၁၂ နှစ်ကြာတည်ဆောက်ခဲ့ရတဲ့ စစ်ကိုင်း ကောင်းမှုတော်ဘုရားကြီးရဲ့ ထူးခြားချက်များ

အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။

စစ္ကိုင္း ေကာင္းမူ႔ေတာ္ဘုရားႀကီးကို အုတ္ခ်ပ္ေရဘယ္ေလာက္နဲ႔တည္ထားတာလဲ

ေကာင္းမူ႔ေတာ္ဘုရားသည္ ပုံစံေတာ္ထူးျခားသည္။ ဘုရားပုံစံေတာ္ႏွင့္ပတ္သက္၍ အမ်ိဳးမ်ိဳးေျပာလာၾကသည္။

အခ်ိဳ႕ကလည္း လက္လြတ္စပယ္ ေျပာလာခဲ့သည္ကို ယုံၾကည္ေနၾကဆဲပင္။ ေကာင္းမူ႔ေတာ္ဘုရားတြင္ ပစၥယံသုံးဆင့္ခံထားသည္။

သပိတ္ေမွာက္ ထားသည့္အလားတည္ထားသည္။ အဆိုပါ စပါးပုံသ႑ာန္ ဓာတ္ေတာ္ၾကဳတ္အုပ္ထားသည့္သ႑ာန္ ေစတီေတာ္အမ်ိဳးကို သီရိလကၤာႏိုင္ငံ၌ အမ်ားဆုံးဖူးေတြ႕ရသည္။

စစ္ကိုင္းေကာင္းမူ႔ေတာ္ဟူ၍သာ လူသိမ်ားေနေသာ {ရာဇမဏိစူဠာ }ေစတီႀကီးသည္ စစ္ကိုင္းၿမိဳ႕ေျမာက္ဘက္ ၆မိုင္အကြာ၌တည္ရွိသည္။

 

 

ျမန္မာသကၠရာဇ္ ၉၉၈{ခရစ္.၁၆၃၆}ေတာ္သလင္းလၦန္း ၁၀ရက္ တနလၤာ ေန႔တြင္ အင္းဝဘုရင္သာလြန္မင္းတရားႀကီးတည္ခဲ့သည္။ ဉာဏ္ေတာ္သည္အေတာင္{၁၀၁}, လုံးပတ္{၅၀၂ေတာင္ ၂မိုက္ ၄သစ္}ရွိသည္။

ေစတီေတာ္ႀကီးကို ေက်ာက္ဆီမီးတိုင္ {၈၀၂}တိုင္ဝိုင္းရံထားသည္။ ၁၂ႏွစ္ၾကာမွ်တည္ေဆာက္ခဲ့ရသည္။

ျမန္မာ.မြန္.ယြန္း{ရွမ္း}အကၡရာတို႔ျဖင့္ နိပါတ္ခင္း ႐ုပ္စုံ. ဗုဒၶ ဝင္ႏွင့္{၃၁}ဘုံတို႔ကို နံရံပန္းခ်ီျခယ္ထားသည္။ မုခ္ဝေလးမ်က္ႏွာ၌ အုတ္ျပသာဒ္မ်ား ေဆာက္လုပ္ထားသည္။

ေက်ာက္စာအရ စြယ္ေတာ္.ဆံေတာ္တို႔အျပင္ အရပ္ရပ္မွ ပင့္ေဆာင္လာေသာ ဓာတ္ေတာ္ေမြေတာ္ႏွင့္ ပတၱျမား, ေ႐ႊ, ေငြ,ပယင္း,မိုးႀကိဳးေစတီမ်ား ဌာပနာ ထားသည္။

 

 

ေစတီေတာ္ႀကီးတည္ရာတြင္ အုတ္ခ်ပ္ေရေပါင္း {၁၀,၁၂၆,၅၅၂}ခ်ပ္ အသုံးျပဳခဲ့သည္။

#ဆရာေမာင္ၾကည္သန္႔၏ ->အျငင္းပြား အမွတ္လြဲ လူသိနည္း ျမန္မာ့ျဖစ္ရပ္ [၁၀၀] စာမ်က္ႏွာ[၈၆/၈၇]စာအုပ္မွ.ေကာက္ႏုတ္ထားသည္။

ခရီးသြား မိတ္ေဆြတို႔အေနနဲ႔ သြားေရာက္ဖူးေမွ်ာ္ၾကတဲ့အခါ ဖူးေမွ်ာ္ရက်ိဳးနပ္ေစဖို႔ အေထာက္အကူ ျဖစ္ေစရန္အလို႔ငွါ ေရးသားပူေဇာ္သည္

