ဧရာဝတီတိုင္းရွိ တိမ္ျမဳပ္ေနေသာ မႏၲေလးနန္းၿမိဳ႕ထက္ အ႐ြယ္အစားပိုႀကီးသည့္ ၿမိဳ႕ေဟာင္းႀကီး

ဧရာဝတီတိုင္းရွိ တိမ္ျမဳပ္ေနေသာ မႏၲေလးနန္းၿမိဳ႕ထက္ အ႐ြယ္အစားပိုႀကီးသည့္ ၿမိဳ႕ေဟာင္းႀကီး

ျမန္မာႏိုင္ငံ၌ ေရွးၿမိဳ႕ေဟာင္းမ်ားအေၾကာင္း ေျပာၾကလွ်င္ အမ်ားစုမွာ ျမန္မာျပည္ အလယ္ပိုင္းႏွင့္ အထက္ပိုင္း ေဒသရွိ သေရေခတၱရာ၊ ဗိႆႏိုး၊ ဟန္လင္းစသည့္ ကမာၻ႔ေရွးေဟာင္း အေမြအႏွစ္စာရင္းဝင္ ပ်ဴၿမိဳ႕မ်ားကိုသာ ေျပးျမင္တတ္ၾကသည္။

သို႔ေသာ္ ျမန္မာျပည္ေအာက္ပိုင္း ျမစ္ဝကြၽန္းေပၚ ေဒသျဖစ္သည့္ ဧရာဝတီတိုင္း၌ မႏၲေလးနန္းၿမိဳ႕ထက္ အ႐ြယ္အစား ႀကီးမားသည့္ ၿမိဳ႕ေဟာင္းႀကီးတခု တည္ရွိေနသည္ဟုဆိုလွ်င္ လူအမ်ား အံ့ၾသၾကပါလိမ့္မည္။

 

ပုသိမ္ၿမိဳ႕မွ ပုသိမ္ မုံ႐ြာလမ္းမႀကီး အတိုင္းသြားလွ်င္ အဂၤပူၿမိဳ႕နယ္၊ ကြင္းေကာက္ၿမိဳ႕ အလြန္ ေတာင္ဇင္း႐ြာ ေရာက္မည္ျဖစ္သည္။ ႐ြာအတြင္းလမ္းအတိုင္း ၃ မိုင္ခန႔္ ဝင်ေရာက်သွားပါက

 

အက်ယ္အဝန္း ၈ မိုင္ပတ္လည္ခန႔္ ရွည္လ်ားသည့္ ဂဝံေက်ာက္မ်ားျဖင့္ တည္ေဆာက္ထားေသာ ၿမိဳ႕ေဟာင္းႀကီးကို ျမင္ေတြ႕ရမည္ ျဖစ္သည္။

ၿမိဳ႕ေဟာင္းေနရာတြင္ သီတင္းသုံးေနသည့္ ၾကပ္ျပင္ေတာရေက်ာင္းတိုက္ ဆရာေတာ္ ဦးပညာသီရိက ဒီၿမိဳ႕ေဟာင္းေနရာက လူသူမနီးေတာ့ အရင္တုန္းကဆိုရင္ ဆရာေတာ္ႀကီးေတြေလာက္ပဲ တရားက်င့္ႀကံဖို႔ လာေနၾကတယ္။

 

၂၀၀၈ ခုႏွစ္မွာ ဦးပဇၩင္းရဲ႕ ဆရာေတာ္ႀကီးေတြ ခိုင္းေစခ်က္အရ ဒီေနရာမွာ ေတာရေဆာက္တည္ၿပီး ေရွးေဟာင္း သာသနိကအေဆာက္အဦးေတြကိုလည္း ထိမ္းသိမ္းရင္း

တဖက္ကလည္း ပ်ဴၿမိဳ႕ေဟာင္း က ယဥ္ေက်းမႈ အေမြအႏွစ္ပစၥည္းေတြလည္း ထိန္းသိမ္းရင္း သီတင္းသုံးခဲ့တာ အခုအခ်ိန္ အထိပဲ ဟု မိန႔္ၾကားသည္။

ဆရာေတာ္ ဦးပညာသီရိက ႐ြာနီးခ်ဳပ္စပ္မွ ဒကာမ်ားႏွင့္အတူ ၿမိဳ႕ေဟာင္းရွိ ေရွးေဟာင္းသာသနိက အေဆာက္ အဦးမ်ား၏ ခ်ဳံႏြယ္ပိတ္ေပါင္းမ်ားကို ခုတ္ထြင္ရွင္းလင္းၿပီး ေတာရေဆာက္တည္ရင္း ၂၀၀၉ ခုႏွစ္တြင္ သမိုင္း သုေတသီ ဦးဘုန္းတင့္ေက်ာ္ႏွင့္ အဖြဲ႕ကို ဖိတ္ေခၚ၍ ၿမိဳ႕ေဟာင္းကို ေလ့လာေစခဲ့သည္။

 

 

သုေတသီ ဦးဘုန္းတင့္ေက်ာ္ႏွင့္ အဖြဲ႕က ၿမိဳ႕ေဟာင္း၌ ေတြ႕ရွိရသည့္ အကၡရာမ်ား၊ အုတ္ခ်ပ္၊ ေရတြင္း၊ အုတ္ေလွကား၊ ေစတီ၊ ဗုဒၶ႐ုပ္ပြားေတာ္ႏွင့္ နတ္႐ုပ္မ်ားကို ေလ့လာ မွတ္တမ္းတင္ၿပီးေနာက္

လြန္ခဲ့သည့္ ႏွစ္ေပါင္း ၂၃၀၀ ေက်ာ္က ပ်ဴလူမ်ိဳးတို႔ တည္ေဆာက္ခဲ့သည့္ ၿမိဳ႕ေဟာင္းျဖစ္ႏိုင္ေၾကာင္း မွတ္ခ်က္ျပဳခဲ့သည္။

သမိုင္းပညာရွင္ ဦးဘုန္းတင့္ေက်ာ္က.. ဘီစီ ၃ ရာစု (ခရစ္ေတာ္ မေပၚမီ ႏွစ္ေပါင္း ၃၀၀) ႏွင့္ ဘီစီ ၆ ရာစုအၾကား ထြန္းကားခဲ့သည့္ ဗုဒၶေခတ္ႏွင့္ အေသာက ေခတ္တို႔တြင္

