အောက်တွင် Unicode ဖြင့်ဖတ်နိုင်ပါသည်။
ခင္ပြန္းျဖစ္သူအား က်န္းမာေရးအရ ေသြးလည္ပတ္မႈေကာင္းေစရန္အတြက္ ဖိနပ္အေကာင္းစားေပးစီးခဲ့ေသာ ဇနီးသည္
ဒူးရင္းသီးဆိုတာႏွင့္ အဆူးကိုေၾကာက္ရၿပီး ခနတျဖဳတ္ေလးထိမိသည္ကို အရမ္းနာက်င္လြန္းလို႔
ကိုင္တြယ္သည့္အခါ လက္အိတ္စြပ္ရၿပီး မဟုတ္လည္း ဂ႐ုတစိုက္ကိုင္တြယ္ရသည္။
သို႔ျဖစ္၍ ထိုင္ဝမ္ႏိုင္ငံမွ အိမ္ေထာင္သည္အမ်ိဳးသမီးသည္ ခင္ပြန္းအား ေသြးလည္ပတ္မႈ ေကာင္းေစရန္အတြက္
ၾကားဖူးနားဝရွိသည္မ်ားကို လက္ေတြ႕အေကာင္ထည္ ေဖာ္ေပးသည့္အေနႏွင့္ ဒူးရင္းသီး ဖိနပ္ျပဳလုပ္ေပးခဲ့သည္။
အမ်ိဳးသမီးသည္ ေဈးမွဝယ္လာေသာ ဒူးရင္းသီးအခြံကို လႊတ္မပစ္ပဲ ေဆးျဖစ္သည္ဟု ၾကားမိ၍
ခ်စ္ရေသာခင္ပြန္းသည္အတြက္ ဒူးရင္းသီးအခြံကို ဖိနပ္ပုံခုတ္ထစ္ၿပီး ႀကိဳးအလွတပ္ဆင္ၿပီး စီးေစခဲ့သည္။
အမ်ိဳးသမီး၏ ဒူးရင္းသီးဖိနပ္ကို စီးလိုက္ျခင္းျဖင့္ က်န္းမာေရး ေကာင္းမေကာင္းေတာ့
မေသခ်ာေပမယ့္ လက္ေတြ႕မွာ ေျခဖဝါးေတြေတာ့ အရမ္းနာက်င္ေနမွာ အေသအခ်ာပါ။
ခင္ပြန္းျဖစ္သူလည္း ဇနီးသည္၏ ေစတနာအျပည့္ႏွင့္ ျပဳလုပ္ထားေပးေသာ ဒူးရင္းသီးဖိနပ္အား ပုံ႐ိုက္ထားၿပီး လိုင္းေပၚတြင္ မွ်ေဝခဲ့သည္။
Credit
Unicode
ခင်ပွန်းဖြစ်သူအား ကျန်းမာရေးအရ သွေးလည်ပတ်မှုကောင်းစေရန်အတွက် ဖိနပ်အကောင်းစားပေးစီးခဲ့သော ဇနီးသည်
ဒူးရင်းသီးဆိုတာနှင့် အဆူးကိုကြောက်ရပြီး ခနတဖြုတ်လေးထိမိသည်ကို အရမ်းနာကျင်လွန်းလို့
ကိုင်တွယ်သည့်အခါ လက်အိတ်စွပ်ရပြီး မဟုတ်လည်း ဂရုတစိုက်ကိုင်တွယ်ရသည်။
သို့ဖြစ်၍ ထိုင်ဝမ်နိုင်ငံမှ အိမ်ထောင်သည်အမျိုးသမီးသည် ခင်ပွန်းအား သွေးလည်ပတ်မှု ကောင်းစေရန်အတွက်
ကြားဖူးနားဝရှိသည်များကို လက်တွေ့အကောင်ထည် ဖော်ပေးသည့်အနေနှင့် ဒူးရင်းသီး ဖိနပ်ပြုလုပ်ပေးခဲ့သည်။
အမျိုးသမီးသည် ဈေးမှဝယ်လာသော ဒူးရင်းသီးအခွံကို လွှတ်မပစ်ပဲ ဆေးဖြစ်သည်ဟု ကြားမိ၍
ချစ်ရသောခင်ပွန်းသည်အတွက် ဒူးရင်းသီးအခွံကို ဖိနပ်ပုံခုတ်ထစ်ပြီး ကြိုးအလှတပ်ဆင်ပြီး စီးစေခဲ့သည်။
အမျိုးသမီး၏ ဒူးရင်းသီးဖိနပ်ကို စီးလိုက်ခြင်းဖြင့် ကျန်းမာရေး ကောင်းမကောင်းတော့
မသေချာပေမယ့် လက်တွေ့မှာ ခြေဖဝါးတွေတော့ အရမ်းနာကျင်နေမှာ အသေအချာပါ။
ခင်ပွန်းဖြစ်သူလည်း ဇနီးသည်၏ စေတနာအပြည့်နှင့် ပြုလုပ်ထားပေးသော ဒူးရင်းသီးဖိနပ်အား ပုံရိုက်ထားပြီး လိုင်းပေါ်တွင် မျှဝေခဲ့သည်။
Credit