ဘာျမဴဒါေဒသက အိမ္အားလုံးရဲ႕ေခါင္မိုးဟာ ဘာလို႔ အျဖဴေရာင္ျဖစ္ေနရတာလဲ

ဘာျမဴဒါေဒသက အိမ္အားလုံးရဲ႕ေခါင္မိုးဟာ ဘာလို႔ အျဖဴေရာင္ျဖစ္ေနရတာလဲ

ဘာျမဴဒါႀတိဂံနယ္ေျမဆိုတာ ဘာျမဴဒါကြၽန္း၊ ဖေလာ္ရီဒါနဲ႔ ေပၚတိုရီကိုကြၽန္းနယ္ေျမတို႔ရဲ႕ သုံးနယ္စပ္ႀတိဂံပုံစံ အဝန္းအဝိုင္းကို ေခၚပါတယ္။ အဲဒီထဲကို ေရာက္သြားတဲ့ ေလွေတြ၊ သေဘၤာေတြကေတာ့ ေပ်ာက္ခ်င္းမလွ ေပ်ာက္ကုန္တတ္ၾကပါသတဲ့။

သိပၸံသမားေတြကေတာ့ ဒါေတြက လုပ္ႀကံဇာတ္လမ္းေတြလို႔ ေျပာၾကပါတယ္။

 

 

အခု အဲဒီဘာျမဴဒါကြၽန္းေလးအေၾကာင္း ေျပာခ်င္ပါတယ္။ ဘာျမဴဒါကြၽန္းဟာ ၿဗိတိန္ပိုင္ ကမ္းလြန္နယ္ေျမတစ္ခုျဖစ္ပါတယ္။ လူဦးေရ (၆၃၀၀၀)ေက်ာ္ ရွိၿပီး၊ ေျမာက္အတၱလႏၲိတ္သမုဒၵရာထဲမွာ နာမည္ႀကီး ကြၽန္းနယ္ေျမတစ္ခုဆိုပါေတာ့။

 

အဲဒီေဒသမွာရွိတဲ့ အိမ္ေတြရဲ႕ ေခါင္မိုးေတြအားလုံးဟာ အျဖဴေရာင္ေတြ ျဖစ္ၾကပါတယ္။ ဒါကို တခ်ိဳ႕ စိတ္ဝင္စားသူေတြ ရွိၾကပါတယ္။ ဘာလို ေခါင္မိုးအျဖဴေတြပဲ သုံးၾကတာလဲဆိုၿပီးေပါ့။

 

 

ထုံးသုတ္ထားလို႔ ျဖဴတဲ့အျဖဴမ်ိဳး မဟုတ္ပါဘူး။ ဒီနယ္ေျမမွာရွိတဲ့ အိမ္ေတြဟာ သြပ္လုံးဝမသုံးဘဲ သြပ္အစား limestone လို႔ေခၚတဲ့ ထုံးေက်ာက္နဲ႔လုပ္တဲ့ အုတ္ႂကြပ္ေခါင္မိုးေတြကို သုံးၾကပါတယ္။

တျခားနယ္ေျမေတြမွာ ကိုယ့္အိမ္ကိုယ္ ကိုယ္မိုးခ်င္တဲ့အရာ မိုးလို႔ရေပမယ့္ ဒီေဒသမွာေတာ့ ေခါင္မိုးအျဖဴကလြဲၿပီး တျခားေခါင္မိုး မိုးခြင့္မရွိပါဘူးတဲ့။

 

 

ဘာလို႔ ဒီလိုျဖစ္ရတာလဲဆိုေတာ့ ကြၽန္းေနလူသားေတြအတြက္ အသက္တမွ် အေရးပါလို႔ ျဖစ္ပါတယ္။ ဘာလို႔ အေရးပါတာလဲဆိုေတာ့ ဘာျမဴဒါဟာ ပင္လယ္ေရပတ္လည္ဝိုင္းေနတဲ့ ေဒသျဖစ္သည့္အေလွ်ာက္၊ သန႔္ရွင္းတဲ့ေရခ်ိဳ ရရွိဖို႔ အလြန္အခက္အခဲ ျဖစ္ခဲ့ရပါတယ္။ ေခ်ာင္းတို႔ ေရကန္တို႔ေတာင္ မရွိပါဘူး။

 