ျဗဟၼီ (ဗရမ္မီ) ဟူသည့္ အကၡရာကို အသုံးျပဳခဲ့ၾကေၾကာင္း၊ အဆိုပါ ျဗဟၼီအကၡရာကို ျမန္မာႏိုင္ငံရွိ ထင္ရွားသည့္ ပ်ဴၿမိဳ႕ေဟာင္းမ်ားျဖစ္သည့္

 

 

သေရေခတၱရာ၊ ဗိႆႏိုး၊ ဟန္လင္း တို႔တြင္ ေတြ႕ရွိရသကဲ့သို႔ အဂၤပူၿမိဳ႕နယ္ရွိ ဂဝံၿမိဳ႕ေဟာင္း တြင္လည္း အခိုင္အမာ ေတြ႕ရွိရသည့္အတြက္ ပ်ဴၿမိဳ႕ေဟာင္းျဖစ္ႏိုင္သည္ဟု ေျပာဆိုျခင္းျဖစ္ေၾကာင္း ရွင္းျပသည္။

ဒီၿမိဳ႕ေဟာင္းဟာ ဗုဒၶေခတ္နဲ႔ အေသာကေခတ္ၾကားမွာ ထြန္းကားခဲ့တယ္။ ဗုဒၶေခတ္နဲ႔ အေသာကေခတ္က ျဗဟၼီ လို႔ေခၚတဲ့ အကၡရာကို သုံးတယ္။

 

အဲဒီအကၡရာဟာ အေသာကမင္း နတ္႐ြာစံၿပီး ၁ ႏွစ္အတြင္း သူ႔အင္ပါယာႀကီးလည္း ၿပိဳကြဲၿပီးတဲ့ေနာက္ အဲဒီအကၡရာလည္း ကြယ္ေပ်ာက္သြားခဲ့တယ္။

 

ဒါေၾကာင့္ ျဗဟၼီ အကၡရာ အေထာက္အထားအရ ဒီၿမိဳ႕တည္တာဟာ ေစာရင္ ဘီစီ ၆ ရာစု၊ ေနာက္က်ရင္ ဘီစီ ၃ ရာစု ျဖစ္မယ္။ အဲဒီထက္ေတာ့ ေနာက္မက်ႏိုင္ဘူး။

ဘာလို႔လဲဆိုေတာ့ ဘီစီ ၃ ရာစုထက္ ေနာက္က်ရင္ ျဗဟၼီ အကၡရာေတြ ရစရာ မရွိေတာ့ဘူး ဟု သူက အေထာက္အထား အကိုးအကားႏွင့္ ဆိုသည္။

 

 

ထို႔အျပင္ ၿမိဳ႕ေဟာင္းအေနာက္ဘက္ ေလသာေတာင္ရွိ ဓမၼိကေစတီေတာ္အနီး ေတြ႕ရသည့္ ေက်ာက္ဆစ္ နတ္႐ုပ္မ်ားမွာ ပဲခူးတိုင္း ေ႐ႊေတာင္ၿမိဳ႕ရွိ ပ်ဴေခတ္ ရဟႏၲာသိမ္မွ

နတ္႐ုပ္မ်ားႏွင့္ လက္ရာ တထပ္တည္း တူညီေနျခင္း၊ အုတ္ေလွကား မ်ားမွာလည္း ပ်ဴလက္ရာအတိုင္း ေဒါင္လိုက္ စီတန္းထားသည့္ တည္ေဆာက္ပုံမ်ားေၾကာင့္

ပ်ဴၿမိဳ႕ေဟာင္းျဖစ္ႏိုင္ေျခ ပိုမ်ားေနေၾကာင္း ဦးဘုန္းတင့္ေက်ာ္က ေျပာသည္။ဒီၿမိဳ႕ႀကီးဟာ အေနာ္ရထာမင္း နန္းမတက္ခင္ စတုတၳပုဂံေခတ္ မတိုင္မီမွာဘဲ ပ်က္စီးခဲ့တယ္လို႔ ယူဆရတယ္။

ေအဒီ ၁၁ ရာစု ေနာက္ပိုင္း စတုတၳပုဂံေခတ္ ရာဇဝင္မွတ္တမ္းေတြ၊ မြန္ေတြရဲ႕ မွတ္တမ္းေတြမွာ ဒီၿမိဳ႕ေဟာင္းကို လုံး၀ မေတြ႕ရေတာ့ဘူး။

အဲဒီေခတ္က မပ်က္ေသးဘဲ လူေနတုန္းဆိုရင္ ဒီေလာက္ႀကီးတဲ့ ၿမိဳ႕ႀကီးဟာ ပုဂံေခတ္ မွတ္တမ္းေတြမွာ က်ိန္းေသပါရမယ္။ အခုက ရာဇဝင္ေတြမွာကို ရွာမေတြ႕ေတာ့တာ ဟု

 

ဦးဘုန္းတင့္ေက်ာ္က ေျပာသည္။ေနျပည္ေတာ္ရွိ ေရွးေဟာင္းသုေတသန ဌာန၏ အဆိုအရမူ ေျမေပၚ အေထာက္အထားမ်ားအရ ပ်ဴၿမိဳ႕ျဖစ္သည့္ အေထာက္အထား မေတြ႕ရဘဲ

ႏွစ္ေပါင္းရာႏွင့္ခ်ီ တည္ရွိခဲ့သည့္ ေရွးၿမိဳ႕ေဟာင္းတခု အျဖစ္သာ ယာယီ သတ္မွတ္ထားေၾကာင္း သိရသည္။ က်ေနာ္တို႔ ဌာနက ၂၀၁၃ ခုႏွစ္မွာ ပညာရွင္ေတြေစလႊတ္ၿပီး အဂၤပူၿမိဳ႕ေဟာင္းကို ေလ့လာသုေတသန ျပဳထားပါတယ္။

 

ေျမေပၚ အေထာက္အထားေတြ အရေတာ့ ပ်ဴၿမိဳ႕ျဖစ္ေၾကာင္း မေတြ႕ရဘူး။ ဥပေဒအရ ႏွစ္ေပါင္း ၁၀၀ ေက်ာ္ သက္တမ္းရွိရင္ ေရွးေဟာင္းအျဖစ္ သတ္မွတ္တဲ့အတြက္ ေရွးၿမိဳ႕ေဟာင္း တခုခုေတာ့ ျဖစ္ႏိုင္ပါတယ္ ဟု ေရွးေဟာင္း သုေတသနဌာနမွ တာဝန္ရွိသူတဦးက ေျပာသည္။

 

