


 

 



 

 




 

 





Credit

 

Unicode Version

ဘယ်လိုလှေကားထစ်မျိုးတွေက အိမ်ခိုက်တတ်စေလဲ

ကျနော်တို့အိမ်ပြောင်းပြီးမှ အိမ်စီးပွားရေးသိသိသာသာကျသွားတယ်
မိသားစုအိမ်ထောင်ရေးတွေလည်း အဆင်မပြေဖြစ်နေတယ် မှန်မမှန်ပြောပြပေးပါနော်
အိမ်ဆောက်တေါ့မည်ဆိုလျှင် လှေခါးဘယ်နှစ်ထစ်လုပ်မလဲ အိမ်တွေအဆောက်အဦးတွေအမျိုးမျိုးဆောက်လုပ်ကြတယ်

 

အိမ်ဆောက်တဲ့အခါ အိမ်သာဖို့နဲ့ အိမ်မခိုက်ရအောင် လောကီမင်္ဂလာအရ သတိပြုဆင်ခြင်စရာ ဆောင်ရန်ရှောင်ရန်တွေအတော်အများများရှိတဲ့အထဲက လှေခါးနဲ့ပတ်သက်ပြီး မှတ်သားရမိသလောက်တင်ပြပါရစေ။

 

 

တိုက်အိမ်တွေ သစ်သားအိမ်တွေ ဝါးအိမ်တွေ အမျိုးမျိုးပေါ့ ဘယ်လိုအမျိုးအစားဘဲဆောက်ဆောက် တစ်ထပ်နှစ်ထပ်ကအစ အထပ်မြင့်တွေဆောက်လဲ လှေခါးကတော့လုပ်ရတာပါဘဲ။ လှေခါးသုံးမျိုးရှိတယ်။

(၁) လာဘလှေခါးထစ် (၂) သုခလှေခါးထစ် (၃) မရဏလှေခါးထစ်ဆိုပြီးရှိပါတယ်
လှေခါးအထစ်အရေအတွက်ပေါ်မူတည်ပြီး အကျိုးပြုတာရှိသလို အကျိုးမဲ့စေတဲ့လှေခါးရှိတယ်

 

 

ဒီလိုဗျာ့ ၁ထစ် ၄ထစ် ၇ထစ် ၁ဝထစ် ၁၃ထစ်လိုအရေအတွက်ရှိတဲ့လှေခါးမျိုးကို လာဘလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစုအတွက် လာဘ်လာဘရွှင်စေတဲ့အကျိုးကိုခံစားရသတဲ့။

၂ထစ် ၅ထစ် ၈ထစ် ၁၁ထစ်၁၄ထစ်လိုအရေအတွက်ရှိတဲ့လှေခါးကိုတော့ သုခလှေခါးထစ်လို့ခေါ်ပြီး အိမ်ထောင်မိသားစုအတွက် စိတ်ချမ်းမြေ့ခြင်းအကျိုးကို ခံစားရပါသတဲ့။

 

၃ထစ် ၆ထစ် ၉ထစ် ၁၂ထစ် ၁၅ထစ်လိုအရေအတွက်ရှိတဲ့ လှေခါးကိုမရဏလှေခါးထစ်လို့ခေါ်ပြီးအိမ်ထောင်မိသားစုအတွက် ဘေးအန္တရာယ်ကြုံခြင်း အိမ်ခိုက်ခြင်းစတဲ့ မကောင်းတဲ့အကျိုးကိုခံစားရတတ်ပါတယ်လို့ဆိုတယ်။

 

 

အလွယ်မှတ်လို့ကောင်းတာကတော့ လှေခါး၃မျိုးကို အစဉ်လိုက်၁၊၂၊၃မှတ်ပြီး ၁ကို ၃ဂဏန်းအစဉ်လိုက်လိုက်ပေါင်းသွားရတဲ့ ပေါင်းလဒ်တွေဟာ လာဘလှေခါးထစ်တွေဘဲ။

အလားတူ ၂က သုခလှေခါးထစ် ၃ဂဏန်းတွေပေါင်းရတဲ့ပေါင်းလဒ်တွေဟာ သုခလှေခါးထစ်။

ဒီလိုဘဲ ၃က မရဏလှေခါးထစ် ၃ဂဏန်းတွေပေါင်းရတဲ့ပေါင်းလဒ်တွေဟာ မရဏလှေခါးထစ်တွေပါဘဲလို့ တင်ပြရင် မိတ်ဆွေတို့အဆောက်အဦးဆောက်ရင် စဉ်းစားချင့်ချိန်ရွေးချယ်နိုင်ကြပါစေလို့။

Credit

error: Content is protected !!