စစ်ကိုင်းတိုင်းတွင် Covid19 Positive လူနာ(22)ဦးထပ်မံတွေ့

COVID 19 ရောဂါပိုး Positive ၂၂ ဦး တွေ့ရှိ

အောက်တိုဘာ ၉

ယနေ့ ၉.၁၀.၂၀၂၀ ရက်နေ့ ဓာတ်ခွဲစစ်ဆေးချက်အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရေဦးမြို့နယ် ၉ ဦး၊ ဘုတလင်မြို့နယ် ၁၀ ဦး၊ ရွှေဘိုမြို့နယ် ၁ ဦးနှင့် ကောလင်းမြို့နယ် ၂ ဦး၊ စုစုပေါင်း ၂၂ ဦးတွင် COVID 19 ရောဂါပိုး Positive တွေ့ရှိရကြောင်း ကနဦးသတင်း သိရှိရပါသည်။

ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လည်ရောက်ရှိလာကြပြီး Quarantine စောင့်ကြည့်ထားသူများဖြစ်ကြောင်း သိရှိနိုင်ပါရန်နှင့် အသေးစိတ်အချက်အလက်များအား ဆက်လက်တင်ပြမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းကိုဗစ်နိုင်တီးထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီမသတင်းထုတ်ပြန်ထားပါသည်။

error: Content is protected !!