ပ်ဴသမိုင္းႏွင့္ ပတ္သက္၍ ေလ့လာေနသည့္ သုေတသီ ဦးဘုန္းတင့္ေက်ာ္ကမူ ျမန္မာႏိုင္ငံတြင္ တေကာင္းေခတ္ မတိုင္မီ ဘီစီ ၃ ရာစုမွ ၆ ရာစုအတြင္း

 

ထြန္းကားခဲ့သည့္ ပ်ဴၿမိဳ႕ေပါင္း ၂၂ ၿမိဳ႕ ရွိၿပီး ယင္းၿမိဳ႕မ်ားထဲတြင္ ပင္လယ္ပ်ဴ အမည္ရွိ ၿမိဳ႕တၿမိဳ႕ ပါဝင္ေၾကာင္း၊

ဧရာဝတီတိုင္းတြင္ ေတြ႕ရသည့္ အဂၤပူၿမိဳ႕ေဟာင္းမွာ ပင္လယ္ပ်ဴၿမိဳ႕ ျဖစ္ႏိုင္ေၾကာင္း ယူဆေနသည္။ပ်ဴရာဇဝင္ မွတ္တမ္းေတြမွာ ပင္လယ္ပ်ဴၿမိဳ႕ဆိုၿပီး ေဖာ္ျပထားတဲ့ ၿမိဳ႕တၿမိဳ႕ ပါတယ္။

ပင္လယ္ကမ္းနားအနီးမွာ တည္တဲ့အတြက္ ပင္လယ္ပ်ဴၿမိဳ႕လို႔ ေခၚတယ္။

က်ေနာ္ကေတာ့ အဂၤပူၿမိဳ႕ေဟာင္းဟာ ပင္လယ္ပ်ဴၿမိဳ႕လို႔ ထင္မိတယ္။ ပင္လယ္ကမ္းနားမွာ တည္တဲ့ မင္းေနျပည္ေတာ္ အ႐ြယ္ရွိတဲ့ ၿမိဳ႕ႀကီးဆိုလို႔ ဒီတၿမိဳ႕ပဲ ရွိတယ္ ဟု သမိုင္းပညာရွင္ ဦးဘုန္းတင့္ေက်ာ္က ေျပာသည္။

 

ပ်ဴေခတ္အုပ္ခ်ဳပ္ပုံ၌ ရွင္ဘုရင္မ်ားသာလွ်င္ ႀကီးမားသည့္ ၿမိဳ႕ႀကီးမ်ား တည္ေဆာက္ခြင့္ရွိၾကရာ ၿမိဳ႕စား၊ နယ္စားမ်ားမွာ ဘုရင္နန္းစံသည့္ မင္းေနျပည္ေတာ္၏ ထက္ဝက္ခန႔္ (သို႔မဟုတ္) သုံးပုံတပုံခန႔္ အ႐ြယ္ အစားရွိသည့္ ၿမိဳ႕မ်ားသာ တည္ေဆာက္ခြင့္ရၾကသည္ဟု သိရသည္။

အက်ယ္အဝန္း ၈ မိုင္ ပတ္လည္ခန႔္ရွိသည့္ အဂၤပူၿမိဳ႕ေဟာင္းမွာ ျမန္မာျပည္ေအာက္ပိုင္းရွိ ပဲခူး၊ မုတၱမ၊ သထုံေဒသရွိ ၿမိဳ႕ေဟာင္းမ်ားထက္ အ႐ြယ္အစား ပိုမိုႀကီးမားေနသည့္အတြက္ ပ်ဴဘုရင္တပါးပါး ထီးနန္းစိုးစံအုပ္ခ်ဳပ္ခဲ့လိမ့္မည္ဟု အဂၤပူၿမိဳ႕ေဟာင္းကို သုေတသနျပဳခဲ့သည့္ သမိုင္းပညာရွင္အဖြဲ႕က ယူဆထားသည္။

 

 

အဂၤပူၿမိဳ႕ေဟာင္းမွာ ရခိုင္႐ိုးမကို ေနာက္ခံထား၍ ေပ ၁၀၀ ေက်ာ္ျမင့္သည့္ ေတာင္ေၾကာေပၚတြင္ တည္ေဆာက္ ထားျခင္းျဖစ္ၿပီး၊ ေစတီပုထိုးမ်ား၊ စိမ့္စမ္း ေရတြင္းမ်ား တည္ရွိရာေနရာကို

အလယ္ဗဟို ထားကာ ဘယ္ဘက္ ႏွင့္ ညာဘက္ ေတာင္ေၾကာမ်ားေပၚတြင္ ဂဝံေက်ာက္တုံးႀကီးမ်ားျဖင့္ ၿမိဳ႕႐ိုးမ်ား တည္ေဆာက္ထားသည္။

ၿမိဳ႕အေရွ႕ဘက္ မ်က္ႏွာစာတြင္ က်ယ္ျပန႔္သည့္ ေျမျပန႔္လြင္ျပင္ႏွင့္ ေက်း႐ြာမ်ား တည္ရွိသည္ကို ေတြ႕ရသည္။အဲဒီကာလမွာ ၿမိဳ႕တည္တဲ့လူေတြဟာ စနစ္က်တယ္။ ဘယ္ဘက္နဲ႔ ညာဘက္က

ေတာင္ေၾကာေတြေပၚမွာ ကင္းစခန္းေတြ တည္ထားၿပီး အလယ္မွာ အဝင္လမ္းလုပ္ထားေပးတယ္။

 

 

သူတို႔ဆီကိုလာတဲ့ ကုန္သည္ေတြ၊ သံတမန္ေတြ၊ ရန္သူေတြ ဝင္လာမယ္ဆို ဝင္ေပါက္က ေျမျပန႔္လြင္ျပင္ကလာရမယ့္ အလယ္ေပါက္တခုပဲ ရွိတာ ေတြ႕ရတယ္ ဟု အဂၤပူၿမိဳ႕ေဟာင္းကို ကြင္းဆင္းေလ့လာခဲ့သူ ဦးဘုန္းတင့္ေက်ာ္က ေျပာသည္။

အကယ္၍ ပ်ဴၿမိဳ႕သာ မွန္ပါက အက်ယ္အဝန္း ၈ မိုင္ေက်ာ္ရွိသည့္ အဂၤပူၿမိဳ႕ေဟာင္းသည္ သေရေခတၱရာ ပ်ဴၿမိဳ႕ေဟာင္းၿပီးလွ်င္ ဒုတိယအႀကီးဆုံး ပ်ဴၿမိဳ႕ျဖစ္လာႏိုင္ေၾကာင္း

