက်ဆုံး သူ၏ အသက်ကို စတေးမှ လှေအား ထွက်ခွာခွင့် ပြုခဲ့သည်။ သူသည် ကွယ်လွန်ပြီးနောက် နတ်ဖြစ်ခဲ့သည်။

ဦးရှင်ကြီး နတ်ပွဲအား ပုံမှန်အားဖြင့် မတ်လတွင် ကျင်းပလေ့ ရှိသည်။ ရေငန်ပိုင်ဦးရှင်ကြီး သမိုင်းနှင့်ပတ်သတ်၍ မိန်းမလှကျွန်းသည်

မြစ်ဝကျွန်းပေါ်ဒေသတွင် အထူးထင်ရှားကျော်စောသော ကျွန်းဖြစ်သည်။ မွန်စာပေအက္ခရာတွင် မိန်မ္လ ဟုရေးသား၍ အဓိပ္ပာယ်မှာ မြရာပင်များပေါက်သောကျွန်း ဟု ခေါ်သည်။

၎င်းမိန်းမလှကျွန်းတောင်ဘက်တွင် ကျွန်းညိုကြီးဟူသော ကျွန်းလည်းရှိသေးသည်။ ကျွန်းညိုကြီးတွင် ယခုအခါ လူနေ အိမ်ခြေစည်ကားလျက် ကျွန်းညိုရွာ ဟုခေါ်ကြသည်။

သမိုင်းဖြစ်စဉ်တွင် ဘုရင်နှင့်သက္ကရာဇ်ကို မသိရ။ ရာမညတိုင်း မွန်လူမျိုးတို့ကောင်းစားစဉ်အခါက ပဲခူးနယ် ကစင်ရွာ (အချို့က စည်တီးရွာ) သား မောင်ရှင်သည်

အသက်အရွယ် ငယ်စဉ်အခါက ဖခင်သူကြီး ကွယ်လွန်သွား၍ ဆင်းရဲနွမ်းပါးပြီး သူ၏ ထူးချွန်စွာတတ်မြောက်သော စောင်းပညာဖြင့် ငွေကြေးရှာဖွေပြီး

မိခင်မုဆိုးမ ဒေါ်ဖြူကို ကျွေးမွေးရရှာသည်။ မောင်ရှင်ကို သာမဏေမပြုရသေးသောကြောင့် ဒေါ်ဖြူက သူ၏ခင်ပွန်းမကွယ်လွန်မီ ကောင်းစားစဉ်အခါက

အစ်မဖြစ်သူ ဒေါ်သူကို ငွေသုံးပိဿာချေးငှားထားခဲ့ဖူးသည်ကို သတိရ၍ ယခုအခါ ဒေါ်သူမှာ ကြွယ်ဝချမ်းသာနေသည်ဖြစ်သောကြောင့်

သားကလေးရှင်ပြုရန်အ တွက် သွားရောက်တောင်းဆိုရာ ဒေါ်သူက အမျိုးမျိုးဆဲဆိုကြိမ်းမောင်းနှိပ်စက်လွှတ်လိုက်သည့်အတွက်

 

ရှက်လည်းရှက် စိတ်လည်းနာ၍ သားအမိနှစ်ယောက် ဒလမြို့သို့လာရောက်နေထိုင်ကြရာ မောင်ရှင်က ရှင်သာမဏေပြုရန်ငွေကြေးရအောင်

မျောခုတ်သမားလှေထိုးသားအဖြစ်နှင့် လိုက်သွားရာ မိန်းမလှကျွန်းသို့ရောက်လေသည်။ဇာတ်သဘင်များက ကပြရာတွင် မောင်ရှင်၏အကိုဝမ်းကွဲတော်သူ

ဒေါ်သူ၏ သား ကိုဘိုးအောင်ကိုပါ ထည့်သွင်းကပြကြသည်မှာ လွမ်းအောင်ဆွေးအောင် ဇာတ်ပို့ဆောင်သူအဖြစ်နှင့် ထည့်သွင်းကပြကြဟန်တူသည်။

မိန်းမလှကျွန်း၌ ကရင်မုဆိုးမကြီးသမီးလေးယောက် ကျားကိုက်၍သေရပြီး အစိမ်းနတ်အဖြစ် စောင့်နေကြရသည်။

မောင်ရှင်တို့လှေ မိန်းမလှကျွန်းသို့ရောက်ခဲ့ကြပြီး မျောများခုတ်၍ယူကြစဉ် မောင်ရှင်လှေကိုစောင့်၍နေရစ်ခဲ့ရာ အပျင်းပြေစောင်းတီးသောအခါ

မိန်းမလှကျွန်းကိုစောင့်နေသော နတ်သမီးများက သဘောကျပြီး မျောခုတ်ပြီး လှေထွက်မည်ပြုလုပ်သောအခါ လှေမထွက်နိုင်အောင် ဆွဲထားသည်နှင့်

မဲချသောအခါ မောင်ရှင်ကို မဲသုံးကြိမ်ကျ၍ လှေသူကြီးက မောင်ရှင်အား ရေထဲသို့ပစ်ချရာ ရေထဲမရောက်ခင်ပျောက်သွားပြီး အရှင်လတ် လတ် နတ်ဖြစ်သွားသည်ဟု ဆိုသည်။

၎င်းကို ရေငန်ပိုင်ဦးရှင်ကြီးဟုခေါ်ကြသည့်အပြင် ကျွန်းညိုရှင် ဟုလည်း ခေါ်ကြသည်။

ယုံကြည်ကိုးကွယ်မှုနှင့် ပူဇော်ပသပုံ – ရေငန်ပိုင်မြို့ရွာဒေသတို့တွင် အများအားဖြင့် ဦးရှင်ကြီးကိုအထူးယုံကြည်၍ တင်မြှောက်ပသကိုးကွယ်ကြသည်။

ကျွန်းညိုရွာဒေသခံများက ရေငံပိုင်ဦးရှင်ကြီးသည် ယနေ့အချိန်အထိ ကျွန်းညိုကြီးပေါ်တွင်နေထိုင်လျက်ရှိသည်ဟု ယုံကြည်ကြသည်။

ဒေသခံများသည် အစွဲအလမ်း အလွန်ကြီးမားပြီး ဤကျွန်းသည် အလွန်နတ်ကြီးသည့် နေရာဖြစ်သည်ဟု ယုံကြည်ကြသည်။ ကျွန်းအနီးတွင် အပြောအဆိုမှအစ အမှားမရှိစေရန်၊

အထူးသဖြင့် မိကျောင်းများကို ရန်မရှာရန်ဟု ဆိုကြသည်။ ဒီဒေသရှိ မိကျောင်းများအားလုံးသည် ရေငံပိုင်ဦးရှင်ကြီး၏ အစောင့်အရှောက်များ ဖြစ်သည်ဟု ဆိုကြသည်။

တစ်စုံတစ်ရာ အမှားအယွင်း ရှိခဲ့ပါက ဦးရှင်ကြီးမှ မိကျောင်းဖြင့် တိုက်လိမ့်မည်ဟုလည်း ယုံကြည်ကြသည်။

၃၇ မင်း နတ်စာရင်းတွင် မပါဝင်သော်လည်း နတ်ထိန်း နတ်ကတော်များ နတ်ကန္နားပေးပွဲပြုလုပ်သောအခါ ဆွမ်းတင်မြှောက် ပသကိုးကွယ်ကြသည်။

Credit – Wikipedia