သေဆုံးသွားခဲ့တာ နှစ်ပေါင်း ၁၀၀ ခန့်ရှိပေမယ့် နေ့စဉ်နေ့တိုင်း မျက်တောင်ခတ်နေတတ်တဲ့ ကျောချမ်းဖွယ် ကလေးမာမီရုပ်အလောင်း

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

ေသဆုံးသြားခဲ့တာ ႏွစ္ေပါင္း ၁၀၀ ခန႔္ရွိၿပီဆိုေပမယ့္ ေန႔စဥ္ေန႔တိုင္း မ်က္ေတာင္ခတ္ေနတတ္တဲ့ ေက်ာခ်မ္းဖြယ္ ကေလးမာမီ႐ုပ္အေလာင္း

အကယ္လို႔ သင္သာအီတလီသို႔အလည္ေရာက္ခဲ့ရင္ Palermo ၿမိဳ႕ရွိ Capuchin Catacombs သို႔ မျဖစ္မေနသြားေရာက္လည္ပတ္သင့္ပါတယ္။

၎မွာ ဧည့္သည္ေတြကို လူကိုယ္တိုင္ၾကည့္လို႔ရတဲ့ မာမီအေလာင္းေပါင္း ၈,၀၀၀ ေက်ာ္ရွိပါတယ္။၎ျပပြဲဟာ ဧည့္သည္မ်ားစြာကို အေတာ္ေလးတုန္လႈပ္သြားေစေလ့ရွိပါတယ္။

႐ုပ္အေလာင္း ၈,၀၀၀ ကို လည္ပတ္ၾကည့္ေနစဥ္ သင္မျဖစ္မေနသြားၾကည့္သင့္တဲ့ကေလး႐ုပ္အေလာင္းတစ္ခုလည္း ရွိေနပါတယ္။

သူမနာမည္က Rosalia Lombardo ျဖစ္ၿပီး သူမကို Sleeping Beauty လို႔ေခၚဆိုထားၾကပါတယ္။

သူမဟာ အလြန္ေကာင္းစြာထိန္းသိမ္းထားၿပီး အသက္ရွင္သန္ေနပုံလည္းရပါတယ္။ သူမႏွင့္ပတ္သက္တဲ့ေၾကာက္စရာေကာင္းတဲ့အစိတ္အပိုင္းမွာ

 

 

သူမမ်က္ေတာင္ခတ္ျခင္းဘဲ ျဖစ္ပါတယ္။ Rosalia ဟာ အဆုတ္ေရာင္ေရာဂါျဖင့္ ကြယ္လြန္ခ်ိန္မွာ အသက္ ၂ ႏွစ္သာရွိပါေသးတယ္။

သူမေသၿပီးတဲ့ေနာက္မွာ ႐ုပ္အေလာင္းမ်ားကို ထိန္းသိမ္းတဲ့ေနရာမွာ အလြန္ကြၽမ္းက်င္သူျဖစ္ၿပီး ၎႐ုပ္အေလာင္းမ်ားကို ယေန႔အခ်ိန္အထိၾကည့္ေကာင္းေအာင္

ထိန္းသိမ္းထားႏိုင္တဲ့အထိ ဓာတုေဆးေဖာ္စပ္နည္းကြၽမ္းက်င္တဲ့ Alfredo Salafia ရဲ႕ထုပ္ပိုးျခင္းကို ခံခဲ့ရပါတယ္။

မၾကာေသးမီက သက္ဆိုင္သူမ်ားက Rosalia ကို MRI စက္တစ္ခုထဲထည့္လိုက္ၿပီး သူမရဲ႕အဂၤါအစိတ္အပိုင္းအားလုံးကလည္း နဂိုအတိုင္းရွိေနေသးတာေၾကာင့္

သမိုင္းပညာရွင္မ်ားက သူမဟာ ေရွးရာစုႏွစ္မ်ားစြာက အီဂ်စ္လူမ်ိဳးမ်ားႏွင့္နည္းတူတဲ့ နည္းစနစ္ကိုသုံး၍ျမႇဳပ္ႏွံခဲ့သည္ဟု ယုံၾကည္ခဲ့ၾကပါတယ္။

ထို႔အျပင္ ၎ေသဆုံးသြားတဲ့မိန္းကေလးငယ္ကို ၎ catacombs ထဲသို႔လည္ပတ္ေနစဥ္အတြင္း ဧည့္သည္မ်ားပါၾကည့္ရႈႏိုင္ဖို႔ ျပသထားပါတယ္။

 

 

Rosalia ဟာ ေသဆုံးခဲ့သည္မွာ ႏွစ္ေပါင္း ၁၀၀ နီးပါးရွိၿပီျဖစ္ေသာ္လည္း သူမရဲ႕မ်က္လုံးမ်ားအား ဖြင့္လိုက္ပိတ္လိုက္လုပ္ေနတဲ့

ဓာတ္ပုံမ်ားႏွင့္ဗီဒီယိုမ်ားစြာလည္း ရွိေနသလို အခ်ိဳ႕ေသာဧည့္သည္မ်ားက သူမရဲ႕အျပာေရာင္မ်က္လုံးေတြကိုပါ ျမင္ေတြ႕ခဲ့ရပါတယ္။

ဘယ္ေလာက္ေတာင္ ေက်ာခ်မ္းစရာေကာင္းလိုက္မလဲဗ်ာ။ သူမရဲ႕မ်က္လုံးေတြက ဘာေၾကာင့္မွိတ္လိုက္ဖြင့္လိုက္ျဖစ္ေနတာလဲဆိုတဲ့ ေကာလာဟလမ်ားလည္း အမ်ားႀကီးရွိေနပါတယ္။