သူက ဆိုသည္။ ဧရာဝတီတိုင္း၌ တူးေဖာ္ေတြ႕ရွိရသည့္ သမိုင္း အေထာက္အထားမ်ားအရ ေအဒီ ၁၄ ရာစုတြင္ ထြန္းကားခဲ့သည့္ အင္းဝေခတ္မွာ အေစာဆုံးျဖစ္ၿပီး

ယခုေတြ႕ရွိသည့္ အေထာက္အထားမ်ားသည္ ပ်ဴေခတ္ကတည္းက ျဖစ္သည္ဆိုပါက အင္းဝထက္ ႏွစ္ ၁၀၀၀ ေက်ာ္ ပို၍ ေရွးက်ႏိုင္သည့္ သေဘာျဖစ္သည္။လက္ရွိမွာ ပ်ဴေခတ္ အေထာက္အထားေတြ ေတြ႕ရွိေနရၿပီ။

 

 

ေသခ်ာစနစ္တက် တူးၾကည့္မယ္ဆိုရင္ သမိုင္းအတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ အေထာက္အထားေတြ ရလာႏိုင္တယ္ ဟု ဦးဘုန္းတင့္ေက်ာ္က ေျပာသည္။ဧရာဝတီတိုင္းတြင္ ေရွးေဟာင္းၿမိဳ႕ဟူ၍ ေျမာင္းျမ

တၿမိဳ႕သာရွိၿပီး ေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမအျဖစ္ သတ္မွတ္၍ ယဥ္ေက်းမႈဝန္ႀကီးဌာနက ထိမ္းသိမ္း ေစာင့္ေရွာက္ထားေၾကာင္း သိရသည္။

သမိုင္းတန္ဖိုး နားမလည္ၾကသည့္ လူတခ်ိဳ႕က ၿမိဳ႕ေဟာင္းမွ ဂဝံေက်ာက္တုံးမ်ား၊ အုတ္ခ်ပ္မ်ားကို ထုေခ်၍ လမ္းခင္းျခင္း၊ ဘုရားေျခေတာ္ရာ ေ႐ႊခ်ထားသည္မ်ားကို ခြာယူျခင္း၊ ေဆးကုလားမပင္ စိုက္ပ်ိဳးရန္ဟုဆိုကာ ၿမိဳ႕ေဟာင္းဧရိယာအတြင္းရွိ ေရွးေဟာင္း အေဆာက္အဦးမ်ားကို

 

 

ဖ်က္ဆီးျခင္းမ်ား ရွိေနသည့္အတြက္ အဂၤပူၿမိဳ႕ေဟာင္းကိုလည္း ေရွးေဟာင္း ယဥ္ေက်းမႈ နယ္ေျမအျဖစ္ သတ္မွတ္ၿပီး အစိုးရက စနစ္တက် ထိမ္းသိမ္း ေစာင့္ေရွာက္ေစလိုေၾကာင္း ၾကပ္ျပင္ေတာရ ဆရာေတာ္ ဦးပညာသီရိက မိန႔္ၾကားသည္။

ၿမိဳ႕ေဟာင္းကို ေရွးေဟာင္းယဥ္ေက်းမႈ နယ္ေျမအျဖစ္ သတ္မွတ္ၿပီး အစိုးရက အျမန္ဆုံး ေစာင့္ေရွာက္မွသာ အဆင္ေျပမယ္။ အခုေတာင္ ၿမိဳ႕ေဟာင္း အေနာက္ဘက္ ဆင္က်ဳံးရွိတဲ့ေနရာမွာ ေဆးကုလားမ စိုက္ဖို႔ဆိုၿပီး စီးပြားေရး သမားေတြက လာတူးလိုက္ေတာ့ ဆင္က်ဳံးပ်က္စီးသြားၿပီ။

 

ဦးပဇၩင္းလည္း တတ္ႏိုင္သေလာက္ ေစာင့္ေရွာက္ ေပမယ့္ အစိုးရမလုပ္ရင္မရတဲ့ အေျခအေန ျဖစ္ေနၿပီ ဟု ဆရာေတာ္က မိန႔္သည္။ အဂၤပူၿမိဳ႕ေဟာင္းအား ၂၀၁၃ ခုႏွစ္တြင္
ေနျပည္ေတာ္ရွိ ေရွးေဟာင္း သုေတသနဌာနမွ တာဝန္ရွိသူမ်ား လာေရာက္ စစ္ေဆး၍ မွတ္တမ္းတင္ျခင္းမ်ား ျပဳလုပ္ခဲ့ေသာ္လည္း

ယေန႔အခ်ိန္အထိ ၿမိဳ႕ေဟာင္းအျဖစ္ ထိမ္းသိမ္းေစာင့္ေရွာက္ျခင္း မရွိေသးေၾကာင္း သိရသည္။ေနျပည္ေတာ္ရွိ ေရွးေဟာင္း သုေတသနဌာနမွ အဆင့္ျမင့္ အရာရွိတဦးကမူ ဘတ္ဂ်တ္ (အသုံးစရိတ္) အရ ဒီၿမိဳ႕ေဟာင္းကို က်ေနာ္တို႔က တူးေဖာ္ဖို႔ အလွည့္ မေပးႏိုင္ေသးဘူး။

 

ေရွ႕မွာက သေရေခတၱရာ၊ ဗိႆႏိုး၊ ဟန္လင္း စသျဖင့္ေပါ့၊ ေသခ်ာေနတဲ့ ၿမိဳ႕ေဟာင္းေတြ တူးေဖာ္ေနရေတာ့ အလွည့္ မေပးႏိုင္ေသးတာပါ။ ထိန္းသိမ္း ေစာင့္ေရွာက္ဖို႔ကေတာ့ ေရွးေဟာင္းအေမြအႏွစ္ ထိမ္းသိမ္းေရး ဥပေဒအရ က်ေနာ္တို႔ လုပ္ေဆာင္သြားမွာပါဟု ဆိုသည္။

ဆရာေတာ္ ဦးပညာသီရိက ၿမိဳ႕ေဟာင္းအျဖစ္ သတ္မွတ္ရာအတြင္ အေထာက္အကူ ျပဳႏိုင္ေရးအတြက္ ေဒသခံမ်ား ေတြ႕ရွိထားသည့္ ေရွးေဟာင္းပစၥည္းမ်ားကို အလႉခံၿပီး စုေဆာင္းေနသည္။ေဒသခံေတြက လယ္ထြန္ရင္း၊