အျခားေသာ အေၾကာင္းအရာမ်ား(ဝါ)မူကြဲမ်ားရွိပါကလည္း ျဖည့္စြက္ျပင္ဆင္ေပးၾကဖို႔ေမတၱာရပ္ခံပါရေစ

ေကာင္းဆက္လင္း_ႀကံခင္းေျမ

#ရာဇမဏိစူဠာေစတီေတာ္အေၾကာင္းသိေကာင္းစရာ

Unicode

စစ်ကိုင်း ကောင်းမူ့တော်ဘုရားကြီးကို အုတ်ချပ်ရေဘယ်လောက်နဲ့တည်ထားတာလဲ

ကောင်းမူ့တော်ဘုရားသည် ပုံစံတော်ထူးခြားသည်။ ဘုရားပုံစံတော်နှင့်ပတ်သက်၍ အမျိုးမျိုးပြောလာကြသည်။

အချို့ကလည်း လက်လွတ်စပယ် ပြောလာခဲ့သည်ကို ယုံကြည်နေကြဆဲပင်။ ကောင်းမူ့တော်ဘုရားတွင် ပစ္စယံသုံးဆင့်ခံထားသည်။

 

သပိတ်မှောက် ထားသည့်အလားတည်ထားသည်။ အဆိုပါ စပါးပုံသဏ္ဍာန် ဓာတ်တော်ကြုတ်အုပ်ထားသည့်သဏ္ဍာန် စေတီတော်အမျိုးကို သီရိလင်္ကာနိုင်ငံ၌ အများဆုံးဖူးတွေ့ရသည်။

စစ်ကိုင်းကောင်းမူ့တော်ဟူ၍သာ လူသိများနေသော {ရာဇမဏိစူဠာ }စေတီကြီးသည် စစ်ကိုင်းမြို့မြောက်ဘက် ၆မိုင်အကွာ၌တည်ရှိသည်။

မြန်မာသက္ကရာဇ် ၉၉၈{ခရစ်.၁၆၃၆}တော်သလင်းလ္ဆန်း ၁၀ရက် တနင်္လာ နေ့တွင် အင်းဝဘုရင်သာလွန်မင်းတရားကြီးတည်ခဲ့သည်။ ဉာဏ်တော်သည်အတောင်{၁၀၁}, လုံးပတ်{၅၀၂တောင် ၂မိုက် ၄သစ်}ရှိသည်။

စေတီတော်ကြီးကို ကျောက်ဆီမီးတိုင် {၈၀၂}တိုင်ဝိုင်းရံထားသည်။ ၁၂နှစ်ကြာမျှတည်ဆောက်ခဲ့ရသည်။

မြန်မာ.မွန်.ယွန်း{ရှမ်း}အက္ခရာတို့ဖြင့် နိပါတ်ခင်း ရုပ်စုံ. ဗုဒ္ဓ ဝင်နှင့်{၃၁}ဘုံတို့ကို နံရံပန်းချီခြယ်ထားသည်။ မုခ်ဝလေးမျက်နှာ၌ အုတ်ပြသာဒ်များ ဆောက်လုပ်ထားသည်။

 

ကျောက်စာအရ စွယ်တော်.ဆံတော်တို့အပြင် အရပ်ရပ်မှ ပင့်ဆောင်လာသော ဓာတ်တော်မွေတော်နှင့် ပတ္တမြား, ရွှေ, ငွေ,ပယင်း,မိုးကြိုးစေတီများ ဌာပနာ ထားသည်။

စေတီတော်ကြီးတည်ရာတွင် အုတ်ချပ်ရေပေါင်း {၁၀,၁၂၆,၅၅၂}ချပ် အသုံးပြုခဲ့သည်။

#ဆရာမောင်ကြည်သန့်၏ ->အငြင်းပွား အမှတ်လွဲ လူသိနည်း မြန်မာ့ဖြစ်ရပ် [၁၀၀] စာမျက်နှာ[၈၆/၈၇]စာအုပ်မှ.ကောက်နုတ်ထားသည်။

ခရီးသွား မိတ်ဆွေတို့အနေနဲ့ သွားရောက်ဖူးမျှော်ကြတဲ့အခါ ဖူးမျှော်ရကျိုးနပ်စေဖို့ အထောက်အကူ ဖြစ်စေရန်အလို့ငှါ ရေးသားပူဇော်သည်

အခြားသော အကြောင်းအရာများ(ဝါ)မူကွဲများရှိပါကလည်း ဖြည့်စွက်ပြင်ဆင်ပေးကြဖို့မေတ္တာရပ်ခံပါရစေ

ကောင်းဆက်လင်း_ကြံခင်းမြေ

#ရာဇမဏိစူဠာစေတီတော်အကြောင်းသိကောင်းစရာ