ဒီေတာ့ ကြၽန္းေနလူသားေတြ ဘယ္လို ေျဖရွင္းၾကသလဲဆို လြန္ခဲ့တဲ့ (၁၇)ရာစုေလာက္ကတည္းက သူတို႔တစ္ေတြ ထုံးေက်ာက္နဲ႔လုပ္တဲ့ ေခါင္မိုးအျဖဴကို သုံးခဲ့ၾကတာပါ။ ဟာရီကိန္းမုန္တိုင္းဒဏ္ေတြကိုလည္း ဒီေခါင္မိုးေတြက ခံႏိုင္ရည္ရွိသလို၊ ပူတဲ့ရာသီဥတုမွာ အိမ္ကိုလည္း ေအးျမေစပါတယ္။

 

 

ေနာက္ၿပီး ဒီေခါင္မိုးအျဖဴေတြက မိုးေရစုေဆာင္းရာမွာ အကူအညီေပးပါတယ္။ ေခါင္မိုးအျဖဳကေနတစ္ဆင့္ မိုးေရဟာ ေျမေအာက္ေရေလွာင္ကန္ေတြဆီကို ေရာက္သြားၿပီး၊ ေရခ်ိဳအရင္းအျမစ္ကို တိုးပြားေစပါတယ္။ ဒီရည္႐ြယ္ခ်က္ေတြနဲ႔ ေခါင္မိုးအျဖဴေတြကို သုံးၾကတာပါ။

 

ဒါေၾကာင့္လည္း အဲဒီေဒသမွာ အိမ္ေဆာက္သူတိုင္း အိမ္ေခါင္မိုး တစ္စတုရန္းေပအက်ယ္တိုင္းမွာ ေရ(၈)ဂါလံဆန႔္ သိုေလွာင္ကန္ ပါဝင္ရမယ္ ေဒသႏၲရဥပေဒထုတ္ထားပါတယ္။

 

 

ဒီေဒသမွာေတာ့ ေခါင္မိုးအေရာင္က ထုံးေက်ာက္အမိုးကိုသာသုံးတဲ့အတြက္ နဂိုမူလအျဖဴေရာင္ျဖစ္ၾကပါတယ္။သို႔ေပမယ့္ တခ်ိဳ႕က ေခါင္မိုးကို ေဆးျခယ္တာေတြ ရွိပါသတဲ့။

 

အဓိကအားျဖင့္ေတာ့ ခရမ္းလြန္ေရာင္ျခည္ကို ကာကြယ္ဖို႔ပါ။ အျဖဴေရာင္ကလြဲၿပီး တျခား ေဆးအေရာင္ သုတ္ခြင့္မေပးဘူးလို႔လည္း သိရပါတယ္။ အဲဒီေဒသမွာ ေျမေအာက္ေရကို အဓိကစုေဆာင္းၿပီး ျပန္လည္သန႔္စင္ကာ ေသာက္ေရအျဖစ္ သုံးစြဲၾကပါတယ္။

လင္းသူရိန္

Ref ; LadBible

 

Unicode Version

ဘာမြူဒါဒေသက အိမ်အားလုံးရဲ့ခေါင်မိုးဟာ ဘာလို့ အဖြူရောင်ဖြစ်နေရတာလဲ

ဘာမြူဒါတြိဂံနယ်မြေဆိုတာ ဘာမြူဒါကျွန်း၊ ဖလော်ရီဒါနဲ့ ပေါ်တိုရီကိုကျွန်းနယ်မြေတို့ရဲ့ သုံးနယ်စပ်တြိဂံပုံစံ အဝန်းအဝိုင်းကို ခေါ်ပါတယ်။ အဲဒီထဲကို ရောက်သွားတဲ့ လှေတွေ၊ သင်္ဘောတွေကတော့ ပျောက်ချင်းမလှ ပျောက်ကုန်တတ်ကြပါသတဲ့။

 

သိပ္ပံသမားတွေကတော့ ဒါတွေက လုပ်ကြံဇာတ်လမ်းတွေလို့ ပြောကြပါတယ်။

 

 

အခု အဲဒီဘာမြူဒါကျွန်းလေးအကြောင်း ပြောချင်ပါတယ်။ ဘာမြူဒါကျွန်းဟာ ဗြိတိန်ပိုင် ကမ်းလွန်နယ်မြေတစ်ခုဖြစ်ပါတယ်။ လူဦးရေ (၆၃၀၀၀)ကျော် ရှိပြီး၊ မြောက်အတ္တလန္တိတ်သမုဒ္ဒရာထဲမှာ နာမည်ကြီး ကျွန်းနယ်မြေတစ်ခုဆိုပါတော့။

 