တူးဆြရင္း ေဆးတံေတြ၊ ပယင္းနားေတာင္းေတြ၊ စာေတြေရးထားတဲ့ အိုးျခမ္းကြဲေတြ ေတြ႕ၾကတာရွိတယ္။

 

 

အဲဒါေတြေတြ႕ရင္ ဦးပဇၩင္းကို လႉေပးၾကပါလို႔ ေျပာထားတယ္။ လက္ရွိေတာ့ အုတ္ခ်ပ္ ၂၀ ေလာက္နဲ႔ ေဆးတံေဟာင္းေတြ လာလႉထားလို႔ ေသခ်ာသိမ္းထားတယ္ ဟု ဆရာေတာ္က မိန႔္ၾကားသည္။

ျမန္မာႏိုင္ငံ၌ ေရွးၿမိဳ႕ေဟာင္းေပါင္း ၃၅၀ ေက်ာ္ ေတြ႕ရွိ မွတ္တမ္းတင္ထားေသာ္လည္း ေရွးေဟာင္း သုေတသနဌာနက ၿမိဳ႕ ၁၀ ၿမိဳ႕ခန႔္သာ တူးေဖာ္ထားႏိုင္ေၾကာင္း၊

ၿမိဳ႕ေဟာင္းမ်ားကို စနစ္တက် တူးေဖာ္ မွတ္တမ္းတင္ႏိုင္မွသာ ျမန္မာႏိုင္ငံ ထြန္းကားေပၚေပါက္လာပုံ သမိုင္း (Standard History) ျပဳစု ေရးသား ႏိုင္မည္ျဖစ္ေၾကာင္း သမိုင္းပညာရွင္

 

ဦးဘုန္းတင့္ေက်ာ္က ေျပာသည္။ႏိုင္ငံတခုအတြက္Standard History ဆိုတာ အေရးႀကီးပါတယ္။

အိမ္နီးခ်င္းျဖစ္တဲ့ ထိုင္းႏိုင္ငံေတာင္ Standard History ေရးၿပီးၿပီ။ က်ေနာ္တို႔ႏိုင္ငံက မေရးရေသးဘူး။ ဒါေရးမယ္ဆိုရင္ ၿမိဳ႕ေဟာင္းေတြကို စနစ္တက် တူးေဖာ္မွတ္တမ္းတင္ဖို႔ လိုတယ္။ အဂၤပူၿမိဳ႕ေဟာင္းကလည္း ျမန္မာ့သမိုင္းအတြက္ တေထာင့္တေနရာက အေထာက္အကူျပဳႏိုင္မယ္လို႔ ယုံၾကည္တယ္ ဟု သူက ေျပာသည္။

(ကိုခ်မ္းေျမ့ပိုင္) Credit

 

Unicode Version

ဧရာဝတီတိုင်းရှိ တိမ်မြုပ်နေသော မန္တလေးနန်းမြို့ထက် အရွယ်အစားပိုကြီးသည့် မြို့ဟောင်းကြီး

မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းများအကြောင်း ပြောကြလျှင် အများစုမှာ မြန်မာပြည် အလယ်ပိုင်းနှင့် အထက်ပိုင်း ဒေသရှိ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်းစသည့် ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်စာရင်းဝင် ပျူမြို့များကိုသာ ပြေးမြင်တတ်ကြသည်။

သို့သော် မြန်မာပြည်အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသဖြစ်သည့် ဧရာဝတီတိုင်း၌ မန္တလေးနန်းမြို့ထက် အရွယ်အစား ကြီးမားသည့် မြို့ဟောင်းကြီးတခု တည်ရှိနေသည်ဟုဆိုလျှင် လူအများ အံ့သြကြပါလိမ့်မည်။

ပုသိမ်မြို့မှ ပုသိမ် မုံရွာလမ်းမကြီး အတိုင်းသွားလျှင် အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့ အလွန် တောင်ဇင်းရွာ ရောက်မည်ဖြစ်သည်။ ရွာအတွင်းလမ်းအတိုင်း ၃ မိုင်ခန့် ဝငျရောကျသှားပါက

 

အကျယ်အဝန်း ၈ မိုင်ပတ်လည်ခန့် ရှည်လျားသည့် ဂဝံကျောက်များဖြင့် တည်ဆောက်ထားသော မြို့ဟောင်းကြီးကို မြင်တွေ့ရမည် ဖြစ်သည်။

မြို့ဟောင်းနေရာတွင် သီတင်းသုံးနေသည့် ကြပ်ပြင်တောရကျောင်းတိုက် ဆရာတော် ဦးပညာသီရိက ဒီမြို့ဟောင်းနေရာက လူသူမနီးတော့ အရင်တုန်းကဆိုရင် ဆရာတော်ကြီးတွေလောက်ပဲ တရားကျင့်ကြံဖို့ လာနေကြတယ်။

၂၀၀၈ ခုနှစ်မှာ ဦးပဇ္ဈင်းရဲ့ ဆရာတော်ကြီးတွေ ခိုင်းစေချက်အရ ဒီနေရာမှာ တောရဆောက်တည်ပြီး ရှေးဟောင်း သာသနိကအဆောက်အဦးတွေကိုလည်း ထိမ်းသိမ်းရင်း

တဖက်ကလည်း ပျူမြို့ဟောင်း က ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေလည်း ထိန်းသိမ်းရင်း သီတင်းသုံးခဲ့တာ အခုအချိန် အထိပဲ ဟု မိန့်ကြားသည်။

ဆရာတော် ဦးပညာသီရိက ရွာနီးချုပ်စပ်မှ ဒကာများနှင့်အတူ မြို့ဟောင်းရှိ ရှေးဟောင်းသာသနိက အဆောက် အဦးများ၏ ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းပြီး တောရဆောက်တည်ရင်း

၂၀၀၉ ခုနှစ်တွင် သမိုင်း သုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့ကို ဖိတ်ခေါ်၍ မြို့ဟောင်းကို လေ့လာစေခဲ့သည်။

 

 