အခ်ိဳ႕က ၎ဟာ catacombs မ်ားအတြင္းရွိစိုထိုင္းဆေျပာင္းလဲျခင္းႏွင့္သက္ဆိုင္ေပမဲ့ အခ်ိဳ႕ကလည္း သူမရဲ႕ဂနာမၿငိမ္တဲ့ဝိညာဥ္ေၾကာင့္ျဖစ္သည္ဟုလည္း ယုံၾကည္ခဲ့ၾကပါတယ္။

ေလးစားလွ်က္..Credit

Unicode

သေဆုံးသွားခဲ့တာ နှစ်ပေါင်း ၁၀၀ ခန့်ရှိပြီဆိုပေမယ့် နေ့စဉ်နေ့တိုင်း မျက်တောင်ခတ်နေတတ်တဲ့ ကျောချမ်းဖွယ် ကလေးမာမီရုပ်အလောင်း

အကယ်လို့ သင်သာအီတလီသို့အလည်ရောက်ခဲ့ရင် Palermo မြို့ရှိ Capuchin Catacombs သို့ မဖြစ်မနေသွားရောက်လည်ပတ်သင့်ပါတယ်။

၎င်းမှာ ဧည့်သည်တွေကို လူကိုယ်တိုင်ကြည့်လို့ရတဲ့ မာမီအလောင်းပေါင်း ၈,၀၀၀ ကျော်ရှိပါတယ်။၎င်းပြပွဲဟာ ဧည့်သည်များစွာကို အတော်လေးတုန်လှုပ်သွားစေလေ့ရှိပါတယ်။

ရုပ်အလောင်း ၈,၀၀၀ ကို လည်ပတ်ကြည့်နေစဉ် သင်မဖြစ်မနေသွားကြည့်သင့်တဲ့ကလေးရုပ်အလောင်းတစ်ခုလည်း ရှိနေပါတယ်။

သူမနာမည်က Rosalia Lombardo ဖြစ်ပြီး သူမကို Sleeping Beauty လို့ခေါ်ဆိုထားကြပါတယ်။

 

သူမဟာ အလွန်ကောင်းစွာထိန်းသိမ်းထားပြီး အသက်ရှင်သန်နေပုံလည်းရပါတယ်။ သူမနှင့်ပတ်သက်တဲ့ကြောက်စရာကောင်းတဲ့အစိတ်အပိုင်းမှာ

သူမမျက်တောင်ခတ်ခြင်းဘဲ ဖြစ်ပါတယ်။ Rosalia ဟာ အဆုတ်ရောင်ရောဂါဖြင့် ကွယ်လွန်ချိန်မှာ အသက် ၂ နှစ်သာရှိပါသေးတယ်။

သူမသေပြီးတဲ့နောက်မှာ ရုပ်အလောင်းများကို ထိန်းသိမ်းတဲ့နေရာမှာ အလွန်ကျွမ်းကျင်သူဖြစ်ပြီး ၎င်းရုပ်အလောင်းများကို ယနေ့အချိန်အထိကြည့်ကောင်းအောင်

ထိန်းသိမ်းထားနိုင်တဲ့အထိ ဓာတုဆေးဖော်စပ်နည်းကျွမ်းကျင်တဲ့ Alfredo Salafia ရဲ့ထုပ်ပိုးခြင်းကို ခံခဲ့ရပါတယ်။

မကြာသေးမီက သက်ဆိုင်သူများက Rosalia ကို MRI စက်တစ်ခုထဲထည့်လိုက်ပြီး သူမရဲ့အင်္ဂါအစိတ်အပိုင်းအားလုံးကလည်း နဂိုအတိုင်းရှိနေသေးတာကြောင့်

သမိုင်းပညာရှင်များက သူမဟာ ရှေးရာစုနှစ်များစွာက အီဂျစ်လူမျိုးများနှင့်နည်းတူတဲ့ နည်းစနစ်ကိုသုံး၍မြှုပ်နှံခဲ့သည်ဟု ယုံကြည်ခဲ့ကြပါတယ်။

 

ထို့အပြင် ၎င်းသေဆုံးသွားတဲ့မိန်းကလေးငယ်ကို ၎င်း catacombs ထဲသို့လည်ပတ်နေစဉ်အတွင်း ဧည့်သည်များပါကြည့်ရှုနိုင်ဖို့ ပြသထားပါတယ်။

Rosalia ဟာ သေဆုံးခဲ့သည်မှာ နှစ်ပေါင်း ၁၀၀ နီးပါးရှိပြီဖြစ်သော်လည်း သူမရဲ့မျက်လုံးများအား ဖွင့်လိုက်ပိတ်လိုက်လုပ်နေတဲ့

ဓာတ်ပုံများနှင့်ဗီဒီယိုများစွာလည်း ရှိနေသလို အချို့သောဧည့်သည်များက သူမရဲ့အပြာရောင်မျက်လုံးတွေကိုပါ မြင်တွေ့ခဲ့ရပါတယ်။

ဘယ်လောက်တောင် ကျောချမ်းစရာကောင်းလိုက်မလဲဗျာ။ သူမရဲ့မျက်လုံးတွေက ဘာကြောင့်မှိတ်လိုက်ဖွင့်လိုက်ဖြစ်နေတာလဲဆိုတဲ့ ကောလာဟလများလည်း အများကြီးရှိနေပါတယ်။

အချို့က ၎င်းဟာ catacombs များအတွင်းရှိစိုထိုင်းဆပြောင်းလဲခြင်းနှင့်သက်ဆိုင်ပေမဲ့ အချို့ကလည်း သူမရဲ့ဂနာမငြိမ်တဲ့ဝိညာဉ်ကြောင့်ဖြစ်သည်ဟုလည်း ယုံကြည်ခဲ့ကြပါတယ်။

လေးစားလျှက်..Credit