အဲဒီဒေသမှာရှိတဲ့ အိမ်တွေရဲ့ ခေါင်မိုးတွေအားလုံးဟာ အဖြူရောင်တွေ ဖြစ်ကြပါတယ်။ ဒါကို တချို့ စိတ်ဝင်စားသူတွေ ရှိကြပါတယ်။ ဘာလို ခေါင်မိုးအဖြူတွေပဲ သုံးကြတာလဲဆိုပြီးပေါ့။

 

 

ထုံးသုတ်ထားလို့ ဖြူတဲ့အဖြူမျိုး မဟုတ်ပါဘူး။ ဒီနယ်မြေမှာရှိတဲ့ အိမ်တွေဟာ သွပ်လုံးဝမသုံးဘဲ သွပ်အစား limestone လို့ခေါ်တဲ့ ထုံးကျောက်နဲ့လုပ်တဲ့ အုတ်ကြွပ်ခေါင်မိုးတွေကို သုံးကြပါတယ်။

တခြားနယ်မြေတွေမှာ ကိုယ့်အိမ်ကိုယ် ကိုယ်မိုးချင်တဲ့အရာ မိုးလို့ရပေမယ့် ဒီဒေသမှာတော့ ခေါင်မိုးအဖြူကလွဲပြီး တခြားခေါင်မိုး မိုးခွင့်မရှိပါဘူးတဲ့။

 

 

ဘာလို့ ဒီလိုဖြစ်ရတာလဲဆိုတော့ ကျွန်းနေလူသားတွေအတွက် အသက်တမျှ အရေးပါလို့ ဖြစ်ပါတယ်။ ဘာလို့ အရေးပါတာလဲဆိုတော့ ဘာမြူဒါဟာ ပင်လယ်ရေပတ်လည်ဝိုင်းနေတဲ့ ဒေသဖြစ်သည့်အလျှောက်၊ သန့်ရှင်းတဲ့ရေချို ရရှိဖို့ အလွန်အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ ချောင်းတို့ ရေကန်တို့တောင် မရှိပါဘူး။

 

ဒီတော့ ကျွန်းနေလူသားတွေ ဘယ်လို ဖြေရှင်းကြသလဲဆို လွန်ခဲ့တဲ့ (၁၇)ရာစုလောက်ကတည်းက သူတို့တစ်တွေ ထုံးကျောက်နဲ့လုပ်တဲ့ ခေါင်မိုးအဖြူကို သုံးခဲ့ကြတာပါ။ ဟာရီကိန်းမုန်တိုင်းဒဏ်တွေကိုလည်း ဒီခေါင်မိုးတွေက ခံနိုင်ရည်ရှိသလို၊ ပူတဲ့ရာသီဥတုမှာ အိမ်ကိုလည်း အေးမြစေပါတယ်။

 

 

နောက်ပြီး ဒီခေါင်မိုးအဖြူတွေက မိုးရေစုဆောင်းရာမှာ အကူအညီပေးပါတယ်။ ခေါင်မိုးအဖြုကနေတစ်ဆင့် မိုးရေဟာ မြေအောက်ရေလှောင်ကန်တွေဆီကို ရောက်သွားပြီး၊ ရေချိုအရင်းအမြစ်ကို တိုးပွားစေပါတယ်။ ဒီရည်ရွယ်ချက်တွေနဲ့ ခေါင်မိုးအဖြူတွေကို သုံးကြတာပါ။

ဒါကြောင့်လည်း အဲဒီဒေသမှာ အိမ်ဆောက်သူတိုင်း အိမ်ခေါင်မိုး တစ်စတုရန်းပေအကျယ်တိုင်းမှာ ရေ(၈)ဂါလံဆန့် သိုလှောင်ကန် ပါဝင်ရမယ် ဒေသန္တရဥပဒေထုတ်ထားပါတယ်။

 

 

ဒီဒေသမှာတော့ ခေါင်မိုးအရောင်က ထုံးကျောက်အမိုးကိုသာသုံးတဲ့အတွက် နဂိုမူလအဖြူရောင်ဖြစ်ကြပါတယ်။သို့ပေမယ့် တချို့က ခေါင်မိုးကို ဆေးခြယ်တာတွေ ရှိပါသတဲ့။

 

အဓိကအားဖြင့်တော့ ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ဖို့ပါ။ အဖြူရောင်ကလွဲပြီး တခြား ဆေးအရောင် သုတ်ခွင့်မပေးဘူးလို့လည်း သိရပါတယ်။ အဲဒီဒေသမှာ မြေအောက်ရေကို အဓိကစုဆောင်းပြီး ပြန်လည်သန့်စင်ကာ သောက်ရေအဖြစ် သုံးစွဲကြပါတယ်။

လင်းသူရိန်

Ref ; LadBible

error: Content is protected !!