သုတေသီ ဦးဘုန်းတင့်ကျော်နှင့် အဖွဲ့က မြို့ဟောင်း၌ တွေ့ရှိရသည့် အက္ခရာများ၊ အုတ်ချပ်၊ ရေတွင်း၊ အုတ်လှေကား၊ စေတီ၊ ဗုဒ္ဓရုပ်ပွားတော်နှင့် နတ်ရုပ်များကို လေ့လာ မှတ်တမ်းတင်ပြီးနောက်
လွန်ခဲ့သည့် နှစ်ပေါင်း ၂၃၀၀ ကျော်က ပျူလူမျိုးတို့ တည်ဆောက်ခဲ့သည့် မြို့ဟောင်းဖြစ်နိုင်ကြောင်း မှတ်ချက်ပြုခဲ့သည်။

 

သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က.. ဘီစီ ၃ ရာစု (ခရစ်တော် မပေါ်မီ နှစ်ပေါင်း ၃၀၀) နှင့် ဘီစီ ၆ ရာစုအကြား ထွန်းကားခဲ့သည့် ဗုဒ္ဓခေတ်နှင့် အသောက ခေတ်တို့တွင်
ဗြဟ္မီ (ဗရမ်မီ) ဟူသည့် အက္ခရာကို အသုံးပြုခဲ့ကြကြောင်း၊ အဆိုပါ ဗြဟ္မီအက္ခရာကို မြန်မာနိုင်ငံရှိ ထင်ရှားသည့် ပျူမြို့ဟောင်းများဖြစ်သည့်

 

သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း တို့တွင် တွေ့ရှိရသကဲ့သို့ အင်္ဂပူမြို့နယ်ရှိ ဂဝံမြို့ဟောင်း တွင်လည်း အခိုင်အမာ တွေ့ရှိရသည့်အတွက် ပျူမြို့ဟောင်းဖြစ်နိုင်သည်ဟု ပြောဆိုခြင်းဖြစ်ကြောင်း ရှင်းပြသည်။

ဒီမြို့ဟောင်းဟာ ဗုဒ္ဓခေတ်နဲ့ အသောကခေတ်ကြားမှာ ထွန်းကားခဲ့တယ်။ ဗုဒ္ဓခေတ်နဲ့ အသောကခေတ်က ဗြဟ္မီ လို့ခေါ်တဲ့ အက္ခရာကို သုံးတယ်။ အဲဒီအက္ခရာဟာ အသောကမင်း နတ်ရွာစံပြီး ၁ နှစ်အတွင်း သူ့အင်ပါယာကြီးလည်း ပြိုကွဲပြီးတဲ့နောက် အဲဒီအက္ခရာလည်း ကွယ်ပျောက်သွားခဲ့တယ်။

 

 

ဒါကြောင့် ဗြဟ္မီ အက္ခရာ အထောက်အထားအရ ဒီမြို့တည်တာဟာ စောရင် ဘီစီ ၆ ရာစု၊ နောက်ကျရင် ဘီစီ ၃ ရာစု ဖြစ်မယ်။ အဲဒီထက်တော့ နောက်မကျနိုင်ဘူး။
ဘာလို့လဲဆိုတော့ ဘီစီ ၃ ရာစုထက် နောက်ကျရင် ဗြဟ္မီ အက္ခရာတွေ ရစရာ မရှိတော့ဘူး ဟု သူက အထောက်အထား အကိုးအကားနှင့် ဆိုသည်။

ထို့အပြင် မြို့ဟောင်းအနောက်ဘက် လေသာတောင်ရှိ ဓမ္မိကစေတီတော်အနီး တွေ့ရသည့် ကျောက်ဆစ် နတ်ရုပ်များမှာ ပဲခူးတိုင်း ရွှေတောင်မြို့ရှိ ပျူခေတ် ရဟန္တာသိမ်မှ
နတ်ရုပ်များနှင့် လက်ရာ တထပ်တည်း တူညီနေခြင်း၊ အုတ်လှေကား များမှာလည်း ပျူလက်ရာအတိုင်း ဒေါင်လိုက် စီတန်းထားသည့် တည်ဆောက်ပုံများကြောင့်

ပျူမြို့ဟောင်းဖြစ်နိုင်ခြေ ပိုများနေကြောင်း ဦးဘုန်းတင့်ကျော်က ပြောသည်။ဒီမြို့ကြီးဟာ အနော်ရထာမင်း နန်းမတက်ခင် စတုတ္ထပုဂံခေတ် မတိုင်မီမှာဘဲ ပျက်စီးခဲ့တယ်လို့ ယူဆရတယ်။

 

အေဒီ ၁၁ ရာစု နောက်ပိုင်း စတုတ္ထပုဂံခေတ် ရာဇဝင်မှတ်တမ်းတွေ၊ မွန်တွေရဲ့ မှတ်တမ်းတွေမှာ ဒီမြို့ဟောင်းကို လုံး၀ မတွေ့ရတော့ဘူး။

အဲဒီခေတ်က မပျက်သေးဘဲ လူနေတုန်းဆိုရင် ဒီလောက်ကြီးတဲ့ မြို့ကြီးဟာ ပုဂံခေတ် မှတ်တမ်းတွေမှာ ကျိန်းသေပါရမယ်။ အခုက ရာဇဝင်တွေမှာကို ရှာမတွေ့တော့တာ ဟု
ဦးဘုန်းတင့်ကျော်က ပြောသည်။နေပြည်တော်ရှိ ရှေးဟောင်းသုတေသန ဌာန၏ အဆိုအရမူ မြေပေါ် အထောက်အထားများအရ ပျူမြို့ဖြစ်သည့် အထောက်အထား မတွေ့ရဘဲ

နှစ်ပေါင်းရာနှင့်ချီ တည်ရှိခဲ့သည့် ရှေးမြို့ဟောင်းတခု အဖြစ်သာ ယာယီ သတ်မှတ်ထားကြောင်း သိရသည်။ ကျနော်တို့ ဌာနက ၂၀၁၃ ခုနှစ်မှာ ပညာရှင်တွေစေလွှတ်ပြီး အင်္ဂပူမြို့ဟောင်းကို လေ့လာသုတေသန ပြုထားပါတယ်။

မြေပေါ် အထောက်အထားတွေ အရတော့ ပျူမြို့ဖြစ်ကြောင်း မတွေ့ရဘူး။ ဥပဒေအရ နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိရင် ရှေးဟောင်းအဖြစ် သတ်မှတ်တဲ့အတွက် ရှေးမြို့ဟောင်း တခုခုတော့ ဖြစ်နိုင်ပါတယ် ဟု ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

 

 

