


 

 


 

 


 

 


 

 


Credit

 

Unicode Version

EPCကတော့ မီတာခကို နားလှည့်ပါးရိုက် လာလုပ်နေပြီ

မီတာ bill ဆောင်တော့မယ်ဆိုရင်တော့ သူတို့လာပေးတဲ့ Bill စာရွက်ကို သေချာစစ်ပါခဗျာ
ဒီနေ့ ကျွန်တော်တို့အိမ်ကို မီတာခ ၂ လစာဆိုပြီး Bill စာရွက် ၂ ရွက် လာပေးတယ်။ ဒါလည်း ပြဿနာမရှိသေးဘူး။

 

 

မီတာခကို ခန့် မှန်း ပြီး bill ဖြတ်တယ် ၂လ လုံး အတူတူဘဲ (၂၅၄၂၅) ကျပ် ကျတယ်
ဒါလဲပြသနာမရှိ့သေးပါဘူး။ ပထမလ မီတာခက (၂၅၄၂၅) ကျပ် ကျတယ်
(၁၁၅၅၀) ကျပ် ကင်းလွတ်ခွင့်ပေးတဲ့အတွက် (၁၃၈၇၅) ကျပ် ဆောင်ရမယ်

 

 

ပြသနာက ဒုတိယလ bill စာရွက်မှာ စတာပါ
ပုံမှန်မီတာခက (၂၅၄၂၅) ကျပ် ကျတယ်။ (၁၁၅၅၀) ကျပ် ကင်းလွတ်ခွင့် ပေးတဲ့အတွက်မို့ ပထမလ လိုဘဲ (၁၃၈၇၅) ကျပ် ဘဲ ဆောင်ရမှာပါ

 

 

ဒါကို နားလည်ပါးရိုက်လုပ်ပြီး ပထမလရဲ့ကျသင့်ငွေကို ထည့်ပေါင်းတယ်ဆိုတာရှင်းရှင်းလင်းလင်းမရေးဘဲ ပထမလက ကုန်ကျတဲ့ အသုံးပြုခ (၁၃၈၇၅) ကျပ် နဲ့ ဒုတိယလရဲ့ အသုံးပြုခ (၁၃၈၇၅) ကျပ် ကိုပေါင်းပြီး (၂၇၇၅၀) ကျပ် ဆိုပြီး ရေးထားပါတယ်

 

 

သတိမထားမိ့ဘဲ bill စာရွက်၂ရွက်လုံးကို သွားဆောင်မိရင် ကိုယ်ဘဲနစ်နာရမှာပါ
မီတာခဆောင်မယ်ဆိုရင်တော့ ကိုယ့်အိမ်က မီတာ bill စာရွက်တွေကို သေချာစစ်ဆေးပြီးမှ သွားဆောင်ဖို့အကြံပေးချင်ပါတယ်ခဗျ။

Credit

error: Content is protected !!