ပျူသမိုင်းနှင့် ပတ်သက်၍ လေ့လာနေသည့် သုတေသီ ဦးဘုန်းတင့်ကျော်ကမူ မြန်မာနိုင်ငံတွင် တကောင်းခေတ် မတိုင်မီ ဘီစီ ၃ ရာစုမှ ၆ ရာစုအတွင်း
ထွန်းကားခဲ့သည့် ပျူမြို့ပေါင်း ၂၂ မြို့ ရှိပြီး ယင်းမြို့များထဲတွင် ပင်လယ်ပျူ အမည်ရှိ မြို့တမြို့ ပါဝင်ကြောင်း၊

ဧရာဝတီတိုင်းတွင် တွေ့ရသည့် အင်္ဂပူမြို့ဟောင်းမှာ ပင်လယ်ပျူမြို့ ဖြစ်နိုင်ကြောင်း ယူဆနေသည်။ပျူရာဇဝင် မှတ်တမ်းတွေမှာ ပင်လယ်ပျူမြို့ဆိုပြီး ဖော်ပြထားတဲ့ မြို့တမြို့ ပါတယ်။
ပင်လယ်ကမ်းနားအနီးမှာ တည်တဲ့အတွက် ပင်လယ်ပျူမြို့လို့ ခေါ်တယ်။

ကျနော်ကတော့ အင်္ဂပူမြို့ဟောင်းဟာ ပင်လယ်ပျူမြို့လို့ ထင်မိတယ်။ ပင်လယ်ကမ်းနားမှာ တည်တဲ့ မင်းနေပြည်တော် အရွယ်ရှိတဲ့ မြို့ကြီးဆိုလို့ ဒီတမြို့ပဲ ရှိတယ် ဟု သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က ပြောသည်။

 

 

ပျူခေတ်အုပ်ချုပ်ပုံ၌ ရှင်ဘုရင်များသာလျှင် ကြီးမားသည့် မြို့ကြီးများ တည်ဆောက်ခွင့်ရှိကြရာ မြို့စား၊ နယ်စားများမှာ ဘုရင်နန်းစံသည့် မင်းနေပြည်တော်၏ ထက်ဝက်ခန့် (သို့မဟုတ်) သုံးပုံတပုံခန့် အရွယ် အစားရှိသည့် မြို့များသာ တည်ဆောက်ခွင့်ရကြသည်ဟု သိရသည်။

အကျယ်အဝန်း ၈ မိုင် ပတ်လည်ခန့်ရှိသည့် အင်္ဂပူမြို့ဟောင်းမှာ မြန်မာပြည်အောက်ပိုင်းရှိ ပဲခူး၊ မုတ္တမ၊ သထုံဒေသရှိ မြို့ဟောင်းများထက် အရွယ်အစား ပိုမိုကြီးမားနေသည့်အတွက် ပျူဘုရင်တပါးပါး ထီးနန်းစိုးစံအုပ်ချုပ်ခဲ့လိမ့်မည်ဟု အင်္ဂပူမြို့ဟောင်းကို သုတေသနပြုခဲ့သည့် သမိုင်းပညာရှင်အဖွဲ့က ယူဆထားသည်။

 

အင်္ဂပူမြို့ဟောင်းမှာ ရခိုင်ရိုးမကို နောက်ခံထား၍ ပေ ၁၀၀ ကျော်မြင့်သည့် တောင်ကြောပေါ်တွင် တည်ဆောက် ထားခြင်းဖြစ်ပြီး၊ စေတီပုထိုးများ၊ စိမ့်စမ်း ရေတွင်းများ တည်ရှိရာနေရာကို
အလယ်ဗဟို ထားကာ ဘယ်ဘက် နှင့် ညာဘက် တောင်ကြောများပေါ်တွင် ဂဝံကျောက်တုံးကြီးများဖြင့် မြို့ရိုးများ တည်ဆောက်ထားသည်။

မြို့အရှေ့ဘက် မျက်နှာစာတွင် ကျယ်ပြန့်သည့် မြေပြန့်လွင်ပြင်နှင့် ကျေးရွာများ တည်ရှိသည်ကို တွေ့ရသည်။အဲဒီကာလမှာ မြို့တည်တဲ့လူတွေဟာ စနစ်ကျတယ်။ ဘယ်ဘက်နဲ့ ညာဘက်က တောင်ကြောတွေပေါ်မှာ ကင်းစခန်းတွေ တည်ထားပြီး အလယ်မှာ အဝင်လမ်းလုပ်ထားပေးတယ်။

 

သူတို့ဆီကိုလာတဲ့ ကုန်သည်တွေ၊ သံတမန်တွေ၊ ရန်သူတွေ ဝင်လာမယ်ဆို ဝင်ပေါက်က မြေပြန့်လွင်ပြင်ကလာရမယ့် အလယ်ပေါက်တခုပဲ ရှိတာ တွေ့ရတယ် ဟု အင်္ဂပူမြို့ဟောင်းကို ကွင်းဆင်းလေ့လာခဲ့သူ ဦးဘုန်းတင့်ကျော်က ပြောသည်။

အကယ်၍ ပျူမြို့သာ မှန်ပါက အကျယ်အဝန်း ၈ မိုင်ကျော်ရှိသည့် အင်္ဂပူမြို့ဟောင်းသည် သရေခေတ္တရာ ပျူမြို့ဟောင်းပြီးလျှင် ဒုတိယအကြီးဆုံး ပျူမြို့ဖြစ်လာနိုင်ကြောင်း
သူက ဆိုသည်။ ဧရာဝတီတိုင်း၌ တူးဖော်တွေ့ရှိရသည့် သမိုင်း အထောက်အထားများအရ အေဒီ ၁၄ ရာစုတွင် ထွန်းကားခဲ့သည့် အင်းဝခေတ်မှာ အစောဆုံးဖြစ်ပြီး

 

ယခုတွေ့ရှိသည့် အထောက်အထားများသည် ပျူခေတ်ကတည်းက ဖြစ်သည်ဆိုပါက အင်းဝထက် နှစ် ၁၀၀၀ ကျော် ပို၍ ရှေးကျနိုင်သည့် သဘောဖြစ်သည်။လက်ရှိမှာ ပျူခေတ် အထောက်အထားတွေ တွေ့ရှိနေရပြီ။

သေချာစနစ်တကျ တူးကြည့်မယ်ဆိုရင် သမိုင်းအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အထောက်အထားတွေ ရလာနိုင်တယ် ဟု ဦးဘုန်းတင့်ကျော်က ပြောသည်။ဧရာဝတီတိုင်းတွင် ရှေးဟောင်းမြို့ဟူ၍ မြောင်းမြ တမြို့သာရှိပြီး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်၍ ယဉ်ကျေးမှုဝန်ကြီးဌာနက ထိမ်းသိမ်း စောင့်ရှောက်ထားကြောင်း သိရသည်။

သမိုင်းတန်ဖိုး နားမလည်ကြသည့် လူတချို့က မြို့ဟောင်းမှ ဂဝံကျောက်တုံးများ၊ အုတ်ချပ်များကို ထုချေ၍ လမ်းခင်းခြင်း၊ ဘုရားခြေတော်ရာ ရွှေချထားသည်များကို ခွာယူခြင်း၊ ဆေးကုလားမပင် စိုက်ပျိုးရန်ဟုဆိုကာ မြို့ဟောင်းဧရိယာအတွင်းရှိ ရှေးဟောင်း အဆောက်အဦးများကို

 

ဖျက်ဆီးခြင်းများ ရှိနေသည့်အတွက် အင်္ဂပူမြို့ဟောင်းကိုလည်း ရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီး အစိုးရက စနစ်တကျ ထိမ်းသိမ်း စောင့်ရှောက်စေလိုကြောင်း ကြပ်ပြင်တောရ ဆရာတော် ဦးပညာသီရိက မိန့်ကြားသည်။

မြို့ဟောင်းကို ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအဖြစ် သတ်မှတ်ပြီး အစိုးရက အမြန်ဆုံး စောင့်ရှောက်မှသာ အဆင်ပြေမယ်။ အခုတောင် မြို့ဟောင်း အနောက်ဘက် ဆင်ကျုံးရှိတဲ့နေရာမှာ ဆေးကုလားမ စိုက်ဖို့ဆိုပြီး စီးပွားရေး သမားတွေက လာတူးလိုက်တော့ ဆင်ကျုံးပျက်စီးသွားပြီ။

ဦးပဇ္ဈင်းလည်း တတ်နိုင်သလောက် စောင့်ရှောက် ပေမယ့် အစိုးရမလုပ်ရင်မရတဲ့ အခြေအနေ ဖြစ်နေပြီ ဟု ဆရာတော်က မိန့်သည်။ အင်္ဂပူမြို့ဟောင်းအား ၂၀၁၃ ခုနှစ်တွင်

နေပြည်တော်ရှိ ရှေးဟောင်း သုတေသနဌာနမှ တာဝန်ရှိသူများ လာရောက် စစ်ဆေး၍ မှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့သော်လည်း

ယနေ့အချိန်အထိ မြို့ဟောင်းအဖြစ် ထိမ်းသိမ်းစောင့်ရှောက်ခြင်း မရှိသေးကြောင်း သိရသည်။နေပြည်တော်ရှိ ရှေးဟောင်း သုတေသနဌာနမှ အဆင့်မြင့် အရာရှိတဦးကမူ ဘတ်ဂျတ် (အသုံးစရိတ်) အရ ဒီမြို့ဟောင်းကို ကျနော်တို့က တူးဖော်ဖို့ အလှည့် မပေးနိုင်သေးဘူး။

ရှေ့မှာက သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း စသဖြင့်ပေါ့၊ သေချာနေတဲ့ မြို့ဟောင်းတွေ တူးဖော်နေရတော့ အလှည့် မပေးနိုင်သေးတာပါ။ ထိန်းသိမ်း စောင့်ရှောက်ဖို့ကတော့ ရှေးဟောင်းအမွေအနှစ် ထိမ်းသိမ်းရေး ဥပဒေအရ ကျနော်တို့ လုပ်ဆောင်သွားမှာပါဟု ဆိုသည်။

 

 

ဆရာတော် ဦးပညာသီရိက မြို့ဟောင်းအဖြစ် သတ်မှတ်ရာအတွင် အထောက်အကူ ပြုနိုင်ရေးအတွက် ဒေသခံများ တွေ့ရှိထားသည့် ရှေးဟောင်းပစ္စည်းများကို အလှူခံပြီး စုဆောင်းနေသည်။ဒေသခံတွေက လယ်ထွန်ရင်း၊ တူးဆွရင်း ဆေးတံတွေ၊ ပယင်းနားတောင်းတွေ၊ စာတွေရေးထားတဲ့ အိုးခြမ်းကွဲတွေ တွေ့ကြတာရှိတယ်။

အဲဒါတွေတွေ့ရင် ဦးပဇ္ဈင်းကို လှူပေးကြပါလို့ ပြောထားတယ်။ လက်ရှိတော့ အုတ်ချပ် ၂၀ လောက်နဲ့ ဆေးတံဟောင်းတွေ လာလှူထားလို့ သေချာသိမ်းထားတယ် ဟု ဆရာတော်က မိန့်ကြားသည်။

မြန်မာနိုင်ငံ၌ ရှေးမြို့ဟောင်းပေါင်း ၃၅၀ ကျော် တွေ့ရှိ မှတ်တမ်းတင်ထားသော်လည်း ရှေးဟောင်း သုတေသနဌာနက မြို့ ၁၀ မြို့ခန့်သာ တူးဖော်ထားနိုင်ကြောင်း၊

မြို့ဟောင်းများကို စနစ်တကျ တူးဖော် မှတ်တမ်းတင်နိုင်မှသာ မြန်မာနိုင်ငံ ထွန်းကားပေါ်ပေါက်လာပုံ သမိုင်း (Standard History) ပြုစု ရေးသား နိုင်မည်ဖြစ်ကြောင်း သမိုင်းပညာရှင် ဦးဘုန်းတင့်ကျော်က ပြောသည်။နိုင်ငံတခုအတွက်Standard History ဆိုတာ အရေးကြီးပါတယ်။

 

အိမ်နီးချင်းဖြစ်တဲ့ ထိုင်းနိုင်ငံတောင် Standard History ရေးပြီးပြီ။ ကျနော်တို့နိုင်ငံက မရေးရသေးဘူး။ ဒါရေးမယ်ဆိုရင် မြို့ဟောင်းတွေကို စနစ်တကျ တူးဖော်မှတ်တမ်းတင်ဖို့ လိုတယ်။ အင်္ဂပူမြို့ဟောင်းကလည်း မြန်မာ့သမိုင်းအတွက် တထောင့်တနေရာက အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်တယ် ဟု သူက ပြောသည်။

(ကိုချမ်းမြေ့ပိုင်) Credit

error: Content is protected !!